Uncategorized

ဂေါ်ရှယ် – နှစ်ခြောက်ဆယ်နဲ့ အပေးအယူမတည့်သေးတဲ့ ဒဏ်ရာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

နှစ်ခြောက်ဆယ်နဲ့ အပေးအယူမတည့်သေးတဲ့ ဒဏ်ရာ
ဂေါ်ရှယ်
အောက်တိုဘာ ၂၈၊ ၂၀၁၃

အရှေ့ကအိမ်ကို သတိထားမိတာတော့ ကြာလှပြီ .. ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြံတွေနဲ့မတူဘဲ သန့်ရှင်းသပ်ရပ်မှုမရှိ … အပင်ခြုံနွယ် တွေနဲ့ ပိတ်ဆို့လို့ မြင်မကောင်းလောက်အောင် ထူးခြားလို့နေတယ်  …။
တနေ့ ရာသီဥတုကောင်းတဲ့ ညနေခင်းလေးမို့ အပြင်ထွက်ရင်း အနားယူနေတုန်း အဲဒီအိမ်အရှေ့မှာ ကား နှစ်စီ ဆိုက်လာတယ်။ ရှေ့ ပထမထရပ် နောက်ဆွဲယာဉ်နဲ့။ အဲဒီနောက်တွဲယာဉ်ရဲ့အထဲမှာ မြက်ရိတ်စက်၊ အပင်ဖြတ်စက်တပ်လွှ၊ အမှိုက်ဆွဲတဲ့ ထွန်ခြစ်၊ အမှိုက်ကျုံးတဲ့ ဂေါ်ပြား၊ အမှိုက်ပုံ၊အခြား သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေနဲ့..။ 
ကားဆိုက်လိုက်တာနဲ့ … ရှေ့ကားပေါ်က လူနှစ်ယောက် .. နောက်ကားပေါ်က လူ လေးယာက် … သွက်လက်စွာဆင်းလာတယ်။ ပြီးတော့ နောက်တွဲယာဉ်မှာပါတဲ့ ပစ္စည်းတွေကိုယ်စီယူပြီး ချက်ခြင်းဆိုသလိုပဲ ကိုယ့်အလုပ်ကိုယ်စီ စတင်လုပ်ကြတော့တယ် …။ 
သတိထားမိုလိုက်တာက ခြောက်ယောက်စလုံး တယောက်မှ ရေသာခိုတာမရှိဘူး။ ဖင့်နွဲ့ လေးတွဲ မရှိဘူး။ အချိန်ဆွဲမနေဘူး။ တယောက်နဲ့ တယောက် ဆရာလုပ်ငြင်းခုံ ပြောဆိုနေတာလည်း မရှိဘူး။ ကိုယ်ကျွမ်းကျင်တဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ဆောင်သွားကြတယ်။
မိနစ် သုံးဆယ်လောက်ဘဲကြာမယ်။ အချိန်တိုလေးအတွင်းမှာ သန့်ရှင်းသပ်ရပ်တဲ့ အိမ်ခြံအဖြစ်သို့ ပြောင်းလဲသွားတယ် …။

ဒါကို ထိုင်ကြည့်နေတဲ့ ကျနော်ဟာ ငယ်ငယ်က သင်ကြားခဲ့ဘူးတဲ့ အလုပ်ခွဲခြာင်းလုပ်ကိုင်ခြင်းကို သတိရမိရင်း …ကျနော့်အတွေးတွေ ကျနော့်ကို ဟိုးအဝေးကြီးဆီသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts