လူများ၊ ရုပ်ပုံလွှာများ

ကိုရဲလွင် (မဇ္ဈိမလှိုင်း) မွေးနေ့ ဂုဏ်ပြု



ကိုရဲလွင် (မဇ္ဈိမလှိုင်း) မွေးနေ့ ဂုဏ်ပြု

မိုးမခ။ ဒီဇင်ဘာ ၄၊ ၂၀၁၄

 

ပြဿနာ အုပ်စု၊ E Machine၊ လိစ္ဆဝီများ၊ The Wizards တေးဝိဇ္ဇါဿ၊ Usher၊ မဇ္ဈိမလှိုင်း၊ Vertical Vibration၊ ပန်းရဲ့လမ်း အစရှိသည့် ဂီတ အဖွဲ့များ ဖြင့် စတီရီခေတ်ဦးမှသည် ယနေ့ မျက်မှောက်ခေတ်တိုင် နှစ်ပေါင်း (၄၀) ကျော် ဂီတ ဖြင့် တိုင်းပြည် အား အလုပ်အကျွေးပြုပေးသူ၊ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုရေး ဂီတ အဖွဲ့ ကို ဦးဆောင်ပြီး တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေသူ၊ လူမှုရေး တာဝန်များ ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသူ ဂီတပညာရှင် ဂီတစာဆို ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၏ (၆၇) နှစ်မြောက် မွေးနေ့ ကို ဂုဏ်ပြု၍ ကိုရဲလွင် ရေးသား သီဆိုသည့် သီချင်း နှစ်ပုဒ်ကို မိုးမခ ပရိသတ် အား တက်ဆက်လိုက်ပါသည်။

မွေးနေ့ရှင် ပြည်သူ့ စာဆို တယောက် ဂီတ လှုမှု အများ အကျိုးပြု လုပ်ငန်းများ နှစ်ပေါင်းများစွာ ဆက်လက် ထမ်းရွက်နိုင်စေဖို့ရာလည်း မိုးမခ က ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။

ကိုရဲလွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ လျက်

သက်ရာကျော် ရှည်စေ။

မြန်မာ့ ကိုယ်ပိုင်သံစဉ် ဂီတ

စည်ပင် ဝပြောကျန်းမာစေ။

လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း

ပိုမို အောင်မြင် ဖြောင့်ဖြူးစေ။

ဗမာ့ ဒီမိုကရေစီ တိုက်ပွဲ

အောင်မြင်စေ။

××××××

….

မြစ်များရဲ့.. အဆုံးလမ်းကို..

တယောက်တည်း (ထဲ).. ရပ်ကာ.. ငေးနေ..

ဘယ်တော့မှ.. လူ.. ပြန်.. လှည့်လာမယ်..

စုန်ဆင်းတဲ့.. သဘောလားကွယ်..

အချစ်များရဲ့.. အဆုံးလမ်းကို..

တယောက်တည်း (ထဲ) .. ထပ်ကာ.. တွေးနေ..

ကြုံကြိုက်မှ.. ယူရန်.. ခက်နေမယ်..

တဖက်စီးနင်း.. သဘောလားကွယ်..

ဆုံစည်းတဲ့.. အသည်းများ.. လမ်းခွဲရမယ်..

အယူသည်းတဲ့.. နှလုံးသားလေးရယ်..

ငိုညည်းတဲ့.. အသည်းများ.. အိပ်စက်ရမယ်..

လိုချင်ရာကို.. ရခဲ..

နှစ်များရဲ့.. အဆုံး.. လမ်းကို..

တယောက်တည်း (ထဲ).. ဖြတ်က.. ပြေးနေ..

ကျော်ခဲ့မှ.. လွန်ဆန်.. ခက်သူရယ်..

ရေစီးကြောင်း.. သဘောလားကွယ်..

ရေစီးကြောင်း ၊ သံစဉ် – ကိုရဲလွင် ၊ စာသား – ကိုနေဝင်း ၊ တေးဆို – ကိုရဲလွင် ၊ တေးဂီတ – မဇ္ဈိမလှိုင်း (The Medium Wave) + တယော ဦးတင်ရီ

ကိုရဲလွင် ကိုယ်တိုင် မဇ္ဈိမလှိုင်း နှစ် (၃၀) ပြည့်ခရီး နှင့် ကိုနေဝင်း အသက် (၆၀) ပြည့်မွေးနေ့ အထိမ်းအမှတ် “လပြည့်ဝန်းသို့တမ်းခြင်း” Live Concert (၂၀၁၁) တွင် သီဆိုခဲ့မှု ရုပ်သံ။  ဤ သီချင်းကို မူလ ကေဇင်လတ် သီဆိုခဲ့သည်။  ထို့နောက် မွန်းအောင် မိုးလုံးမှိုင်း (၁၉၈၅) တွင် သီဆို အောင်မြင်ခဲ့သည်။

YouTube Music Video URL: http://youtu.be/68yjcMFMAiU

×××××

….

ချမ်းသာကြပါစေ။

အေးငြိမ်းကြပါစေ။

သံသရာ.. ၀ဋ်ဆင်းရဲမှ

လွတ်မြောက်ကြပါစေ…။

….

ချမ်းသာကြပါစေ။

အေးငြိမ်းကြပါစေ။

ယုံကြည်ချက်နှင့် ပေးဆပ်သူ အားလုံး

လွတ်မြောက်ကြပါစေ…။

လွတ်မြောက်ကြပါစေ…။

လွတ်မြောက်ကြပါစေ…။

ယုံကြည်ချက်နှင့် ပေးဆပ်သူ အားလုံး

လွတ်မြောက်ကြပါစေ…။

….

ချမ်းသာကြပါစေ။

အေးငြိမ်းကြပါစေ။

ဘယာဝဋ် အတွင်း မွတ်သိပ်ခြင်းမှ

လွတ်မြောက်ကြပါစေ…။

လွတ်မြောက်ကြပါစေ…။

လွတ်မြောက်ကြပါစေ…။

ဘယာဝဋ် အတွင်း မွတ်သိပ်ခြင်းမှ

လွတ်မြောက်ကြပါစေ…။

….

လွတ်စေ.. လွတ်စေ…။

လွတ်စေ.. လွတ်စေ…။

လွတ်စေ.. လွတ်စေ…။

မဇ္ဈိမလှိုင်း ကိုရဲလွင် ၏ မေတ္တာလှိုင်း ၊ သံစဉ်/စာသား/ဆို – ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် World AIDS day Song Volume – 1 တေးစုမှ

YouTube Music Video URL: http://youtu.be/iIG8qp56-As


×××××

မှတ်ချက် – ဤ  သီချင်း ရုပ်သံများ ကို အခကြေးငွေ ဖြင့် ပြန်လည် ဖြန့်ချိခြင်း မပြုရန် အလေးအနက် သတိပေးပါသည်။  ယခု တင်ဆက်ခြင်း မှာ  ဂီတပညာရှင် ကိုရဲလွင်  မွေးနေ့  ကို ဂုဏ်ပြုလိုခြင်း သက်သက် ဖြစ်သည်။  မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  စီးပွားဖြစ် အသုံးချရန် မဟုတ်ပါ။

 

ခေါင်းစီး ဓာတ်ပုံ – ငယ်ရွယ်စဉ်က ကိုရဲလွင် ၏ ပုံ၊ မျှဝေသူ – ကိုရဲကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts