Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – ကလေးကဗျာသစ်

မောင်စွမ်းရည် – ကလေးကဗျာသစ်
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၅

နေမင်းညိုရင် ဟိုတိုင်ခေါင်းက

မိုးရေတောင်းတဲ့ ကိုဟ၀ါ။

ပိန်းလှရွက်လို သူ့အသားက

ပြောက်တောက်ကျားတား ၀ါတာတာ။

တောက်တဲ့ဆိုတာ သူမဟုတ်လားကွဲ့

တို့အိမ်နားလဲ တကောင်ပါ ။ ။ (မင်းသုဝဏ်)

ပေါက်ဖော်ကြီးတွေ အလှမွေးဖို့

ဗမာလေးတွေ ဖမ်းကြရှာ။

ဘော်ဒါကျော်က ဒေါ်လာရဖို့

ဖမ်းကြ ပို့ကြ တို့ဗမာ။

တယောက်တကောင် တရက်ရောင်းရင်

ရက်တသောင်းဆို မျိုးပြုတ်မှာ။

တောက်တဲ့ပြုတ်ရင် ပုတ်သင်မျိုးပေါ့

မစိုးရိမ်နဲ့ လာတော့မှာ။

ခေါင်းညိတ်တတ်ကာ အရောင်ပြောင်းသတဲ့

ရောင်းလို့ကောင်းမယ့် ၎င်းသတ္တ၀ါ။

ရောင်းပါ၊ ကောင်းမှာ။    ။

၂၀၁၁ မတ် ၁၇

သရုပ်ဖော် အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts