မ င်း ညွှ န့် လှို င် – ေ တ ာ သူ မ ေ လ း အ ေ ဝ း
(မုိးမခ) ဒီဇင္ဘာ ၂၅၊ ၂၀၁၄
က်မ
ယာခင်းလေးကို လာကြည့်တာပါ။
ကျမယာခင်းလေးကို
အလွမ်းပြေ လာကြည့်တာပါ။
မတရားသိမ်းပိုက်ခံ
ကျမယာခင်း
ခုနှစ်ဧကလောက်လေးကို
နှစ်ပေါင်းခုနှစ်ရာဝေးခဲ့ရသလို
အလွမ်းပြေ လာကြည့်နေတာပါ။
ကျမခါးနာနေတယ်
ဝေးဝေးလံလံ မသွားနိုင်တော့ဘူး။
ကျမရင်နာရတယ်
ဒီအလွမ်းက မကျွတ်လွတ်တော့ဘူး။
ဒီလယ် ဒီယာ
ဒီရွာ ဒီမြေ
ဒီတောဒီတောင်တွေကို ကျမချစ်တယ်။
ဒီမြေနဲ့ ကျမ
နွားတစ်ရှဉ်းလို
မခွဲလိုဘူးလေ။
ဒီနေ့
ကျမဆန္ဒပြည့်ဝခဲ့ပြီ။
ကျမချစ်တဲ့မြေကြီးပေါ်
ကျမခေါင်းချခဲ့ရပြီ။
ကျည်ဆန်ဖောက်ထွက်
ဟောက်ပက်ပွင့် ဦးခေါင်းနဲ့ပေါ့။
ကျမရဲ့သွေးတွေ
ချစ်တဲ့မြေမှာ စီးဆင်းရစ်လို့ပေါ့။
လွမ်းဆွတ်ခြင်းရဲ့ဆုလာဘ်ဟာ
ကျည်ဆန်တတောင့်နဲ့ ညီမျှကြောင်း
ကျမ
ကောင်းကောင်းသိခဲ့ရပါပြီ။ ။
(မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းသို့ ….)