ရန်နောင်(ဗိုလ်တထောင်) – (၃၉ ) ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၄
ကာတွန်းဆရာကြီးများအား နှစ်စဉ်ပြုလုပ်နေကျ ပူဇော်ကန်တော့ပွဲ ကို (၃၉) ကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အောက်လမ်းရှိ ဟုမ်းမီဒီယာ ခန်းမ တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၁၀) နာရီ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အကန်တော့ခံ ကာတွန်းဆရာကြီးများ နှင့် ပရိသတ်အားမိတ်ဆက်ပေးပြီး တက်ရောက်လာသော ပရိတ်သတ်များကလည်း တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ဆရာဖေသစ်တည်မှ ကာတွန်းဆရာကြီးများ ကန်တော့ပွဲ ပြုလုပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကာတွန်းစိုးစံဝင်း၊ ကာတွန်းဝင်းအောင်တို့မှ အမှတ်တရ စကားပြောကြားကြပြီး ကာတွန်းဆရာများကို ချစ်ခင်သူ ဆရာကျော်ဇင်ကိုကို မှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
|
ကာတွန်း တင်အောင်နီကို မိတ်ဆက်ပေးနေသည့် ကာတွန်းစိုးစံဝင်း |
|
ကာတွန်း မြေဇာကို မိတ်ဆက်ပေးနေသည့် ကာတွန်းစိုးစံဝင်း |
ထို့နောက် အကန်တော့ခံ ကာတွန်းဆရာကြီးများအား မျိုးဆက်သစ် ကာတွန်းဆရာများက လှူဖွယ်ပစ္စည်းများပေးအပ်ကာ ကန်တော့ ကြပါသည်။ တက်ရောက်လာသော ပရိတ်သတ်များ ကို ဆရာစိုးစံဝင်းမှ ကန်တော့ကြိုး တိုင်ပေးပြီး ညီညာဖြဖြ ကန်တော့ာကြသည်။
|
ကျေးဇူးစကားဆိုနေသည့် ကျော်ဇင်ကိုကို |
ယခုနှစ် ကန်တော့ခံ ကာတွန်းဆရာကြီး (၁၅) ဦးရှိပြီး ကာတွန်း မျိုးဆက်သစ် လူငယ်များက ကာတွန်းပြပွဲများပြုလုပ်၍ ရန်ပုံငွေ ရှာခဲ့ကြခြင်းဖြစ်သည်။ Sky Net ရုပ်သံ မှလည်း ရုပ်သံ ကြည့်စက်များ နှင့် တနှစ်တာ အခမဲ့ ကြည့်ရှုခွင့်များ လှူဒါန်းခဲ့သည်။
|
ကာတွန်းဆရာကြီးများ၏ အနုလက်ရာများ |
“ကာတွန်းကို တစိုက်မတ်မတ် ရေးဆွဲ ခဲ့တဲ့ ကာတွန်းဆရာကြီး များကို ကန်တော့တာပါ။ အသက်အရွယ် ကို မသတ်မှတ်ထားပါဘူး” ဟု ကာတွန်းစိုးစံဝင်းက ပြောပြခဲ့သည်။
|
ကာတွန်း ငွေကြည် |
|
ကွယ်လွန်သူကာတွန်းဦးဖေသိန်း၏ ဇနီး |
|
ကာတွန်းပညာရှင် မိသားစုများ |
|
ကာတွန်း ဖေဆန်း |
|
ကာတွန်း ကိုရွှေထူး(ပြည်) |
|
ကာတွန်းစိုးစံဝင်း |
|
ကာတွန်းလိုင်လုဏ်၊ အာကာ နဲ့ ဆရာ အော်ပီကျယ် (ညာအစွန်) |
|
ကာတွန်း အောက်တိုဘာအောင်ကြီး (အလယ်) |
|
ကာတွန်းရွှေမင်းသား |
|
ကာတွန်းဆရာများ၏ ဂါရ၀ |
|
ကာတွန်း အောက်တိုဘာအောင်ကြီး ကာတွန်းဝင်းအောင် |
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ