Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – KNU ၀ယ်ယူထားသော လယ်မြေများကို စည်ပင်က ၀င်ရောက်ဖျက်သိမ်း

 ဟန်သစ်နိုင် – KNU ၀ယ်ယူထားသော လယ်မြေများကို စည်ပင်က ၀င်ရောက်ဖျက်သိမ်း
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄

KNU ဝယ်ယူထားသော ဒဂုံမြို့သစ်မြောက်ပိုင်းရှိ  ၄၈ရပ်ကွက်အတွင်း မြေများကို စည်ပင်သာယာမှ အင်အားသုံးဖျက်ဆီးခြင်းအကြောင်းကို KNU အဖွဲ့အစည်းက နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရှင်းလင်းပွဲတခုပြုလုပ်ခဲ့သည်။

ယခင်လှည်းကူးမြို့နယ်၊ တိုးချောင်ကြီးကျေးရွာပိုင် ထိန်ပင်ရိုးကွင်းမှ လယ်မြေများကို ၁၉၉၃ခုနှစ်တွင် အိုးအိမ်ဦးစီးဌာမှ (U.9) အဆင့်မြင့်မြေကွက်များဖော်ထုတ်ရန်အတွက်သိမ်းဆည်းခဲ့သည်။ ၄င်းသိမ်းဆည်းခဲ့သောမြေများမှ အဆောက်အဦးမဆောက်ဖြစ်သော မြေများကျန်ရှိနေသည်။ ကျန်ရှိသောမြေ ၄.၁၇ဧကကို မူလပိုင်ရှင်ဦးဘိုကေ၏ သား ဦးအုန်းလှိုင်ထံမှလယ်ယာမြေနှင့်ပက်သတ်သည့် ပြေစာများကို စာချုပ်ပြီး KNU/KNLA က သိန်းပေါင်း (၂၈၀၀)ဖြင့် ၂၀၁၄ခုနှစ် ၅လပိုင်းမှဝယ်ယူခဲ့သည်။

မူလကတည်းက ထိုမြေများပေါ်တွင် နှစ်ပေါင်း ၂၀ကျော် ကျူးကျော်ဝင်ရောက်နေသော နေအိမ်များ ၅၈လုံးရှိနေခဲ့သည်။ ၂၀၁၃ခုနှစ်မှစတင်ပြီး မြောက်ဒဂုံမြို့နယ်စည်ပင်သာယာမှ ကျူးကျော်အိမ် များကို ဖယ်ပေးလျှင် တစ်အိမ် ငွေ၁၀ သိန်းပေးပြီး မဖယ်ပေးလျှင် ဘော်ဒူဇာနှင့်ထိုးမည်ဟု ခြိမ်းခြောက်မှုကြောင့် အိမ် ၄၉လုံးဖယ်ပေးခဲ့ရသည်။

နိုဝင်ဘာ ၁၇ရက် နေ့တွင်လည်း KNU မှ ဆောက်ထားသောတဲအိမ်ကို စည်ပင်သာယာမှ အင်အား(၂၀၀) နီးပါးသုံးပြီး လာရောက်ဖျက်ဆီးခဲ့ပြန်သည်။ လယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနနှင့် သမတထံသို့  (၄)ကြိမ်တိတိစာတင်ထားသော်လည်း ယခုထိထူးခြားမှုတစ်စုံတရာမရှိသေးကြောင်း KNU/KNLAမှ ဗိုလ်မှူးမိုက်ကယ်ကပြောသည်။

“ကျနော်တို့ကို မြို့ပေါ်ထိခေါ်တယ် ဘာတခုမှမပေးတဲ့အပြင် ကျနော်တို့ဝယ်ထားတဲ့မြေပါသိမ်းတယ်၊ ကျနော်တို့ ဒီမြေကွက်ကိုဝယ်တာ နိုင်ငံတော်သမ္မတကြီးရဲ့အမိန့်ကြေငြာချက်ထုတ်ပြန်မှုကြောင့် ဝယ်ရဲတာ၊ နိုင်ငံပိုင် သတင်းမီဒီယာတွေကို ယုံကြည်မိလို့ဝယ်လိုက်တာ၊ မူလမြေပိုင်ရှင်တွေကို မပေးရ အမိန့်မကျရင် ဘယ်ဝယ်မလဲ” ဟု စီးပွားရေးတာဝန်ခံ KNU/KNLA ဗိုလ်မှူးမိုက်ကယ်မှ ပြောပြသည်။

စည်ပင်သာယာမှ အင်အား သုံးပြီး လာရောက်ဖျက်စီးခြင်းကို မြို့နယ်စည်ပင်သို့သွားရောက်မေးမြန်းသော် စည်ပင်ပိုင်မြေဖြစ်ခြင်းကြောင့် မြို့ပြစီမံကိန်းနှင့်သာသက်ဆိုင်ခြင်း၊ ၄င်းတို့သည် တာဝန်အရစေခိုင်းခြင်းခံရမှုနှင့် အထက်၏ညွှန်ကြားချက်ကြောင့်သာဟု စည်ပင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြတ်မော်ဦး မှပြန်လည်ဖြေကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts