သတင်းပဒေသာ

ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ် ကမ်းဝေးကြိုးကြာ (နယူးဇီလန်) က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အလှူငွေများ ပေးပို့

စာရေးဆရာ ဒါရိုက်တာငြိမ်းသစ်မှာ အလှူငွေပေးအပ်နေသည်ကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံရယူစဉ်
———————————————–
ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ် ကမ်းဝေးကြိုးကြာ (နယူးဇီလန်) က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အလှူငွေများ ပေးပို့ 
(နယူးဇီလန်) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်အတွက် နယူးဇီလန်ရောက်
မြန်မာနိုင်ငံသား ကမ်းဝေးကြိုးကြာ စာပေအနုပညာအင်အားစုများက မြန်မာကျပ်ငွေ သုံးသိန်း ၆ ထောင်ကို ဒီလှိုင်းဂျာနယ်မှ တဆင့် ပေးပို့လှူဒါန်းခဲ့ရာ အဆိုပါငွေကို ဒီလှိုင်းဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ဆရာငြိမ်းသစ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးသို့သွားရောက်ကာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။

ကမ်းဝေးကြိုးကြာ စာပေအနုပညာအင်အားစုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၄ ရက်နေ့က နယူးဇီလန်နိုင်ငံ ဟက်မင်တန်မြို့ တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲတခုကို ကျင်းပခဲ့ကြရာ ထိုပွဲကိုတက်ရောက်လာ သူများက ဗိုလ် ချုပ်ရာပြည့်ပွဲအမှတ်တရအဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ စီစဉ်ဆောင်ရွက်နေသည့်ရွှေ့လျားစာကြည့်တိုက်သို့ အလှူ ငွေများပေးအပ်ရန် သဘောတူခဲ့ကြပြီး စုပေါင်းလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

ယခုလို ပေးပို့လှူဒါန်းခဲ့သည့်အတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ဝမ်းသာနှင့် ကျေးဇူးတင်ရှိပါ ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ကမ်းဝေးကြိုးကြာကိုယ်စား အလှူငွေ သွားရောက်လှူဒါန်းခဲ့သည့် ကဗျာဆရာ စာရေးဆရာ ဒါရိုက်တာ ငြိမ်းသစ်က ဒါနပြုသူများအား ပြန်လည်ဆက်သွယ်ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts