Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

“Kempinski ဟိုတယ် – နေပြည်တော်” တရားဝင်ဖွင့်လှစ်လိုက်ပြီ

 

“Kempinski ဟိုတယ် – နေပြည်တော်” တရားဝင်ဖွင့်လှစ်လိုက်ပြီ

ရန်နောင်(ဗိုလ်တထောင်)၊ နိုဝင်ဘာ ၁၄၊ ၂၀၁၄

 

 ၂၀၁၄ ခုနှစ် နိုဝင်ဘာလ  အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အမေရိကန်ပြည်ထောင်စု၏ သမတ ဘားရက်အိုဘားမားကို ကြိုဆိုရန်  “Kempinski Hotel – နေပြည်တော်” သည် ၎င်း၏ “Royal Pavillion”  ကို ဖွင့်လှစ်ခဲ့သည်။

 

 

   “Kempinski ဟိုတယ် – နေပြည်တော်” သည် Kempinski ဟိုတယ်အုပ်စု၏  မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် ဟိုတယ်ဖြစ်သည်။ အဆိုပါဟိုတယ်သစ်တွင် ဗီလာ ၃ခုပါရှိပြီး အခန်းပေါင်း ၁၄၁ ခန်း ပါဝင်သည်။ ဟိုတယ်တွင် အာရှနှင့် နိုင်ငံတကာ အစားအသောက်များကို မှာယူစားသောက်နိုင်သည့် Rangoon Kitchen Restaurant ၊ အဆင့်မြင့်သီးသန့်ခန်းမကြီး ၂ ခု၊ Diplomatic Bar နှင့် Pool Bar တို့အပြင် ၂၄ နာရီ အခန်းဝန်ဆောင်မှု နှင့် အားကစားခန်းမတို့ ပါဝင်သည်။ Kempinski The Spa ကိုလည်း ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

 တစ်ချိန်တည်းမှာပင် Kempinski အုပ်စုသည်  ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည့် ၎င်း တို့၏ ဒုတိယမြောက်ဟိုတယ်ဖြစ်သော “Kempinski ဟိုတယ် – ရန်ကုန်” တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုးခြင်းကိုလည်း အသိပေးကြေငြာခဲ့သည်။ကိုလိုနီခေတ်ပုံစံ ရှေးဟောင်း  State House အဆောက်အအုံအား ပြန်လည်ဆန်းသစ်မွမ်းမံထားသော အဆိုပါ ဟိုတယ်သစ်တွင် အခန်းပေါင်း ၂၂၉ ခန်း၊စားသောက်ဆိုင် ၃ ဆိုင်၊ ဧည့်ကြိုဆောင်၊ ခေါင်မိုးပေါ်တွင် ဖွင့်လှစ်ထားသည့် ဘား၊ ထည်ဝါခန့်ညားသော ခန်းမဆောင်တစ်ခု ၊ရေကူးကန်နှင့် Kempinski The Spa တို့ပါဝင်မည်ဖြစ်သည်။

 

 

      ၁၈၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Kempinski ဟိုတယ်အုပ်စုသည် ဥရောပ၏ သက်တမ်းအရှည်ကြာဆုံး ဟိုတယ်တစ်ခုဖြစ်သည်။ ယခုအခါတွင် နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ ကြယ်ငါးပွင့် အဆင့် ဟိုတယ် ၇၃ ခု ဖွင့်လှစ်ထားရှိပြီး ဥရောပ၊ အရှေ့အလယ်ပိုင်း ၊အာဖရိက နှင့် အာရှဒေသရှိနိုင်ငံများတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ Kempinski သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဟိုတယ်မှတ်တံဆိပ်များ ပေါင်းစုဖွဲ့စည်းထားသည့် Global Hotel Alliance (GHA) ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts