ကဗျာ

မန်းတင့်မော် – ချင်းသုပ်

မန်းတင့်မော် – ချင်းသုပ်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၅

ကြိုးကို မြွေဖြစ်လိုဖြစ်
မျက်လှည့်တွေက များ
ကောင်းကင်ဘားနှင့်  ကြိုးတန်းလမ်းလျှောက်
အမောဖောက်တဲ့အခါ ဖောက်
တေးသီပြန်တော့လည်း မပီ့တပီ
ဟန်ချက်မညီတဲ့ ကကြိုးတွေနှင့်
သည်လိုနှင့်
မိုးအလင်း ဇာတ်သိမ်းခန်းမှာ
အောင်ပါစေ ဆိုနိုင်ပါဦးမလား … … ကွယ်။      ။

Art – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts