Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – နိုင်ငံတကာဆပ်ကပ်ပွဲ ပထမဆုံး ကျင်းပမည်

ဟန်သစ်နိုင် – နိုင်ငံတကာဆပ်ကပ်ပွဲ ပထမဆုံး ကျင်းပမည်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၅

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာဆပ်ကပ်ပွဲတော်ကို ရန်ကုန်မြို့ တွင် ဖေဖော်ဝါရီ ၉ ၇က်မှ ၁၅ရက်ထိ ကျင်းပဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ရက်နေ့က Shangri-La ဟိုတယ်တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဆပ်ကပ်ဖျော်ဖြေမှုတွင် ဥရောပ၊ အာရှပစိဖိတ်၊ မြောက်အမေရိကတို့မှ လက်လှည့်ပညာရှင်များ၊ ပြည်တွင်း၊ နယ်မြေအရပ်ရပ်နှင့် ဇာတ်ပညာရှင်များ၊ ငယ်ရွယ်သောမြန်မာဟာသလူရွှင်တော်များ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အခက်ခဲတွေ စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့ အချိန်တွေ၊ ပတ်ဝန်းကျင်တွေမှာ တစ်စုံတစ်ရာပျော်ရွှင်မှုတွေလုပ်အပ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်ဖြစ်သော လူငယ်လူရွယ်များသည် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာ မှဖျော်ဖြေရန်ရောက်ရှိလာသော ပညာရှင်များသည် စေတနာသက်သက်ဖြင့်ရောက်ရှိလာပြီး မြန်မာပြည်မှလူငယ်များကို စိတ်ဓာတ်မြှင့်တင်ပေးရန်ဖြစ်ကြောင်း Smile Foundation မှ ဦးမျိုးဝင်းမှ ပြောသည်။

ဆက်လက်၍ “လက်လှည့်ကစားနည်းဟာ လူတွေတစ်ဦးနှင့်တစ်ဦး သည်းခံနိုင်မှု၊ ကစားနေတဲ့အချိန်မှာ လူတွေအားလုံးဟာ အတူတူပဲဖြစ်သွားတယ်၊ ကွဲပြားခြားနားမှုတွေမရှိတော့ဘူး” ဟု  ပြောသည်။

ဖေဖော်ဝါရီ ၁၁ရက် ညနေ ၆နာရီခွဲတွင် ကရဝိတ်ဥယျာဉ်၊ ကန်တော်ကြီးပန်ခြံတို့တွင်ကျင်းပမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၄ရက်တွင်မနက် ၉နာရီ မှညနေ ၃နာရီ ကရဝိတ်ဥယျာဉ်၊ ကန်တော်ကြီးပန်းခြံတို့ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက် ညနေ၆နာရီတွင်ဗန္ဓုလပန်းခြံတွင် မီးများနဲ့ကစားခြင်း အထူးဖျော်ဖြေမှုနှင့် Unplugged Stage တို့ ဖျော်ဖြေမည်။

မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာဆပ်ကပ်ပွဲတော်ကို Smile Education နှင့် Development Foundation တို့ ပူးပေါင်းစီစဉ်ပြီး လာအိုနှင့် ထိုင်းနိုင်ငံတို့တွင်လည်း အောင်မြင်စွာကျင်းပခဲ့သည်ဟုသိရသည်။ လက်လှည့်ကစားနည်းများကို ဆင်းရဲနွမ်းပါးသောကလေးငယ်များနှင့် မသန်စွမ်းအဖွဲ့များကို ပျော်ရွှင်စေနိုင်ရန် အလုပ်ရုံဆွေးနွေးများနှင့် သင်တန်းများ ကို၂၀၁၄ ဒီဇင်ဘာမှ စတင်၍ ပြုလုပ်ပေးလျှက်ရှိသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts