မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၅၆၅)

မာမာအေး – ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၅၆၅)
ဇန်န၀ါရီ ၁၊ ၂၀၁၄

ပြည်မြို့ ရွှေဆံတော်ဘုရားကြီး (ဓာတ်ပုံ = ရန်နောင်၊ ဗိုလ်တထောင်)

● နှစ်ဦးမေတ္တာ “သြကာသ” ဆိုပါ

သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ၊ ဒီနေ့ကတော့ ပြက္ခဒိန်အသစ်စတဲ့ ၂၀၁၅ ခုနှစ်ရဲ့ ပထမဦးဆုံး ကြာသပတေး၊ ဇန္ဒဝါရီလ (၁) ရက်နေ့ ကျရောက် နေ တာဖြစ်တဲ့အတွက် တနှစ်တာလုံး မင်္ဂလာအပြည့်မှုန်းခြယ် ပြုံးရယ်နိုင်ကြသော် ကိုယ်ဖြစ်ကြပါစေလို့၊ ချစ်တဲ့ပရိတ်သတ်တွေတို့ကို ထပ်ပြီး ဆုတောင်းနေပါတယ်ရှင်။

မင်္ဂလာရှိတဲ့အခါရက်မှာ တသက်တာမင်္ဂလာရှိစေမယ့် တရားစကားလေးနဲ့ မေတ္တာလက်ဆောင်ပါးလိုက်ဖို့ စေတနာရင်တွင်းစိတ်ရဲ့ တွန်း အားအရပြောပါမယ်။ မာအေးဟာ ဘိုးဘေးစဉ်ဆက် ဗုဒ္ဓဘာသာ မိရိုးဖလာ ယဉ်ကျေးမှုအရာရာတွေထဲမှာ စီးမျောဝင်ပါ မြတ်နိုးစွာ လိုက်နာ နေရတာကို ဝမ်းမြောက်ဝမ်းသာငြိမ်းချမ်းစေတဲ့အရာလို့ ယုံကြည်ခဲ့တဲ့သူ ဖြစ်ပါတယ်။ လောကဓမ္မတာ လမ်းကောင်းလမ်းဆိုးအမျိုးမျိုးတွေကို လူသားတို့သဘာဝ ခံစားရပြီးချိန်မှာ၊ မဟာကရုဏာတော်ရှင် ဗုဒ္ဓ္ဓသာသနာထွန်းကားပြန့်ပွားရေး စောင့်ရှောက်ရေးလို့သာပြော၊ အစော ဆုံးပါဝင်၊ အရင်ဆုံးလိုက်မှာဖြစ်ရအောင် ကြိုးစားမိပါတယ်။ ရတာလည်းရ၊ မရတာလည်းပါဆိုတာမျိုးတော့ရှိတာပေါ့နော်။ သူ့သဘောသူ ဆောင်ဆိုတဲ့တရားသဘောအရ ငြိမ်းအောင်မြင်တတ်ရတော့တာဘဲ။

မာအေးက အခု တိုင်းပြည်အပြင်ရောက်နေတဲ့ မြန်မာပြည်ဖွားတယောက်ပဲ။ ဒီမှာဖက်က ကိုယ့်နိုင်ငံဖွားတွေဆိုတာ အများအားဖြင့် စက်ရုပ် လိုလုပ်နေကြရာတာပါ။ အချိန်နဲ့အမျှ “ဒေါ်လာ- ဒေါ်လာ” တပြီး ဇောကြွနေတဲ့သူတွေလည်းရှိရဲ့။ လှူကြတန်းကြလို့ အခါအားလျော်စွာ သံဃာတော်များထံ တရားတော်ချီးမြှင့်လို့နာယူကြတာမှာလည်း တရားရှည်ရင် အိနြေ္ဒမရဖြစ်တတ်လာကြကုန်ပြီဆိုတော့ ဒါယိကာ၊ ဒါယိကာမတွေ စိတ်သောကကြည့်ပြီး ဘုရားရှိခိုးတာ၊ တရားပေးတာကအစ အချိန်ကို တိုင်းဆ၊ ဟောပြောရရှာပါတယ်။ အတိုချုံးထားတဲ့ ဘုရားရှိခိုးစာများလည်း တွေ့လာရတော့  ကိုယ်ပါ  ဒီအတိုချုံးဘုရားရှိခိုးစာလေးနဲ့  ဟုတ်နေခဲ့တာပေါ့လေ။  ကိုယ့်အရွယ်နဲ့ကိုယ့်ကျန်းမာရေး က ကြာကြာထိုင်ပြီးဘုရားရှိခိုးရင် ပြန်ထရတာခက်တယ်။ တယောက်ထဲလဲနေတော့ အဆင်မပြေတာနဲ့ ရပ်ပြီးဘုရားရှိခိုးရင် အပြစ်များရှိ နေမလားဘုရားလို့ ဆရာတော်ဦးဇာဂရကို လျှောက်ခဲ့တော့ကာ “မင်္ဂလာတရားတော်အတွက် ဘုရားထံလာရောက်လျှောက်ထားတဲ့ နတ် သားဟာ မတ်တတ်ရပ်အနေအထားနဲ့ ရှိခိုးလျှောက်တင်တာပါ။ သိကြားဗြဟ္မာကြီးတွေဟာလည်း အဲဒီလိုဘဲ ရှိခိုးမှာပါ။ ရပ်ပြီး ရှိခိုးတာ အပြစ်မရှိနိုင်ပါဘူးလို့” မိန့်တော်မူတော့ ဘုရားရှိခိုး အတိုချုပ်နဲ့ဘဲ ရှိခိုးနေတာကြာပြီဆိုပါတော့ရှင်။

မာအေးက ဖွားအေနဲ့အတူနေချိန်ရှိတော့ အဖွားရဲ့ နောက်လိုက်ဖြစ်နေတာကိုး။ မာအေးတို့နေခဲ့တာ ဦးဝိစာရရပ်ကွက်လေ။ ခုမှသာ ပြည်သူ့ဥယျာဉ်ဖြစ်သွားခဲ့တာပေါ့။ အဲဒီတော့  ရွှေတိဂုံစေတီပေါ် သီတင်းပါတ်တိုင်းရောက်။ အဖွားတရားနာရာ ကိုယ်လည်း ပါဖြစ်ခဲ့ရပါ တယ်။ ဒီတရားအခံတွေက မာအေးကို လူရာဝင်အောင် သင်ပေးလိုက်သလိုပါဘဲ။ ဒီခေတ်လို သီးသန့်တရားပွဲတွေ မရှိသေးပါဘူး။ မာအေး က ဆဋ္ဌသင်္ဂါယနာပွဲတုန်းက ကျေးဇူးရှင်တိပိဋက မင်းကွန်းဆရာတော်ကြီးဖြေကြားတဲ့ တရားသံတွေကိုသေချာနာကြားဖူးတဲ့အတွက် မာ အေးအကိုလိုဖြစ်နေတဲ့ အဆိုတော်မောင်မောင်ကြီးက ဆရာတော်ဘုရားကြီးရဲ့ တိနိသာသနာပြုအဖွဲ့မှာ တယောက်ပါဝင်ကုသိုလ်ရှင် ဖြစ် လာတဲ့အခါ အတူလိုက်ပါ အသံလှူခဲ့တာ ဆရာတော်ကြီးတသက်ပါဘဲ။ ဒီလိုဆရာတော်မျိုး နောင်လည်းပေါ်မှာ မဟုတ်တာ သောတ ရှင်များလည်း သိမှာပါ။ တနေ့ကတော့ မာအေးတခါမှ မနာခဲ့ရဖူးတဲ့တရားတပုဒ်ကို နာကြားမိခဲ့ပါတယ်။ မာအေးတို့ ဘယ်လိုစိတ် ဘယ်လို အနေနဲ့ ဘုရားရှိခိုး၊ သီလတောင်းနေကြတာပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့တာပါလားဆိုတဲ့ သတိနဲ့ပညာ သဒ္ဓ္ဓါစိတ်ရခဲ့တာကြောင့် မာအေးလိုဘဲဖြစ်နေဦးမယ့် ဗုဒ္ဓ္ဓ္ဓ္ဓနွယ်ဝင်သောတရှင်တွေကို ပြောပြမှာပါ။

မာအေးတို့ရဲ့ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓဘာသာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ သာသနာ့ဆိုင်ရာ ဘယ်ပွဲဘဲလုပ်လုပ်၊ ပရိတ်သတ်စုံညီတဲ့အခါ တရားနာ ကြလေ့ရှိကြတယ်မဟုတ်လားရှင်။ အစီအစဉ်ကြေငြာရတဲ့သူက “သြကာသ ကန်တော့ချိုးနဲ့ ရှိခိုးပူဇော်ကြပါစို့” လို့ ကြေငြာလိုက်တာနဲ့ အားလုံးက တညီတညွှတ်တည်း ရွတ်ဆိုခဲ့ကြပါတယ်။ အဲဒါဘဲ ဆရာတော်ကြီးက မိုးဦးကျ တောင်ပေါ်မှာ မိုးချုံးလိုက်ရင်- တောထဲမှာရှိတဲ့ “ရွှေဥဒေါင်း” တွေဟာ တကောင်နဲ့တကောင် အချိန်းအချက်မရှိပါဘဲ တပြိုက်နက်တညီတညွှတ်ထဲ “ကေကာ- ကေကာ” နဲ့ ဝမ်းမြောက် ဝမ်းသာ တွန်ကျူးသံတွေညံနေအောင် ထွက်လာတာနဲ့တူတယ်လို့ နှိုင်းဆိုခဲ့ပါတယ်။

အဘိဓမ္မာသဘောအရ – အရပ်ထဲက လူချင်းစိတ်အခန့်မသင့်ကြတဲ့အခါမှာ  “နင်” “ငါ ” အဲဒီလိုမျိုး ပြောတတ်တယ်။အဲဒီ “နင်-တလုံး ” ၊ “ငါ- တလုံး” ရိုင်းပြတဲ့ အသံကြီး- တစ်လုံး၊ တစ်လုံး ဖြစ်ပေါ်လာဖို့အတွက်၊ ဒေါသမူ အကုသိုလ်ဇောတွေ (၄၉) ခါ ဖြစ်ရတယ်။ ဒေါသ အကုသိုလ်ဇော (၄၉) ခါ ဖြစ်မှ အသံတစ်သံ ပီပီပြင်ပြင် ထွက်တယ်တဲ့။

ကုသိုလ်ဖက်မှာလဲဒီလိုဘဲ၊ရတနာသုံးပါးကန်တော့ဖို့စရတဲ့ “ သြကာသ” မှာ ဆိုပါတော့ ၊“ သြ ” တစ်လုံး အသံပီပီသသထွက်လာဖို့အတွက် “မဟာကုသိုလ်ဇောစိတ် (၄၉) ခါဖြစ်ရပါတယ်။ “ကာ” မှာလည်း မဟာကုသိုလ်ဇောစိတ် (၄၉) ခါဖြစ်၇တာဘဲ။ “သ” မှာလည်း (၄၉) ခါ ကုသိုလ်ဇောစိတ်ဖြစ်ရတယ်။ (၄၉) ခါမှာ အသံတစ်သံရတယ်ဆိုတာမျိုးနဲ့ တွက်ကြည့်ရင် ဘုရားရှိခိုးတွေ ရွတ်ပြီးတာနဲ့ ကုသိုလ်ဇောစိတ်တွေ ဘယ်လိုဘယ်လောက်များနေမလဲလို့ ဝမ်းသာနိုင်တာပေါ့ရှင်။

သြကာသကန်တော့ချိုရဲ့ဆိုလိုရင်းကတော့ – ငယ်စဉ်တောင်ကျေးကလေးဘဝ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း မသိတဲ့အချိန်က၊ မတော်တဆ ပြောမှား ပြုမှား ကြံမှားဆိုတာမျိုး၊ ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်စတဲ့ “သဗ္ဓ္ဓ္ဓ္ဓ္ဓ္ဗ္ဗဒေါသ” အပြစ်ဘေးအညစ်အကြေးများ၊ ကိုယ်မှာ ငြိကပ်နေခဲ့ရင်၊ ရတနာသုံးပါးကို ရှိခိုးကန်တော့လို့ရခဲ့တဲ့ မဟာကုသိုလ်တော်စိတ်စေတသိတ်ဆိုတဲ့ ၊ရေကြည်ရေအေးနဲ့  သုံးကြိမ် တိုင်တိုင် ဆေးကြောလျှော်ဖွတ်သန့်စင်ထားတဲ့ ခန္ဓ္ဓ္ဓ္ဓ္ဓ္ဗ္ဗ္ဓာအစဉ်မှာ ကံသုံးပါး အပြစ်အညစ်အကြေးတွေ မရှိတော့ဘူး။ ရေသုံးကြိမ်ချိုးပြီးတဲ့ ခန္ဓ္ဓ္ဓ္ဓ္ဓ္ဗ္ဗ္ဓ္ဓာ ကိုယ်စင်ကြယ်နေတဲ့ အမျိုးကောင်းသားသမီးတို့ဟာ အမိအဖဆီမှာ အဝတ်ကောင်းပေးပါ။ နံ့သာပျောင်းပေးပါ။ ပန်းကောင်းပေးပါလို့ တောင်းကြတာမျိုးဘဲ၊ ရတနာသုံးပါး ဖူးမျှော်မာန်လျှော့ ကန်တော့ကြလို့ စင်ကြယ်နေတဲ့ စိတ်နဲ့ခန္ဓ္ဓ္ဓ္ဓ္ဓ္ဗ္ဗ္ဓ္ဓ္ဓာရှိနေပါသော တပည့်တကာတော်တို့က “အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ” ပါဘုရားလို့ သီလပေးမယ့် သံဃာတော်ကို၊ သားသမီးတို့က တောင်း သလိုတောင်းပါတယ်။ အရှင်ဘုရားထံမှ သရဏဂုံသုံးခန်းတည်းဟူသော ဦးစိုက်ပန်းတွေ၊ ငါးပါးသီလတည်းဟူသော ဝတ်ကောင်းစားလှ ငါးမျိုး၊ နံ့သာပျောင်းငါးမျိုးတို့ကို ဝတ်ရလို လိမ်းရလိုကြောင်း တောင်းပန်ပါတယ်။ တောင်းခံပါတယ်ဘုရား။

“အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ”

ဘန္တေ- အရှင်ဘုရား၊ တပည့်တော်အား ချီးမြှောက်မှုကိုပြု၍၊ သီလသရဏဂုံသုံးခန်းပန်းနှင့်တကွ ငါးခန်းသောသီလ – နံ့သာအဝတ်ကောင်း တို့ကို ဒေထ= ဂရုဏာ ရှေးရှုပေးတော်မူပါလို့ သုံးခါတိတိတောင်းတော့ သံဃာတော်မြတ်က “ယ မဟံ ဝဒါမိ တံဝဒေထ” တဲ့။ အဲဒါကို အတို ပြောရရင် ဒီသီလသရဏံဂုံဆိုတာတွေက ကိုင်တွယ်လို့ရတဲ့ပစ္စည်းမျိုး မဟုတ်ဘူး။ နှုတ်ကမြွက်ဆိုဆောက်တည်ရတာတွေမို့ ဆိုပေး တဲ့အတိုင်း မမှာေးအာင် လိုက်ဆိုကြလို့ တိုက်တွန်းပြောကြားတဲ့ စကားတဲ့။ သီလဆိုတာ တောင်းတဲ့သူကို သာပေးရတာလို့ မာအေးပြော ထားတာနဲ့ဆက်ပြီး သဘောပေါက်လိုက်ပါနော်။ “သြကာသ” အပိုဒ်ဟာ ကိုယ့်ကိုစင်ကြယ်စေအပြစ်ကင်းစေတဲ့ စာပိုဒ်ဆိုတာ သိပြီမ ဟုတ်လား။ မာအေးတော့ နောင်ဘုရားရှိခိုးရင် ချန်မထားတော့ပါဘူးရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts