Poems ဆောင်းလူ

ဆောင်းလူ – ဈာ ပ န

ဆောင်းလူ  – ဈာ ပ န
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄
 photo © aung htet

ခုတလော …
ကမ္ဘာကြီးခမျာ
နာဖျားရုံတင် မဟုတ်တော့ဘူး …။

နေ့စဉ်သတင်းတွေမှာ
အကြမ်းဖက်မှုတွေနဲ့ စိတ်ဖိစီးနေတယ် …။

နေ့စဉ်သတင်းတွေမှာ
နာရေးသတင်းကျဉ်းတွေနဲ့ ပြည့်နှက်နေတယ် …။

နေ့စဉ်သတင်းတွေမှာ
လူတွေရဲ့ သီလပျက်မှုတွေ တိုးတိုးလာတယ် …။

ထမင်းတလုပ် စိတ်လက်ချမ်းသာစွာ ၀မ်းဝဖို့အတွက်
ဆန္ဒတွေ တသီကြီး ပြရတဲ့ခေတ်မှာ
ကမ္ဘာကြီးခမျာ
နာဖျားရုံတင် မဟုတ်တော့ဘူး …။

ဒီလိုပဲ
လူ့အလိုတွေ နတ်အလိုတွေ ဆန္ဒတွေတသီကြီးကို
ကမ္ဘာကြီးခမျာ လိုက်မဖြည့်နိုင်တော့
သူ့ခမျာ
နာဖျားရုံတင် မဟုတ်တော့ဘူး …။

ဟုတ်တယ် ..
ခုတလော ကမ္ဘာကြီးဟာ နာဖျားနေတာ မဟုတ်တော့ဘူး …။
…..
…..
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တဖွဖွရွတ်ရင်း
သီလတွေ အခါခါယူ
ကတိတွေ အထပ်ထပ်ပျက်
ဝါဒီတွေ ၀ါဒတွေ ကြီးစိုးနေတဲ့ အရပ်မှာ
ကမ္ဘာကြီးဟာ နားဖျားရုံတင် မဟုတ်တော့ဘူး …။

ငင်နေတဲ့ အသက်တွေအောက်မှာ
ဘ၀ကူးကောင်းအောင်
သူ့နောက်ဆုံး ဈာပနအတွက်
ကူးတို့ခ တမတ်ကိုသာ အဆင်သင့်ဆောင်ထားကြ…။

ဒီဇင်ဘာ ၁၅၊ ၂၀၁၅။ နံနက် ၉း၃၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts