မှတ်စုမှတ်တမ်း

မိုးမခ – ဗိုလ်ရှုသဘင်နှင့် ဗမာ့ကြွေးကြော်သံ

မိုးမခ – ဗိုလ်ရှုသဘင်နှင့် ဗမာ့ကြွေးကြော်သံ
ဇန်နဝါရီ ၀၄၊ ၂၀၁၅

(၆၇) နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ စစ်တပ်အပေါ်ကို အာဏာမတည်၊ စစ်တပ်အကျိုးစီးပွားကို နည်းနည်းမျှ မတို့ မထိနိုင်တဲ့ (၂၀၀၈) စစ်ဖွဲ့စည်းပုံအောက်က စစ်ဝတ်စုံချွတ် ချိတ်ထဘီဝတ် ဗိုလ်ချုပ်ဟောင်းသမ္မတက ပြည်သူ့ဘဏ္ဍာ ကုဋေချီ အကုန်အကျခံပြီး လက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ ချီတက်အလေးပြု ဗိုလ်ရှုခံနေလေရဲ့။  ပြည်သူက ရွေးချယ်တင်မြောက်သည့် ဒီမိုကရေစီစနစ် အရပ်သား သမ္မတ သည် စစ်တပ်၏အထက်မှာရှိ ပြည်သူ့အာဏာကို ရယူလုပ်ပိုင်ခွင့်ရှိသည်မို့ ဗိုလ်ရှုခံရခြင်းသည် ဒီမိုကရေစီတိုင်းပြည်အတွက် လိုလား အပ်တာမှန်ပေသည့်၊ အခုလို စစ်တပ်က နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အရာရာ လွှမ်းမိုး ဗိုလ်ကျနေနိုင်ခွင့်ရှိနေဆဲ စစ်အခြေခံဥပဒေ တုန့်နှောင်မှုအောက်က ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဖားတပိုင်းငါးတပိုင်း အစိုးရအဖွဲ့ အခြေအနေမျိုးနဲ့ မဖြစ်သေးပါ။  ဗိုလ်ရှုခံချင်ရင် (၂၀၀၈) နာဂစ် ဖွဲ့စည်းပုံကို အရင်ပြင်ကြရန် မိုးမခကတိုက်တွန်းလိုပါသည်။

လက်ရှိအခြေအနေကတော့  “..အဆံမပါ.. အသံသာ.. မြည်ဖောက်တဲ့.. သင်္ကြန်.. အမြောက်နဲ့.. ပမာညီ.. ဟန်လောက်သာ.. မြည်ဟိန်း.. သည်ကိန်းမျိုးနဲ့..အကျိုးမဲ့.. ဖြစ်မှာ.. သေချာပါဘိလေ..” ဆိုပြီး ဂီတစာဆို ရန်နိုင်ဆွေ ရှေးနှစ်များချီ ပဝေသဏီက သတိပေးခဲ့သလိုပဲ ဖြစ် နေဦးမည်။  ပြည်သူ့ဘဏ္ဍာ ကုဋေချီသာ အလဟဿ ဖြုန်းတီးသလိုသာ ဖြစ်နေပါမည်။

ဒို့ပိုင်နက်မြေ.. ဒို့ပိုင်နက်မြေများ စစ်တပ်နှင့် ဦးပိုင်မြေ မဖြစ်
ဒို့တတွေ.. (လူအများ).. ခံစား.. စံစားနိုင်ပါစေ..။

လွတ်လပ်ရေးရဲ့အရသာ ပြည်သူအများ အမှန်တကယ်ခံစားနိုင်မည့် စစ်ကျွန်ဘဝ လွတ်မြောက်ရေးကို မျှော်ရည်လျက်…။

××××××

ဗိုလ်ရှုသဘင်
တေးရေး – ဂီတာ တင်အုန်း
တေးဆို – မြသက်မူ
(မူရင်း မြန်မာ့အသံ ရေဒီယို ဗားရှင်း)


××××××

 

ဗမာ့ကြွေးကြော်သံ (Three Versions)
တေးရေး – ရန်နိုင်ဆွေ
မူရင်း အဆိုရှင် – မေလှမြိုင်
ပြန်ဆို – ခင်ညွန့်ရီ ၊ မြင့်မြင့်ကြည် (ယဉ်ကျေးမှု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts