သတင်းပဒေသာ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ပွဲ နတ်မောက်မြို့တွင် ကျင်းပမည်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ပွဲ နတ်မောက်မြို့တွင် ကျင်းပမည်
မိုးမခ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၄

မကွေးမြို့နယ်၊ နတ်မောက်မြို့၊ ဇာတိရပ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲကို ၂၀၁၅ ဖေဖော်ဝါရီ ၇ ရက်မှ စတင်ပြီး မွေးနေ့ ဖြစ်သော ဖေဖော်ဝါရီ ၁၃ အထိ –  ၇ ရက်တိုင်တိုင် ကျင်းပမည် ဖြစ်သည်။ မြန်မာပြည်သူလူထုတရပ်လုံးက မြို့တိုင်း ရွာတိုင်း နယ်တိုင်းတွင် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်များ ကျင်းပဆောင်ရွက်ကြရန်လည်း လှုံ့ဆော် ဆောင်ရွက်လျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးအတွက် ဦးစီးနာယကဆရာတော်များတွင် သီတဂူဆရာတော် ဦးဉာဏိသရ၊ ဓမ္မဘေရီဆရာတော် ဦးဝီရိယနှင့် ရွှေပါရမီတောရ ဆရာတော်ဦးဆန္ဒာဓိကတို့လည်း ပါဝင်သည်။ သီတဂူဆရာတော် အရှင်ဉာဏိသရ၏ လမ်းညွှန်မှုဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း) က မိုးမခကို မိန့်ကြားသည်။

နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေမည့်အပြင် ကျောက်စာတိုင် စိုက်ထူခြင်း၊ အထိမ်းအမှတ်ပြပွဲ၊ ဓာတ်ပုံမှတ်တမ်းပြပွဲ၊ ဟောပြောပွဲ၊ ဆွမ်းကျွေးအလှူ၊ အခမ်းအနားအစီအစဉ်များ စီစဉ်လျက် ရှိသည်ဟု သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကို အများပြည်သူများနှင့်အတူ နယ်ပယ်အသီးသီးက ခေါင်းဆောင်များ၊ တိုင်းရင်းသားများ၊ လူပုဂ္ဂိုလ်များအားလုံးကို တက်ရောက်ကြရန် ကြိုဆို ဖိတ်ကြားလျက်ရှိသည်။

ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ(တောင်စွန်း) က ရပ်နီး ရပ်ဝေးက စေတနာထက်သန်သည့် အလှူရှင်များအနက် အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစု မိတ်ဆွေများက လှူဒါန်းလိုပါက ‘မိုးမခမီဒီယာ’ ကို ဆက်သွယ်လှူဒါန်းကြရန် တာဝန်ယူပေးအပ်လိုက်သဖြင့် မိုးမခမီဒီယာသို့ အမေရိကန်ရှိ မြန်မာမိသားစုတို့က နတ်မောက်တွင်ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် ပွဲတော်အတွက် လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။ ငွေလက်ခံဖြတ်ပိုင်း ထုတ်ပေးမည့်အပြင် ဆရာတော်ညွှန်ကြားသည့်အတိုင်း အလှူငွေများ အားလုံး ရောက်ရှိအောင် မိုးမခမီဒီယာက ဆောင်ရွက်ပေးမည် ဖြစ်သည်။

ရန်ကုန်မြို့သို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းလိုပါက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဒေါင့်၊ “ကံဦးကျောင်း၊ မဟာညောင်ကုန်းတိုက်” သို့ သွားရောက် ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။ အလှူငွေများကို နတ်မောက်မြို့တွင် ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ပွဲတော်သို့ ပေးအပ်လှူဒါန်းမည် ဖြစ်သည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts