သတင်းပဒေသာ

Yangon Globe News – မြို့တော်ခန်းမသပိတ်စခန်း ၀င်ရောက်စီးနင်းခံရ


Yangon Globe News – မြို့တော်ခန်းမသပိတ်စခန်း ၀င်ရောက်စီးနင်းခံရ
ဒီဇင်ဘာ ၂၄၊ ၂၀၁၄

ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်ရှိ စစ်တပ်သိမ်း မြေနေရာ ပြန်လည်ရရှိရန် ရန်ကုန်မြို့တော်ခန်းမရှေ့ ၀င်ပေါက်တွင် သပိတ်စခန်းဖွင့် ပိတ်ဆို့၍ ရက်အတန်ကြာ တောင်းဆို ဆန္ဒပြနေမှုကို အာဏာပိုင်များက ယမန်နေ့မနက် ၅ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပြီး ဆန္ဒပြနေသူတို့ကို ဖမ်းဆီးခဲ့သည်။

ကျောက်တံတားမြို့နယ် ရဲစခန်းသို့ ခေါ်ဆောင် ထိန်းသိမ်းလိုက်သော သပိတ်စခန်းမှ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၃ ဦးတို့ကို ယနေ့နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးတွင် အများပြည်သူပိုင်လမ်းအား ပိတ်ဆို့မှု၊ မြို့တော်စည်ပင် ဥပဒေ ချိုးဖောက်မှု၊ တရားမ၀င် လှည့်လည် ဆန္ဒပြမှုများဖြင့် တရားစွဲခဲ့ပြီးနောက် အားလုံးကို ခံဝန်အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်သည်။

တရားစွဲခံရသူများအား ၂၀၁၅ ဇန်န၀ါရီလ ၆ ရက်နေ့တွင် တရားရင်ဆိုင်ရန် တရားရုံးချိန်းပေးလိုက်သည်။

မြို့တော်ခန်းမရှေ့ သပိတ်စခန်းအား ဖယ်ရှားလိုက်သော်လည်း မဟာဗန္ဓုလပန်းခြံဘေးရှိ မိကျောင်းကန်သပိတ်စခန်း ဆက်လက် တည်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

(တရားရုံးထဲမှထွက်လာသော သပိတ်အဖွဲ့များနှင့် မဟာဗန္ဓုလပန်းခြံဘေးရှိ၎င်းတို့၏သပိတ်စခန်းအားတွေ့ရစဉ်။ ဓာတ်ပုံများ-ရဲကိုကို/Yangon Globe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts