စာစုတို မောင်ရင်ငတေ

မောင်ရင်ငတေ – သူတို့ပြောလာတဲ့ အင်တာနေရှင်နယ်

မောင်ရင်ငတေ – သူတို့ပြောလာတဲ့ အင်တာနေရှင်နယ်

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄

အခုရက်ပိုင်း လူပြောများလာတဲ့ အင်တာနေရှင်နယ် သီချင်း အကြောင်းလေးပါ၊

မူရင်း အင်တာနေရှင်နယ် သီချင်းကို ရေးခဲ့သူကတော့ ပြင်သစ်လူမျိုး ပါရီမြို့သား Eugène Edine Pottier (၁၈၁၆-၁၈၈၇) ဖြစ်ပါတယ်၊

အဲဒီခေတ်က ပြင်သစ်နဲ့ဘယ်လ်ဂျီယံဒေသမှာ ခေတ်စားခဲ့တဲ့ (စုပေါင်းပြီး စကားပြောကြ စာဖတ်ကြ သီချင်းဆိုကြ အတွေးအခေါ်တွေ ဖလှယ်ကြတဲ့) Goguette ခေါ် အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးလည်းဖြစ်သူ ကဗျာဆရာတဦးလည်းဖြစ်သူ အျူဂျန် ပိုတီယေက ဒီသီချင်း L’Internationale ကို ပါရီကွန်မြူန်း အပြီး ပါရီမြို့ကနေ တိမ်းရှောင်နေရစဉ်မှာ ရေသားခဲ့တာပါတဲ့၊

၁၈၇၁ ခုနှစ် (French Revolution) ပါရီကွန်မြူန်း ပြင်သစ်တော်လှန်ရေး ကာလ မှာ သူဟာ အဖွဲ့ဝင် တယောက်ပါ၊ ပါရီမြို့မှာ တိမ်းရှောင်နေရင်းနဲ့ သေမိန့်ပေးခံရလို့ အင်္ဂလန်ကနေ တဆင့် အမေရိကသို့ ပြည်ပြေးအဖြစ် ရောက်ရှိသွားခဲ့ရပါတယ်၊

၁၇၉၂ ခုနှစ်မှာ Claude Joseph Rouget de Lisle (၁၇၆၀-၁၈၃၆) ရေးသားခဲ့တဲ့ La Marseillaise ခေါ် လက်ရှိ မောင်ရင်ငတေတို့ခေတ်အထိ သုံးနေဆဲဖြစ်တဲ့ ပြင်သစ်နိုင်ငံတော်သီချင်း ပြီးရင်တော့  ဒီ L’Internationale သီချင်းက နာမည်အကြီးဆုံးပါတဲ့၊

အဲဒီ သီချင်းကို တော်လှန်ရေးသီချင်းအဖြစ် ဘာသာစကားပေါင်း များစွာနဲ့ သီဆိုခဲ့ကြပြီး ရုရှားတွေ ကတော့ Arkady Yakovlevich Kots a servi အဖြစ် ရုရှားဘာသာနဲ့ ပြန်ပြီး ပထမကမ္ဘာစစ်အပြီး ၁၉၁၈ ခုနှစ်ကနေ ဒုတိယကမ္ဘာစစ် ၁၉၄၄ အထိ နိုင်ငံတော်သီချင်းအဖြစ် အသုံးပြုခဲ့တာပါ၊

ဒီသီချင်း (ပြင်သစ်ဗားရှင်း) ကို နားထောင်ချင်တယ် ဆိုရင်တော့ . …. . . … .

စာသားတွေကတော့ အင်္ဂလိပ်လို ပြင်သစ်လို နှစ်မျိုးပါ . . .. . . . . . … . . . .

https://www.youtube.com/watch?v=kB9wELkGn9c

(မိုးမခဖြည့်စွက်ချက်) ကဗျာဆရာ အောင်ဝေးက အင်တာနေရှင်နယ်သီချင်းရေးဆရာသို့  ဂုဏ်ပြုကဗျာ ရေးသားခဲ့ဖူးပါတယ်။ သည်နေရာမှာ ဖတ်ပါ။

http://moemaka.com/archives/40231


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts