နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၁)
(သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၄၊ ၂၀၁၅
ကလေးတို့ရေ…။ကျောင်းပိတ်ရက်..ခြေညောင်းလက်ဆန့်ကြစို့..။ဘယ်ကို ဆန့်ကြမလဲ..။အခုခေတ်စားနေတဲ့ ..အေဒီသုံးရာစု လေးရာစု ဆီကိုပေါ့…။အိုး..ကလေးတို့က ဝေးတယ်ထင်တယ်လား..။လာပါကွာ…။ကာလယန္တရားအရ အလှမ်းဝေးတယ်ဆိုပေမဲ့ ..အဲဒီမှာ…တို့ ဘိုးဘေးတွေရဲ့  အငွေ့အသက်ယဉ်ကျေးမှုတွေ ရှိတယ်….။
မြေလတ်ဒေသ ပြည်မြို့ နဲ့  ၅မိုင်အကွာကို ရောက်ပြီ..။အဲသမှာ…ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ ဟောင်း…လို့ ရေးထိုးထားတဲ့  ကျောက်သားတိုင်ကြီးက… ကံကောင်းလေစွ.. ကံကောင်းလေစွလို့ ..လေပြေအေးအေးထဲမှာ..တေးဆိုညည်းနေတယ်..။. လက်ဝဲဘက်ခပ်လှမ်းလှမ်းမှာ နေရောင်နွေးနွေးအောက်က ညိုရင့်ရင့် မြို့ ရိုးဟောင်းကြီးတွေ…။ကလေးတို့ရေ..ဟိုမှာ သရေခေတ္တရာ ပျူမြို့ ဟောင်းရဲ့  လမ်းညွှန်မြေပုံကလေး…။သွားကြည့်ကြစို့..။
့
ဟော….တို့ရောက်နေတဲ့  နေရာက သရေခေတ္တရာမြို့ ဟောင်းထဲကို ၀င်တဲ့  မြို့ တံခါး(၉)ခုရှိတဲ့ အထဲက…လုလင်ကျော်တံခါးပေါက်တဲ့ ..။လုလင်ကျော်…ဆိုတဲ့  နံမယ်ကို ကလေးတို့ သဘောကျကြတယ်..။ဒီမှာ…လုလင်ကျော်တံခါးအကြောင်းရှင်းပြထားတဲ့  စာတမ်းလေး..ကလေးတို့ဖတ်ကြည့်ကြပါဦး..။
ဟိုးရှေးရှေး…ပျူတွေရဲ့  မြို့ ရိုးတွေက မြို့ ဝင်ပေါက်တွေဟာ….ရန်သူအလွယ်တကူ မ၀င်နိုင်အောင်..အ၀ခပ်ကျယ်ကျယ် အတွင်းပိုင်းခပ်ကျဉ်းကျဉ်းပုံစံ..တည်ဆောက်ထားတတ်ကြတယ်တဲ့ ….။ခုလုလင်ကျော်တံခါးမှာလည်း ဒီပုံစံအတိုင်း တည်ဆောက်ထားသလို..မြို့ ရိုးရှေ့ မှာ ကွေ့ဝိုက်နေတဲ့  ရင်း တားကို ၀င်ပေါက်သုံးပေါက်နဲ့ ထပ်ကာထားသေးသတဲ့ ..။
မြို့ ရိုးနံရံက အုတ်ချပ်ကြီးတွေဆို ယောက်ျားကြီးတယောက်ရဲ့  လက်တတောင်လောက် အလျားရှိတယ်နော်..။တချို့ အုတ်ချပ်တွေကတော့ နောက်မှထပ်ဖြည့် ပြီး ထိန်းသိမ်းထားရတဲ့  အုတ်ချပ်တွေလဲ ပါပုံရတယ်..။
ဟော…မြို့ ရိုးဟောင်းကြီးတွေမှာ မှီထောင်ထားတဲ့  စက်ဘီးကလေးတချို့ နဲ့  မြို့ ရိုးဘောင်ပေါ်က လက်ဆွဲခြင်းကလေး တလုံး..။ဒါကတော့ ပျူယဉ်ကျေးမှု ပစ္စည်းတွေ မဟုတ်ဘူးနော်..။
ပျူယဉ်ကျေးမှုတွေကို ပြန်လည်တူးဖော်နေတဲ့  အလုပ်သမားတွေရဲ့  စက်ဘီးကလေးတွေ..ကိုး..။သူတို့က မနက်(၇)နာရီကနေ ညနေ (၄)နာရီအထိ အလုပ်လုပ်ကြရတာတဲ့ ..။အခု ထမင်းစားဖြုတ်ချိန်မို့ စကားသွားပြောကြည့်ရအောင်နော်..။
အလုပ်သမားတွေက အမျိုးသမီးတွေရော..အမျိုးသားတွေရောပဲ..။သူတို့တွေ မြေတွေတူးကြရတယ်..။ဘာတွေတွေ့ လဲ ဆိုတော့..အုတ်ခဲတွေတွေ့ တယ်တဲ့ ..။ဒါပေမဲ့ ..အုတ်ခဲတွေမို့ ပေါ့ပေါ့ဆဆ မထင်လေနဲ့ နော်…။ဒါတွေဟာ သမိုင်းအထောက်အထားတွေ အများကြီးပေးမဲ့  သမိုင်းစကားတွေ အများကြီးပြောပြမဲ့  အုတ်ခဲတွေ..။သူတို့တွေလဲ..ကြမ်းကြမ်းတမ်းတမ်း မတူးကြဘူး..။ရှေးယဉ်ကျေးမှု အထောက်အထားတွေမို့ မပျောက်ပျက်အောင် သေသေချာချာ ဂရုစိုက်ရသတဲ့ ..။စိတ်ဝင်စားလို့…သူတို့ လုပ်အားခကို မေးကြည့်မိတယ်..။တနေ့ကို အမျိုးသမီးက လုပ်ခ(၂၅၀၀)ကျပ်ရပြီး အမျိုးသားက (၃၀၀၀)ကျပ် ရသတဲ့ ..။လုပ်ရတဲ့  အလုပ်က ကွာဟချက်ရှိလို့လား..ဆိုတော့..အလုပ်သမတယောက်က မရှိပါဘူး..တူတူပဲ လုပ်ရတာပါ..။ကျမတို့ အမျိုးသမီးတွေက ပိုတောင် အနုစိတ်တဲ့  အလုပ်တွေ လုပ်ရပါသေးသတဲ့ ..။ပန်ထွာဧကရီသိရင် ဘာများ ပြောမလဲမသိဘူးနော်..။ကဲ…ရှေ့ မှာ ရဟန္တာဂူဘုရားနဲ့  ရဟန္တာကန်ရယ်..။ပျူသချိုင်းဟောင်းတွေရယ် သွားကြည့်ကြဦးစို့..။