Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မိကျောင်းကန်သပိတ်စခန်း ၂၆၄ ရက်

မိကျောင်းကန်သပိတ်စခန်း ၂၆၄ ရက်
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၄

    ၂၆၄ ရက်မြောက်ပြီဖြစ်သော်လည်း အစိုးရမှလျစ်လျူရှုထားသော မိကျောင်းကန်သပိတ်စခန်းက မိမိတို့အိမ်ယာပြန်လည်ရရှိရေး တောင်းဆို ဆန္ဒပြနေသူများသည် ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြောင်း၍ ဆန္ဒပြနေသည်။ ညဆယ့်နှစ်နာရီကျော်လျင် ဖမ်းမည်ဟုလည်းသတင်းထွက်နေသည်။ မြို့တော်ခန်းမထဲမှ သီချင်းများကို  လော်စပီကာနှင့်လည်းကောင်း ဆောင်းဘောက်ကြီးများနှင့်လည်းကောင်း ဖွင့်ကာတုံ့ပြန်ခဲ့သည်။ သပိတ်စခန်းဖွင့်မည်ဆိုသောအခါ ပိတ်သွားခဲ့သည်။ အသေခံ၍တိုက်ပွဲဝင်သွားမည်ဟုလည်းသပိတ်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါနေ့သည် တရုတ်ပြည်၊ ဟောင်ကောင်ကျွန်းက ကျောင်းသားလူငယ်များ၏ မြို့လည်ကောင်သပိတ်စခန်းကို တရုတ်ရဲများက ၀င်ရောက် စီးနင်းဖယ်ရှားသည့် နေ့နှင့်လည်း တိုက်ဆိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts