စာအုပ်စင်

၂၀၁၅ နှစ်သစ်အတွက် အတွဲ ၂၊ အမှတ် ၁ – မိုးမခလစဉ်မဂ္ဂဇင်း အခု ထွက်ပြီ

၂၀၁၅ နှစ်သစ်အတွက် အတွဲ ၂၊ အမှတ် ၁ – မိုးမခလစဉ်မဂ္ဂဇင်း အခု ထွက်ပြီ

မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၄

၂၀၁၄ ဧပြီလကနေ စတင်ထုတ်ခဲ့တဲ့ မိုးမခလစဉ် ၏ ၁၀ အုပ်မြောက် – ဒီ၂၀၁၅ နှစ်ဆန်းမှာတော့ ထူးထူးခြားခြား စောစောစီးစီး ထွက်နိုင်ခဲ့ပါပြီ။ ၂၀၁၅ နှစ်သစ်ကို အတွဲ ၂ အမှတ် ၁ ဖြင့် ကြိုလိုက်ပါတယ်။

နှစ်သစ်အထူးဆိုသော်လည်း ထုံးစံအတိုင်း ပါနေကျ မိုးမခရဲ့ ပြည်တွင်းပြည်ပ ၀ိုင်းတော်သား စာပေမိတ်ဆွေအင်အားနဲ့ ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ အချို့သော ပင်တိုင်စာရေးဆရာများကတော့ စာမူအချိန်မမီလို့ မပါကြောင်း တောင်းပန်အပ်ပါတယ်။

ပန်းချီသန်းဌေးမောင်ရဲ့ stop the war ပန်းချီကားကို မျက်နှာဖုံးအဖြစ် သုံးစွဲတင်ဆက်ထားပါတယ်။ ဖော်ပြခွင့်ပြုသော ဆရာသန်းဌေးမောင်ကို ကျေးဇူးတင်ပါကြောင်း၊ မိုးမခ၏ ပြည်တွင်း ပြည်ပ ကလောင်ရှင်များအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ မိုးမခချစ်သူများအားလုံး နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေ၊ ရန်သူမျိုး ၅ ပါးစလုံး အောင်မြင် နင်းချေ နိုင်ကြစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကတော့ သိပ်စောလွန်းသေးတော့ အတင်းဝင်ပြိုင်ဖို့ စိတ်မစောကြပါရန် သတင်းစာရှင်းလင်းပွဲသတင်းများအရ ကြိုတင် သတိပေးလိုက်ပါသည်။ (ဒါက ရယ်စရာအဖြစ်ရေးတာပါ။ ရယ်လိုက်ပါ၊ သိပ်ပြီး အားလုံးကို အတည်အခန့်ကြီးပဲ လုပ်နေစရာ မလိုပါ။ ဟဲဟဲ)

စာမူခများ တိုးမပေးသေးပါ။ နိုင်ငံတော်ကလည်း “၀န်ထမ်းများ လစာတိုးဖို့ကိုတောင်  စစ်တမ်းကောက်ဦးမှာ” ဆိုတော့ မိမိတို့ကလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လူ ၅ သန်းလောက်က လက်မှတ်ထိုးပြီး တောင်းဆိုရင်တောင်မှ (ဒေါ်မာမာအေး၏ သီချင်း) “စဉ်းစားကာနေရဦးမယ် …” တေးသရုပ်ဖော်ကို လွှတ်တော်နောက်ခံဖြင့် တီဗီကြော်ငြာရို်က်ပြီး မြ၀တီကနေ ထုတ်လွှင့်နိုင်မှသာ စာမူခတိုးဖို့ စဉ်းစားချင် စဉ်းစားမည်ဟု အယ်ဒီတာတွေက ပြောသည်ဟု ကြားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts