ဝတ္ထုတို

တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

 

တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

(Academic Weekly vol 3 No 46)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၄

တခါတုန်းက မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ထွက်လာခဲ့တယ်။ သူဟာ သစ်တောအုပ် တစ်ခုအတွင်းမှာရှိတဲ့ ကွင်းပြင်တစ်ခုထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အစာရှာနေတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ အစာရှာလို့ မရဘူး ဖြစ်နေတယ်။

အဲဒီလို ဖြစ်နေတုန်း သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ငှက်တစ်ကောင်ကို သွားတွေ့တယ်။ မြေခွေးဟာ ၀မ်းသာအားရနဲ့ ငှက်ကိုဖမ်းဖို့ ပြေးသွားတယ်။ အဲဒီလိုပြေးရင်းနဲ့ သူ့အမြီးဟာ ထောင်ချောက်တစ်ခုမှာ သွားပြီး မိတော့တယ်။

ဒီထောင်ချောက်ဟာ သားလိုက်မုဆိုးတွေက သားကောင်တွေကို ဖမ်းဖို့ ထောင်ချောက်ဆင် ထားတာ ဖြစ်တယ်။ ဒီထောင်ချောက်မှာ ခွေးသွားစိတ်ပုံ သံချောင်းတွေ ပါပြီးသားကောင်ကို ညှပ်လိုက်တာ ဖြစ်တယ်။ အခုမြေခွေးရဲ့အမြီးဟာ အဲဒီထောင်ချောက်မှာ မိနေတာဖြစ်လို့ အမြီးကို ဆွဲထုတ်လို့ မရတော့ဘူး။

မြေခွေးဟာ သံချောင်းတွေနဲ့ဖိထားတာ ခံရတဲ့အတွက် အမြီးကနာလွန်းလို့ အမြီးကို အပြင်ရောက်အောင် ဆွဲထုတ်ပေမယ့် မရဘူး။ အမြီးညပ်နေတာကြောင့် သူဟာ မုဆိုးတွေရဲ့ အဖမ်းအဆီး ခံရတာ့မလို ဖြစ်နေတယ်။ ဒါကြောင့် အမြီးကို ကြိုးစားပြီး ဆွဲထုတ်လိုက်တော့ သူ့အမြီးဟာ ပြတ်ပြီး သူလွတ်မြောက်သွားတယ်။ သူ့ရဲ့အမြီးကတော့ သံထောင်ခြောက်ထဲမှာ ကျန်ခဲ့တယ်။ မြေခွေးဟာ အမြီးမရှိတော့တဲ့အတွက် စိတ်ဆင်းရဲ သွားရှာတယ်။

“ငါဘာလုပ်ရမလဲ၊ ငါဟာအခြားမြေခွေးတွေနဲ့ မတူတော့ဘူး။ သူတို့က ငါ့ကို ကြည့်ပြီး ရယ်ကြလိမ့်မယ်။ အမြီးမရှိတဲ့ မြေခွေလို့ ခေါ်ကြတော့မယ်။“

ဒါပေမယ့် ဒီမြေခွေဟာ ပါးနပ်တဲ့ မြေခွေး ဖြစ်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ သူ့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ခေါ်ပြီးအခုလို ပြောတယ်။

“ငါမင်းတို့ကိုပြောစရာရှိတယ်။ ငါဟာ အရင်တုန်းက တော်တော်လေး စိတ်ဆင်းရဲခဲ့၇တယ်။ ဒီနေ့တော့ ငါပျော်ရွှင်သွားပြီ။ ငါမင်းတို့ကိုပြောပြမယ်။ ငါဘာဖြစ်လို့ ပျော်သလဲဆိုတာ ငါ့မှာ အမြီးမရှိတော့လို့ပဲ။“

“ငါ မင်းတို့ကို မေးမယ်။ အမြီးဟာ ဘယ်နေရာမှာ အသုံးကျသလဲ။ အမြီးက လမ်းလျောက်တဲ့ နေရာမှာလည်း သုံးလို့မရသလို ပြေးတဲ့အခါမှာလည်း မကူညီဘူး။ နောက်အစားစားတဲ့အခါ၊ ရေသောက်တဲ့အခါတွေမှာ သူလည်းမပါဘူး။ မင်းတို့ ငါတို့အတွက် ဘာတစ်ခုမှ ကူညီတာ မရှိဘူး။ ဒီတော့ သူ့ရဲ့ အသုံးဝင်မူ ဟာဘာရှိလို့လဲ။“

“အခုငါ့မှာ အမြီးမရှိဘူး။ အမြီးမရှိတဲ့အတွက် ငါပျော်တယ်။ မင်းတို့လည်း ငါ့လို ပျော်ချင်ရင် မင်တို့ရဲ့အမြီးကို ဖြတ်လိုက်တာ အကောင်းဆုံးပဲ။“

မြေခွေးတွေထဲက အငယ်ဆုံး မြေခွေးတစ်ကောင်က သူ့ကို အခုလို ထောက်ခံပြောဆို လိုက်တယ်။

“ဟုတ်တယ်။ ခင်ဗျား ပြောတာ မှန်တယ်။ အမြီးက ဘာအသုံးကျလို့လဲ။ ငါတို့မျက်လုံးကိုကြည့်ဖို့ အတွက်အသုံးဝင်တယ်။ နားက နားထောင်ဖို့အတွက် အသုံးဝင်တယ်။ ခြေထောက်က လမ်းလျောက်ဖို့အတွက် သုံးလို့ရတယ်။ ဒါပေမယ့် ငါတို့ရဲ့ အမြီးကတော့ ဘယ်နေရာမှာမ သုံးလို့မရပါလား..“

ဒီစကားကြားတော့ –  မြေခွေးငယ်လေးတွေဟာ သူတို့ရဲ့အမြီးတွေကို ချက်ချင်းပဲ မလိုချင်ကြတော့ဘူး။ ဒါ့ကြောင့် သူတို့ရဲ့ အမြီးတွေကို ဖြတ်ဖို့ ပြင်ဆင်ကြတယ်။ အဲဒီအချိန်မှာ မြေခွေးအိုတစ်ကောင်က သူတို့ကို အခုလို ပြောလိုက်ပါတော့တယ်။

“အဖိုးပြောတာ ကို မင်းတို့နားထောင်ကြပါဦး။ မင်းတို့မှာ အခုလို အဆင်ခြင်မဲ့တဲ့ အတွေးတွေ မရှိသင့်ဘူး။ မြေခွေးတွေရဲ့ အမြီးဟာ သိပ်ကို လှပါတယ်။ အမြီးရှိတာ ကောင်းပါတယ်။ မင်းတို့ကို လာပြီးဖြားယောင်းတဲ့ မြေခွေးမှာ အခုအမြီးမရှိတော့ဘူး။ ဒါကြောင့် သူကမင်းတို့ကို လာပြီး အမြီးရှိတာ မကောင်းဘူးလို့ ပြောနေတာ။ သူ့ဆီမှာ အမြီးရှိတုန်းက အခုလို မပြောခဲ့ဖူးဘူး။ သူဘာကြောင့် မပြောတာလဲ။ ငါ့ကို ပြောစမ်းပါ။ သူ့မှာ အမြီးမရှိတော့လို့ မင်းတို့ကို သူနဲ့ တူအောင် သိမ်းသွင်းနေတာပါ။“


မြေခွေးအိုကြီး ရဲ့စကားကြောင့် မြေခွေးငယ်တွေ ဟာ ဘာမှပြန်မပြောနိုင်တော့ဘဲ သူတို့ရဲ့ အမြီးကို မဖြတ်ဖျို့ဆုံးဖြတ်လိုက်ကြပြီး ပြန်ချလိုက်ကြတယ်။ သူတို့ဟာ သူတို့ရဲ့အမြီးဖွားလေးတွေကို လှလှပပ လှူပ်ခါလို့ ကိုယ်စီကိုယ်စီ ထွက်ခွာ သွားကြတယ်။ သူတို့ ရဲ့စိတ်ထဲကလည်း မြေခွေးအိုကြီကို လည်းကျေးဇူးတင်ကြတယ်။

Photo Credit – http://georged.deviantart.com/art/The-Fox-Without-Tail-292191254


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts