သူတို့အာဘော်

ဇာနီကြီး – အိမ်မြေခြံ ဈေးကြီးအောင်လုပ်သူအဖွဲ့နဲ့ ကာ/လုံ အဖွဲ့ ထိပ်တိုက်ကြဖို့

ဇာနီကြီး – အိမ်မြေခြံ  ဈေးကြီးအောင်လုပ်သူအဖွဲ့နဲ့  ကာ/လုံ အဖွဲ့  ထိပ်တိုက်ကြဖို့

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၅

အခုတလော မှန်မှန်မတွေ့ဆုံဖြစ်တဲ့ ကာ/လုံ အဖွဲ့ ဆွေးနွေးပွဲတွေ လုပ်ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ လက်ရှိမြန်မာနိုင်ငံတော်အာဏာ ကာ/လုံ အဖွဲ့ဝင်တွေ လက်ထဲပဲ ရှိပါတယ်။ 

၂၀၁၄ တုန်းက  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ) အပါအဝင် တွေ့ဆုံဆွေးနွေးပွဲကို  သမ္မတဦးသိန်းစိန်၊ ၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ စသည်တို့နဲ့ ထမင်းစားဝိုင်းကြပါတယ်။ 



အခုတွေ့နေကြတဲ့ ကာ/လုံ ဆိုတာ လူထု၊ တိုင်းရင်းသားပါတီခေါင်းဆောင်များ နေရာမှာ စစ်ဗိုလ်ဟောင်းဝန်ကြီးများ နိုင်ငံခြားရေး၊ နယ်စပ်ရေး၊ ပြည်ထဲရေး စတဲ့ဗိုလ်ချုပ်ဟောင်းများ ချည်းပါဝင်တဲ့ ကော်မတီဖြစ်ပါတယ်။



ဘာတွေဆွေးနွေးမလဲ ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ ၂ဖွဲ့တို့ပဲ ပြသနာတွေ ချပြကြမှာပါ။ လူရှေ့မြင်သာတဲ့ ပြသနာကြီးကတော့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ ပြည်သူ့လွှတ်တော်အတည်ပြုထားတာ သမ္မတဦးသိန်းစိန်အဖွဲ့ မလိုက်နာရင် ဥပဒေချိုးဖောက်တာပဲလို့ ဦးရွှေမန်းကိုယ်တိုင် သတင်းစားရှင်းလင်းပွဲ လုပ်ထားပါတယ်။ ဒီနှစ်ယောက် ရင်ကြားစေ့စပ်ခြင်း အဓိကဖြစ်မှာပါ။ နောက်တက်မဲ့ သမ္မတရာထူးကို ချိန်ရွယ်ထားသူ ဦးရွှေမန်း၊  လူရွှင်တော်ဇာဂနာပြောစကားအရဆိုရင် ဇတ်လမ်းကတော့ နောက်ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်ပစေ ၂၀၁၅ နောက်ပိုင်းမြန်မာနိုင်ငံနိုင်ငံရေးက သမ္မတဦးရွှေမန်း၊ လွှတ်တော်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုံစံကိုလုပ်ထားပေမဲ့၊ လက်ရှိ သမ္မတနဲ့ လူကြီးများကတော့ ငြိမ်နေပါတယ်။

အိမ်ခြံမြေဈေး မတရားဈေးကြီးသွားခြင်းက ဘယ်သူ့လက်ချက်လဲ။ ပြီးတော့ ဒါလောက်ဆင်းရဲမွဲတေ၊ ပျက်စီးနေတဲ့ ကယ်တင်ရှင် သမ္မတဦးသိန်းစိန်အစိုးရ လာပြီဟေ့ ..ဆိုတဲ့ မျှော်လင့်ချက်ကြီးလဲ တဝုန်းဝုန်း ပြိုဆင်းသွားပြီ ဖြစ်ပါတယ်။ စေတနာရှိပေမဲ့ အခြေအနေအရ အစိုးရအသစ်လူကြီးများဟာ ကမ္ဘာ့ချံပီယန် ဝိသမစီးပွားရေးသမားများကို မခုခံနိုင်ရှာပါဘူး။ အလုပ်အကိုင် ဖန်တီးရေးလုပ်ရင်း .. ၂၀၁၄မှာ စီးပွားရေးတွေ ရပ်တံ့သွားတယ်။ အိမ်ဖေါ်နဲ့နိုင်ငံခြားအလုပ်ကိုင်တွေ အတွက်ပဲ လူငယ်တွေ၊ ပညာတတ်တွေ ဒလဟော နိုင်ငံခြားကို ထွက်ခွာသွားကြပြန်တယ်။ အိမ်ခြံမြေပွဲစား၊ လူပွဲစား၊ အေးဂျင့်တွေပဲ လုပ်စားနေဆဲပါပဲ။
.
အိမ်ခြံမြေဈေးကွက်ကို အပိုင်စီးထားသူများက အင်အားတောင့်တင်းလာပြီ ဖြစ်တဲ့၊ POLICE ဆိုတဲ့ ရဲတပ်ဖွဲ့အင်အားသုံးပြီး၊ လက်ပတောင်းတောင်၊ ရန်ကုန်မြို့တော်ခမ်းမ တပ်သိမ်းမြေ ပြန်ရလိုမှု၊သပိတ်အဖွဲတွေကို ထိမ်းသိမ်းလိုက်ပါတယ်။ ကန်ထရိုက်တိုက်ခန်း၊ ကွန်ဒို၊ဆောက်လုပ်ရေး လုပ်စားနေတဲ့ ရန်ကုန်စည်ပင်အဖွဲ့နဲ့အိမ်မြေခြံလုပ်ငန်းအဖွဲ့တွေလည်း ဘယ်လိုဖြစ်လာမလဲ မသိပါဘူး။ လူတွေ အလုပ်လက်မဲ့ ဖြစ်နေကြပြီး အိမ်ခြံမြေ ဈေးမတရား ကြီးနေပေမဲ့ ပြည်သူလူထုကတော့ ဈေးကြီးလို့ကြီးနေမှန်းလဲ မသိပဲ ဆင်းရဲမွဲတေမှုကို ခပ်ပြုံးပြုံးပဲ စည်းခံနေပါတယ်။

တယ်လီဖုန်းတွေ ၊ မော်တော်ကားတွေ ဈေးသက်သာလာတယ် ဆိုပြီး၊ ဝိသမစီးပွားသမားတွေက တယ်လီဖုန်းပြောခ၊ အင်တာနက်အခကြေး၊ လောင်စာဆီဈေးတွေကို မြှင့်တင်ကြပါတယ်။ နိုင်ငံတော်က အခွန်မရပဲ လိုင်စင်/ပါမစ် တွေချည်း အနှစ်၃၀ မတရားစာချုပ်လုပ်ထားတဲ့ ဝိသမစီးပွားရေးသမားများကို အရေးမယူနိုင်ဖြစ်နေပါတယ်။
.
၂၀၁၄ နှစ်က ကမ္ဘာ့စီးပွားရေးမှာ ရေနံဈေးကျလို့ ရေနံလုပ်ငန်းတွေ ဖြူပြာဆိုက်နေပါတယ်။ ဈေးနှုန်း တဝက်ကျော် ၆လအတွင်း တဟုန်ထိုးကျဆင်းသွားပါတယ်။ နိုင်ငံတကာမှာ လောင်စာဆီ ဓါတ်ဆီဆိုင်များမှာ ဈေးနှုန်း ၂၀% ကျော် ကျဆင်းသွားပေမဲ့၊ မြန်မာနဲ့အိန္နိယ လက်ဝါးကြီးအုပ် ဝိသမစီးပွားသမားများက ဈေးနှုန်းမချပဲ၊ လူထုဆီက ပိုက်ဆံညှစ်ယူနေဆဲ ဆိုတာ တွေ့ရပါတယ်။ ခပ်ရှင်းရှင်းရေးရမယ်ဆိုရင် အဲဒီ နောက်ကွယ်က လက်မဲကြီး လို့ပြောနေတဲ့ ဝိသမစီးပွားရေးသမားများ အုပ်စုလိုက် သောင်းကျန်းနေတာ ကာ/လုံ အဖွဲ့လည်း မတတ်နိုင်၊ လက်မှိုင်ချနေရပါတယ်။

နောက်ကွယ်က လက်မဲကြီးများ



တရုပ်နယ်စပ် မူဆယ်၊ အေရှားဝေါအကောက်ခွန်ဂိတ်က ထရပ်ကားပေါင်း များစွာကို မိုဘိုင်းအဖွဲ့က သတင်းအရစစ်ဆေးရာမှာ ပေါက်ကွဲစေတတ်တဲ့၊ လက်နက်ထုတ်ရာမှာသုံးတဲ့ ပစ္စည်းများ တန်ချိန်ပေါင်းများစွာ ဖမ်းဆီးမိလိုက်ပါတယ်။ အရင်ကတော့ ဖမ်းဆီးမှုမရှိပေမဲ့ အခု စစ်ဗိုလ်ကိုယ်တိုင် ထုတ်သယ်လာချိန် ဖမ်းဆီးခြင်းဟာ စစ်တပ်ကလည်း၊ နယ်စပ် သွင်း/ထုတ်ကုန် လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတာ လူတိုင်းသိတဲ့စီးပွားလုပ်ငန်းဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်အားလုံးလဲ နယ်စပ် သွင်း/ထုတ် အရောင်းအဝယ်လုပ်ငန်းက အခွန်ကောက်ငွေနဲ့ပဲ ရပ်တည်ရပါတယ်။ တချို့ဆို ပိုဆိုးတဲ့ ဘိန်း၊ မူးရစ်ဆေးဝါးကို အကြီးကျယ်လုပ်ကိုင်ရင်း မြန်မာတိုင်းရင်းသားများ ဘိန်း၊မူးရစ်စွဲပြီး ဘဝပျက်ကြပါတယ်။ ဥပဒေ စိုးမိုးတဲ့ နိုင်ငံကြီးများကို မပြောနဲ့၊ ထိုင်း၊ တရုပ်နိုင်ငံများမှာ သွင်း/ထုတ်ကုန် လုပ်ငန်းနဲ့ ဘိန်း၊ မူးရစ်ဆေးလုပ်ငန်းများမှာ ဥပဒေနဲ့ပြတ်သားစွာ သေဒဏ်ချမှတ်၊ အရေးယူ၊ ပိုင်ဆိုင်မှု သိမ်းဆည်းပါတယ်။



 မြန်မာနိုင်ငံက အေရှားဝေါ ဆိုတာ တခါက ဘိန်းဘုရင် လောစစ်ဟန်တည်ထောင်ခဲ့ပြီး၊ သူတို့ ဝိသမစီးပွားရေး မိသားစုတွေပဲ ဆက်လက်လုပ်ကိုင်နေပါတယ်။ နာမည်အတိတ် မကောင်းခဲ့တဲ့ ဝိသမစီးပွားရေးသမားများ ကုမ္ပဏီမျိုးကို မြန်မာပြည်မှာ မရှိသင့်တော့ပါဘူး။ ထိန်းချုပ်ရမဲ့ ဝိသမစီးပွားရေးသမားများကို မြန်မာလက်ရှိ ကာ/လုံ အဖွဲ့က ပြက်သားစွာ အရေးမယူနိုင်ရင်တော့ ကာ/လုံအဖွဲ့ကို နောက်ကွယ်က လက်မဲကြီးများက ငွေပေးပြီး၊ စစ်တပ်ခေါင်းဆောင်သစ်များပူးပေါင်း အချုပ်အချာအာဏာကို သိမ်းသွားရင်၊ တိုင်းပြည်လူထု ဆင်းရဲမွဲတေမှုဟာ ဖိလစ်ပိုင်နိုင်ငံပုံစံ ဝိသမစီးပွားရေးသမားများပဲ ကြီးစိုးသွားနိုင်ပါတယ်။



ဒါကြောင့် နောက်ကွယ်လက်မဲတွေကို ပြက်သားစွာ အရေးယူဖို့၊ ကာ/လုံး အဖွဲ့ဝင်လူကြီးများ ပြည်သူလူထုမျက်နှာပဲ ကြည့်သင့်ပါတယ်။

သူဌေးကြီးများ အကြောင်း



ငွေကြေးချမ်းသာတိုင်း နောက်ကွယ်က လက်မဲကြီးမဟုတ်ပါဘူး။ ယူရေနီယံ ဓာတ်သတ္တု အများအပြား ပါဝင်တဲ့ ကျောက်တချို့ကို သူတွေ့ထားတယ်လို့ ဦးတေဇက ပြောပါတယ်။ – Air Bagan လေကြောင်းလိုင်း သစ်ထုတ်လုပ်ခွင့် သစ်၊ ပဲ နဲ့ ဆန်ကို အဓိက တင်ပို့တဲ့ ပို့ကုန် လုပ်ငန်းတွေ စားအုန်းဆီ လုပ်ခွင့် ကျောက်စိမ်း ပုပ္ပားတောင် ဥယျာဉ် ရန်ကုန် လှော်ကား ဥယျာဉ် ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီး ဥယျာဉ် ပုပ္ပားတောင် ဥယျာဉ် ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီး ဥယျာဉ် AGD ဘဏ်ရဲ့ တန်ကြေးများ။ …. ဦးတေဇ အနေနဲ့ လူအများက သူ့ကို လူကောင်းအဖြစ် မြင်စေချင်တယ် ဆိုရင် (၁) အရင်ဆုံး ကိုယ့် ပိုင်ဆိုင်မှု၊ ကိုယ့် ဝင်ငွေနဲ့ ကိုက်ညီတဲ့ အခွန်ဆောင် လိုက်ပါ (၂) တန်ရာ တန်ကြေးနဲ့ မဟုတ်ဘဲ ရထားတဲ့ လုပ်ငန်းတွေကို ပြည်သူ့လက် ပြန်အပ်လိုက်ပါ။
.
အရင်အစိုးရ လက်ထက်က ခရိုနီကြီးတွေ ဖြစ်တဲ့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးနေအောင် (ဦးအောင်သောင်း သား)၊ ဦးချစ်ခိုင်၊ ဦးဝင်း မြင့် (လက်ရှိ ပြည်ထောင်စုဝန်ကြီး)၊ ဦးဝင်းအောင်(ဒဂုံ)၊ ဦးတင့်ဆန်း (လက်ရှိ ဖြိုးကိုကိုတင့်ဆန်း ဦးစီးနေ)တို့ အပါအဝင်၊ အရက်နဲ့ ဘီလျံနာ ဖြစ်လာတဲ့ IBTC ဦးအောင်မိုးကျော် လိုမျိုး ခရိုနီလုပ်ငန်းရှင် – ဦးတေဇနဲ့ ဦးအောင်ကိုဝင်းတို့ ဆိုရင် ပိုင်ဆိုင်မှုချင်း သိပ် မကွာပါဘူး။ ဦးအောင်ကိုဝင်းကတော့ ဘဏ် တစ်ခုတည်းအတွက် ကျပ် ၈၄ ဘီ လျံကျော်၊ အခြား အခွန်ဆောင်မှုနဲ့ဆို ကျပ်ဘီလျံ ၁ဝဝ ကျော်အထိ ဆောင်ထားတယ်လို့ ပြောပါတယ်။ ဒါဆို သိပ်မကွာတဲ့ ဦးတေဇရော ဘယ်လောက် ဆောင်ထားသလဲ။ ရွှေသံလွင် ဦးကျော်ဝင်း၊ ဒိုင်းမွန်းစတား ဒေါက်တာ ကိုကိုကြီး၊ စီဘီဘဏ် ဦးခင်မောင်အေး၊ ရွှေတောင် ဦးအောင်ဇော်နိုင်အပါအဝင် လုပ်ငန်းရှင်ကြီး အချို့..။

အုပ်ချုပ်သူ အဆက်ဆက်က လူတွေလည်း မသိချင်ယောင်ဆောင်နေလို့ မရပါဘူး။ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းကအစ လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေ အဆုံး မိမိတို့ သားသမီးတွေ ဆွေမျိုးတွေလည်း ကိုယ်ပိုင်တဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ၊ ကိုယ်ပိုင်ဆိုင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးတွေနဲ့ ထိုက်တန်တဲ့ အခွန် ဆောင်ပြီးပြီလား။ -များများ ဆောင်စရာ မလိုပါဘူး။ နိုင်ငံတကာမှာတော့ အမြတ်ငွေရဲ ၃၅% ၊ နှစ်စဉ်အခွန်ဆောင်ရပါတယ်။  လက်ရှိ မြန်မာ့ သူဌေးများ၊ မိမိတို့ လက်ရှိ ပိုင်ဆိုင်မှု အဝဝရဲ့ ကာလပေါက်ဈေး စုစုပေါင်းရဲ့ ၁ဝ ရာခိုင်နှုန်းပဲ ဆောင်ပါ။ မျှတတယ်လို့ အားလုံး ယူဆကြပါလိမ့်မယ်။ ကိုယ့်ပိုင်ဆိုင်မှု ကိုယ်သိပေမဲ့ စနစ်တကျ ပိုင်ဆိုင်မှု ရာဖြတ်လုပ်ပေးတဲ့ အဖွဲ့အစည်းက ကူညီရာဖြတ်ပေးနိုင်ပါတယ်။



ဒါဆိုရင် အိမ်ခြံမြေဈေးတွေ ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေလည်း အနည်းဆုံး ထိုင်းနိုင်ငံဈေးနှုန်း ကျဆင်းလာမှာပါ။ အစိုးရအရာရှိကြီးများ တောင်ကိုးရီးယား၊ ဗီယက်နမ်နိုင်ငံများကို လနဲ့ချီသွားရောက် လေ့လာခဲ့ကြပေမဲ့ ဘာမှ အတုမယူပဲ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ လုပ်ကြတော့ အခု အိမ်ခြံမြေနဲ့ကုန်ဈေးနှုန်းတွေပဲ ကြီးလာတယ်။ ဆင်းရဲချမ်းသာ အရမ်းကွာခြားလာတယ်။ ဗီယက်နမ်နိုင်ငံလို အလုပ်ကိုင်များ ပေါများလာခြင်းမရှိတော့ လူတွေ ပိုပြီးဆင်းရဲမွဲတေလာပါတယ်။ ကိုယ့်နိုင်ငံက ထွက်တဲ့ သားငါး၊ သီးနှံကောင်းများကို နိုင်ငံခြားပဲ လက်သိပ်ထိုးရောင်းချပြီး၊ နိုင်ငံသားများကတော့ ပိန်ချိနေတဲ့ အဟာရချို့တဲ့နေသူများ ဖြစ်နေပါတယ်။ အရက်နဲ့စီးကရက် စက်ရုံတွေပဲ များစွာဖြစ်ပေါ်လာပြီး၊ ထိုင်းနိုင်ငံက စားသောက်ကုန်၊ နွားနို့စက်ရုံများ လာရောက်ရင်းနှီးမြှတ်နှံဖို့ကိုတော့ ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။

လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေးအခက်ခဲများ



သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တို့ကတော့ ကာ/လုံ ဆွေးနွေးပွဲမှာ အာဏာခွဲဝေရေး ဖြေရှင်းနိုင်မှာပါ။ တိုင်းရင်းသားလက်နက်ကိုင်များ အရေးအခင်းမှာ လက်ရှိ ကချင်ပြည်နယ်အရေးအခင်းက ရှုပ်ထွေးပါတယ်။ သယံဇာတနဲ့ သွင်း/ထုတ်ကုန် ဝိသမစီးပွားရေးများလဲ ပါဝင်နေပါတယ်။  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ကို ကတိက၀တ်ပြု လက်မှတ်ထိုးရန် တောင်းဆိုချက် အစိုးရလက်ခံပါက ကေအိုင်အေအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မဲ့ အရေးခင်းများ ဖြစ်ပါတယ်။
.
အမျိုးသားပညာရေး ဥပဒေ ကျောင်းသားသပိတ် ဖြစ်ပေါ်လာပြီး၊ ကျောင်းသားများကို ခွက်ဒေါင်းအလံများနဲ့ ချီတက်လာကြပါတယ်။ ကျောင်းသားခေါင်းဆောင်များကို နေပြည်တော်မှာ ခေါ်ယူဆွေးနွေးခြင်းဟာ ကောင်းမွန်တဲ့ ဖြေရှင်းနည်းလမ်းပါ။ ဒါပေမဲ့ ကျောင်းသားများက အတိုက်အခံပါတီ၊ ခွပ်ဒေါင်းအလံအောက် မရောက်ပဲ၊ နောက်ကွယ်က လက်မဲများရဲ့ ပေးကမ်းကူညီမှုအောက် ရောက်သွားမှာ စိုးရိမ်ရပါတယ်။


.
နောက်ဆုံးကောက်နုတ်ချက်



လူကြီးတွေ အဝေမတဲ့တိုင်း လူငယ်တွေပဲ၊ ခံနေရတယ် ..ဆိုတဲ့စကားအတိုင်းပါ။ တိုင်းပြည်အင်အားဟာ လူငယ်များလက်ထဲမှာပဲ ရှိပါတယ်။ လူကြီးတွေ မတည့်တော့၊ အာဏာရသူက စစ်အာဏာရှင်စနစ်နဲ့ အာဏာမဲ့သူကလဲ လက်နက်ကိုင်တိုက်ပွဲတွေ၊ အတိုက်အခံတွေကိုလည်း ထောင်သွင်းချတဲ့ စနစ်က၊ အခုလုပ်နေတဲ့ တွေ့ဆုံဖြေရှင်းနည်းကပဲ အကောင်းဆုံး ပြသနာဖြေရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ကွယ်က လက်မဲကြီးဆိုတဲ့ ဝိသမစီးပွားရေးသမားတွေကို ရပ်တံ့သွားအောင် လက်ရှိ ကာ/လုံ စည်းဝေးများက ဘယ်လိုပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မလဲ။ 



လူထုကတော့ ခပ်ထုံထုံပဲ ဖြစ်ပါတယ်။ ဆွပေးလိုက်ရင် လိုက်လုပ်တတ်တဲ့ လူထုအကြောင်းကို ဘာသာရေးအဓိကရုန်း လုပ်ပေးသူ ၊ နောက်ကွယ်က ဝိသမစီးပွားရေးသမားများ၊ နိုင်ငံရေးသမားများ လုပ်နေကြဖြစ်ပါတယ်။ အထူးသဖြင့် စစ်တပ်ခေါင်းဆောင်တွေလည်း ငွေရှင်ဖြစ်တဲ့ ဝိသမလက်မဲကြီးများအရိပ်အောက် ဘယ်နှစ်ယောက် မရောက်ခင် ကယ်တင်ရပါမယ်။

ရှင်းရှင်းရေးရရင် စစ်အာဏာရှင်ဟောင်း ဦးနေဝင်းလဲ မြန်မာပြည်ကိုပိုပြီးတိုးတက်အောင် စစ်အာဏာသိမ်း၊ မြန်မာ့ဆိုရှယ်လစ်စနစ် လုပ်ခဲ့ပေမဲ့ အနှစ်၂၀ကျော်လောက် ကြိုးစားချိန်မှာ မှားပြီသိရတယ်။ ဒါလဲအမှားကို မဝန်ခံပါဘူး။ နောက်တက်လာတဲ့ ဦးသန်းရွှေ စစ်အာဏာရှင် အစိုးရလဲ  မွဲတေသွားတဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ခဲ့ပြန်တယ်။ အနှစ်၂၀လောက် ကြာတော့ ဘေးနားက တရုပ်နိုင်ငံကြီးပဲ ကမ္ဘာ့ထိပ်တန်းရောက်သွားပြီး၊ မြန်မာလူမျိုးများကတော့ မွဲတေရုံမက၊ နိုင်ငံခြားတွေကို ကျွန်အလုပ်သမားပုံစံ အလုပ်သွားလုပ်ရရှာတယ်။ နိုင်ငံလဲ ဆင်းရဲတာထက်ဆိုးတဲ့ အကျင့်ပျက်နိုင်ငံ ဖြစ်သွားရတယ်။ အခု ဦးသိန်းစိန် အစိုးရသစ် လဲ ကိုယ့်အိတ်ထဲပဲ ထည့်တဲ့၊ အခွန်ကောက်စနစ်၊ ဘတ်ဂျတ်သုံးစနစ် တွေကို မပြုပြင်နိုင်ရှာပါဘူး။ ပြတ်သားစွာ အရေးမယူနိုင်ပါဘူး။  အရင်တုန်းက တစ်ယောက်ထဲ စိတ်ကြိုက်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကနေ အခု ကာ/လုံ စနစ်နဲ့ အစားထိုးပါတယ်။ လွှတ်တော်အဖွဲ့က ၆ပွင့်ဆိုင် ဆွေးနွေးဖို့ ဆုံးဖြတ်ပါတယ်။ အခု ကာလုံ အဖွဲ့က ဘယ်လိုဆုံးဖြတ်မှာလဲ။ ဆင်းရဲမွဲတေနေတဲ့ လူမမာ မြန်မာနိုင်ငံကြီး အကြွေးတွေကြားထဲက လွတ်မြောက်ဖို့ ပညာရှင်များ၊၊ လူမှန်နေရာမှန် ရောက်ဖို့ကတော့ ဝိသမအုပ်စုကို ပြတ်သားစွာ အရေးယူဖို့ပဲ ဖြစ်ပါတယ်။  ဝိသမအုပ်စုကို ဇက်ပိုးရိုက်၊ အုပ်ချုပ်နိုင်မဲ့ ခေါင်းဆောင်ကောင်းတွေ ကာ/လုံအဖွဲ့က ရဲဝံ့စွာ ဆုံးဖြတ်၊ လုပ်ကိုင်ဖို မျှော်လင့်ပါတယ်။

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts