Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – ABSDF မြောက်ပိုင်းကျောင်းသား အရေးအခင်း စာအုပ်မိတ်ဆက်

 

 

ဟန်သစ်နိုင် – ABSDF မြောက်ပိုင်းကျောင်းသား အရေးအခင်း စာအုပ်မိတ်ဆက်

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅

 

ပန်းချီကို ထိန်လင်းမှ သူကိုယ်တွေ့ ကြုံတွေ့ခဲ့ရသော ABSDF  မြောက်ပိုင်းကျောင်းသား အရေးခင်းအကြောင်း စာအုပ်ကို သူကိုယ်တိုင် တစ်နှစ်ခန့်ရေးသားပြုစုခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရန်ကုန် HOME မီဒီယာခန်းမတွင် သူနှင့်အတူ ခံစားခဲ့ရသော အပေါင်းအဖော်များနှင့် အတူကျင်းပပြုလုပ်ခဲ့သည်။

 

မြောက်ပိုင်းကျောင်းသားအရေးခင်တွင် ပါဝင်ခဲ့သူ ပန်းချီ ကိုထိန်လင်းမှပြောပြရာတွင် ယခုရေးသားထုတ်ဝေသော ABSDF မြောက်ပိုင်းကျောင်းသား အရေးခင်းစာအုပ်သည် သမိုင်းကြွေးရှင်းသည့်စာအုပ်မဟုတ်ကြောင်း၊ ဖြစ်ပျက်ခဲ့သော ဇာတ်ကောင်များသည် တကယ်ဖြစ်ခဲ့သည်၊ ရှိခဲ့သည်များကို ပြည်သူများသိစေချင်သည့်အတွက် ရေးသားခဲ့ကြောင်း၊ ထိုစာအုပ်သည် ခံစားခဲ့ရသည့် ဒုက္ခများကို ဟာသနှော၍ ရေးသာပြုစုခဲ့ကြောင်း၊ ၄င်းစာအုပ်မျက်နှာဖုံးမှပုံများသည်လည်း ဖြစ်ရပ်များကိုအခြေခံ၍ ရေးဆွဲထားကြောင်းများပြောပြခဲ့သည်။

 

မြောက်ပိုင်းကျောင်းသားအရေးခင်းတွင် ပါဝင်ခံစာခဲ့ရပြီး ပြန်ထွက်လာသော အသက်အငယ်ဆုံး ကျောင်းသားဖြစ်သူ ကိုဘိုဘိုမှ ပြောကြားရာတွင် ABSDF (မြောက်ပိုင်း)က  ကျောင်းသားရဲဘောင်ဟောင်းများအနေနဲ့ အဓိကတောင်းဆိုချင်တာက ဒီဖြစ်စဉ်မှာ အဓိကပါဝင်ခဲ့တဲ့သူတွေဟာ  အခု ABSDF ရဲ့ ဗဟိုဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်ထမ်းဆောင်နေဆဲဆိုပါက လက်ရှိ ရာထူးကနေ နှုတ်ထွက်ကြပါ၊  ဖြုတ်ချလိုက်ကြပါ ဟူ၍ ပြောကြားခဲ့သည်။

 

 

 

ထိုစာအုပ်မိတ်ဆက်ပွဲတွင် မြောက်ပိုင်းကျောင်းသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို လူကက်ဆက် ဟုခေါ်သော သရုပ်ဖော်ပုံစံများဖြင့် ထိုအရေးခင်းမှပြန်ထွက်လာသော ရဲဘော်ကျောင်းသားများက ပီပြင်စွာပြသခဲ့သည်။သရုပ်ဖော်ရာတွင် ဖမ်းဆီးထားသော ကျောင်းသားများကို ချုပ်နှောင်ထားပြီး ထောက်လှမ်းရေးတွေဟု ပြောခိုင်းကာ အမျိုးမျိုးညှင်းပန်းနှိပ်စက် ပုံများကို သရုပ်ဖော်ပြသပြောပြခဲ့သည်။

 

 

စာအုပ်မိတ်ဆက်ပွဲကို မြောက်ပိုင်းကျောင်းသားရဲဘော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် မြောက်ပိုင်းကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သော ကျောင်းသားရဲဘော်များ၏ ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts