ကဗျာ

မင်းကောင်းချစ် – “ ကောင်းခြင်းများရှင် ဒေါင်းမင်းတရားသခင်”

မင်းကောင်းချစ်  – “ ကောင်းခြင်းများရှင် ဒေါင်းမင်းတရားသခင်”
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅

    အောင်ဆန်းဘွဲ့ ကဗျာသီ
နီပါရဲ့ သူ့ သွေး
ကြောက်မွှေးမျှင် တပင်မသန်း
သေလမ်းလဲ သူမထီ
ဒေါင်းသွေးနီ မာန်ဟုန်ပြင်း
ပြိုင်ကင်းမဲ့ အာဇာနည်
ရွှေဝါပြည် သူပုန်အချုပ်
နယ်ချဲ့ယုတ် တိုက်ထုတ်ရန်ရည်
မြန်တိုင်းပြည် မာစေကြောင်းနဲ့ 
ဒေါင်းတွန်သံ သာစေကြောင်းကွဲ့ 
မောင်းထုလို့ လာသည်
ပေါင်းစုလို့  ကြံစည်
ဂျပန်ပြည်မှာ တပ်မတော်ဖွဲ့ ။

    အောင်ဆန်းဘွဲ့ စာစီ
တည်ပါတဲ့ စိတ်ထား
တဖြောင့်သွား တရားထွဋ်ကြည်
ရွှေသားကွပ် က္ကုန္ဒနီ
စိန်စီခြယ် မြပိုးထိုက်
ရိုးဂုဏ်စရိုက် မဟာဆီ
သမဂ္ဂီကျော် အခေါင်ထိတ်
သခင်စိတ်က ငယ်ထိပ်တည်
လူ့ စိတ် ရင်းနဲ့ လူပီပီ
မှုန်သိုးသိုး ရှု့တည်တည်
မြန်မာဂုဏ်ရည်ဘွဲ့ … ဒေါင်းသခင်
ကမ္ဘာကုန်တည်မဲ့ …. ကောင်းကင် ။           ။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်သို့ ဦးညွှတ်လျှက် .. ။
( မင်းကောင်းချစ် )

Photo Archived from Than Htay Maung


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts