စာစုတို

ကိုသစ်(သီတဂူ) – အရေးပေါ် ဆရာဝန်

ကိုသစ်(သီတဂူ)  – အရေးပေါ် ဆရာဝန်
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄

ဆရာဝန်တစ်ယောက်သည် အရေးပေါ်တယ်လီဖုံးတစ်လုံးကို လက်ခံစကားပြောပြီးနောက် အခုချက်ချင်း ခွဲစိပ်ခန်းဝင်ရမည်ဟု သိရသောကြောင့် ဆေးရုံသို့ အပြေးအလွှားရောက်ရှိ လာလေ သည်။ ဆေးရုံရောက်ရောက် ချင်း ခွဲစိပ်ခန်းသုံးအ၀တ်အစားများကို ၀တ်ရုံပြီးနောက် ခွဲစိပ်ခန်းသို့ ကသုတ်ကရက် ပြေးဝင်သွားလေသည်။ လူနာ၏ ဖခင်ဖြစ်သူ သည် သူ့သားငယ်ကို ခွဲစိပ်ပေးမည့် ဆရာဝန်ကိုစောင့်ရင်း အခန်းဝတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။

ဆရာဝန်ကို မြင်သောအခါ “ဒီလောက်နောက်ကျရလားဗျ။ ကျနော့်သားဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဆိုတာ ခင်များ နားမလည်ဘူးလား။ ခင်များတို့ ဆရာဝန်တွေမှာ တာဝန်ယူ လိုစိတ်ကော ရှိမှရှိသေးရဲ့လား”ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ဆီးငေါက်ပါတော့သည်။

ဆရာဝန်က ပြုံးရွှင်စွာဖြင့် “အခုလို နောက်ကျသွားတာကို ကျနော် စိတ်မကောင်းပါဘူးခင်များ။ ဒီနေ့ကျနော်က ဆေးရုံမှာ မရှိဘူးဗျ။ အခုအမြန်လာခဲ့ဖို့ ဖုံးရရချင်း ကျနော်လည်း ချက်ချင်းထပြေး လာခဲ့တာပဲ။ ကျနော့် အလုပ်ကို ဆက်လုပ်ဖို့ ကျေးဇူးပြုပြီး အေးအေးဆေးဆေး တိတ်တိတ် ကလေး နေပေးပါလားဗျာ” ဟု ချိုသာယဉ်ကျေးစွာ ပြောလေသည်။

“စိတ်အေးအေးထားရမယ် ဟုတ်လား။ တကယ်လို့ ခင်ဗျားရဲ့ သားသမီးသာ အခုလို ခွဲစိပ်ခန်းထဲ မှာ ရောက်နေခဲ့မယ်ဆိုရင် ခင်များ စိတ်အေးနိုင်မှာလား။ အခုနေမှာ ခင်များသားသာ သေသွားမယ် ဆိုရင် ခင်များ ဘယ်လိုလုပ်မလဲ”ဟု စိတ်ဆိုးစွာ အော်ငေါက်ပစ်လေသည်။

ဆရာဝန်က ပြန်ပြုံးပြလိုက်ပြီး “ဟုတ်ကဲ့ ဦးလေးကို ကျနော်ကြားဖူးတာ ပြောပြချင်ပါတယ်။ ကျနော်တို့ တတွေသည် ဖုံမှုန့်မှာ လာ၍ ဖုံမှုန့်သို့ ပြန်ကြလေသည် တဲ့။ ဆရာဝန်ဆိုတာ အသက်ရှည်ခဲပါတယ်ဗျ။ ခင်များသားလေးဆီကို သွားပြီး နှစ်သိမ့်လိုက်ပါ။ ကျနော်တို့လည်း အစွမ်းကုန် ကုသပေးပါ့မယ်။  ဟုတ်ပါပြီဗျာ..။ လူတွေက ကိုယ့်နဲ့ပါဝင်ပတ်သက်မှုမရှိတဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ အကြံပေး ရတာ သိပ်လွယ်တာပဲ …”
ဟု လူနာ၏ဖခင်ဖြစ်သူက ပြောလေသည်။

ခွဲစိပ်ခန်းဝင် သွားပြီးနောက် အတန်ကြာသောအခါ ဆရာဝန်ပြန်ထွက်လာပြီး “ခင်ဗျားသိပ်ကံ ကောင်းတယ်။ ခင်များသားရဲ့ အသက်ကို ကျနော်တို့ ကယ်တင်နိုင်ခဲ့ပြီ၊ မေးစရာမေးခွန်းရှိရင် နပ်စ်မလေး ကိုသာ မေးလိုက်ပါ ဟု ပြောပြီး ဆေးရုံက ပြေးထွက်သွားပါတော့သည်။ လူနာ၏ ဖခင်အနေ နဲ့ ကျေးဇူးတင်စကားေ လးတောင် ပြောခွင့်မရလိုက်။

“သိပ်မာနကြီးတဲ့ ဆရာဝန်ပဲ။ လူနာအခြေအနေလေး မေးဖို့တောင် မစောင့်ဘူး” ဟု နပ်စ်မလေး ကိုကြည့်ရင်း လူနာ၏ ဖခင်က ဆရာဝန်ကို အပြစ်တင်စကားဆိုပါသည်။ ဒီတော့ နာပ်စ်မလေးက “ဟုတ်ပါတယ်ရှင်၊ ဆရာ့ရဲ့သားလေးဟာ မနေ့က လမ်းမှာ ကား အက်ဆီး ဒင့်ဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ကျမတို့ ရှင့်သားကို ခွဲစိပ်ခန်းဝင်ဖို့ သူ့ဆီကို ဖုံးလှမ်း ဆက်တော့ သူက သူ့သားလေး အသုဘချဖို့ သုဿာန်မှာ ရောက်နေတာလေ။ အခု သူက ရှင့်သား ရဲ့အသက်ကို ကယ်တင်ပေးပြီးပြီဖြစ်လို့ သူ့သားလေး အသုဘချမယ့် သုဿာန်ကို သူအချိန်မီ ပြန်ပေးသွား ရတာပေါ့ရှင်”ဟု ၀မ်းနည်းသံဖြင့် ပြောလေသည်။

ထို့နောက် လူနာ၏ဖခင်ကို ငေးကြည့်နေရင်းက နာပ်စ်မလေးသည် သူ့ပါးပြင်ပေါ် စီးကျနေသော ပူပူနွေးနွေးမျက်ရည်စ ကလေးများကို အသာအယာပင် သုတ်ပစ်လိုက်လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts