ကဗျာ

မင်းကောင်းချစ် – “ ကျောင်းသားဆိုတာ”

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မင်းကောင်းချစ် – “ ကျောင်းသားဆိုတာ”
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၅

    ကျောင်းသားဆိုတာ….
ဖေါက်ပြန်သူတွေလို … ပေါင်းမစားဘူး ။

    ကျောင်းသားဆိုတာ ….
ပုတ်သင်ညိုတွေလို အရောင်…. ပြောင်းမသွားဘူး ။

    ကျောင်းသားဆိုတာ ….
ဖိနှိပ်သူထံ အညံ့ခံ …. တောင်းမစားဘူး ။

    ကျောင်းသားဆိုတာ ….
တိုင်းပြည်အနာဂါတ်ကို …. ရောင်းမစားဘူး ။

    ကျောင်းသားကို မမြူဆွယ်နဲ့ 
    ကျောင်းသားဆိုတာ …. အဖြူထည် ။
    စစ်သားတွေ စစ်တန်းလျှားပြန်တဲ့တနေ့ …
    ကျောင်းသားတွေ ကျောင်းခန်းထဲပြန်ဝင်လိမ့်မယ်။
    စစ်တပ်ကအာဏာသိမ်းရင် …ကျောင်းသားက အာဏာထိမ်းလိမ့်မယ် ။
    တရားမှု့ပျောက်ရင် …. ကျောင်းသားထုရောက်လါမယ် ။
    တကယ်တော့ ကျောင်းသားဆိုတာ …. ဒေါင်းတရားထုံတဲ့ အကောင်းစားသူပုန်ကွဲ့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်းကောင်းချစ် – “ ကျောင်းသားဆိုတာ”

Comments are closed.