ကဗျာ

လင်းနွေးအိမ် – “ဒေါ်ခင်ဝင်းများ”

 

လင်းနွေးအိမ် – “ဒေါ်ခင်ဝင်းများ”

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄

လက်ပံတောင်း …
အသက်ပေါင်း ဘယ်လောက်ပေးရမလဲ
ငရို့ မှာ ဒေါ်ခင်ဝင်းတွေ အများကြီးရှိတယ်။
စလယ်ဝင်တခွက်တောင် အချောင်နှိုက်မခံတာ
ဒါ – ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။

ပျူ- သရေခေတ္တရာ မှသည်
ပုဂံခေတ်ကို တည်ခဲ့တာ
ဒါ – ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။

ချင်းတွင်း၊ ဧရာနဲ့  ဒုတ္တာဝတီမှာ စီးဆင်းနေတာ
ရေမဟုတ်ဘူး
ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။

သံလွင်၊ စစ်တောင်း
ပေါင်းလောင်းမြစ်မှာ စီးဆင်းနေတာ
ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။

ကဲ – လက်ပံတောင်း …
အသက်ပေါင်း ဘယ်လောက်ပေးရမလဲ
ဒေါ်ခင်ဝင်းများ စီးဆင်းနေတယ်ဟေ့။

(သရုပ်ဖော် အောင်ထက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts