သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အရိုင်းလေ ဆက်တိုက်ကြပါ

 

ငြိမ်းချမ်းအေး – အရိုင်းလေ ဆက်တိုက်ကြပါ

(မိုးမခ) နိုဝင်ဘာ ၀၉၊ ၂၀၁၄ 

 

သူများဆီမှာတော့ တံတိုင်းကြီး ပြိုလဲ ပြီး ပြောင်းလဲမှု လေပြည်ညင်း ရရှိခဲ့တာ ဒီနေ့ ငွေရတု တိုင်ပါပြီ။

ဗမာပြည် မှာတော့ တစ်နှစ်စောခဲ့ပေမဲ့ လက်ရှိတိုင် ပြောင်းလဲမှု လေပြည်ညင်း ကို မခံစားရသေးပါဘူး။

သွေးမုန်တိုင်း တွေ တိုက်ခဲ့တယ်၊ သွေးမော်ကွန်း တွေ ထိုးခဲ့ရတယ်။ လူထု ရဲ့ ဒီမိုကရေစီ ကြွေးကြော်သံ သဘာဝ အရိုင်းလေ တိုက်ခတ် စစ် အာဏာရှင် တံတိုင်းကို ဖြိုဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ သဘာဝ အရိုင်းလေ ဟာ သေနတ်ပြောင်းဝ အောက်က ကျည်ဆံနဲ့ တည်ဆောက်ထားတဲ့ ကြမ်းတမ်းရက်စက်တဲ့ စစ်အာဏာရှင် အရိုင်းအစိုင်းလေ ကို ဝမ်းနည်းခံပြင်းနာကြည်းဖွယ် မကျော်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဒီ “စစ်ရိုင်းလေ” ကြောင့်ပဲ အဓမ္မ ဖမ်းဆီး မတရား အသတ်အဖြတ် ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အလောင်းတောင် အခက်အခဲ အမျိုးမျိုးကြားက ဟိုတနေ့ကမှ မြေချ ရတယ် မဟုတ်ပါလော။

ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ မဝင်းမော်ဦး မှသည် ကိုပါကြီး အထိ နာကျင်စွာ ပြိုလဲသွားခဲ့ရတဲ့ ဒီမိုကရေစီ တော်လှန်ရေး ပန်းပွင့်များ ဟာ အနာဂတ် တိုင်းပြည် အသစ်ပြောင်းလဲဖို့ နှိုးဆော်မယ့် အရိုင်းလေ ခေါ်သံတွေ ဖြစ်ရမယ်။

အနာဂတ်ရဲ့ သီချင်း လူထု အပေါင်း မျှော်လင့်သော လတ်ဆတ် သန့်ရှင်း တဲ့ ဒီမိုကရေစီ အရိုင်းလေပြင်း ဆက်တိုက်ကြပါ။

ဒါ.. နောက်ဆုံး.. ကြယ်များ.. မြေမှာ.. ပျံ့ကြဲသွား..

အတိတ်ရဲ့.. အိပ်မက်တွေ.. ကြွေသွားချိန်..

ဘယ်သူတားနိုင်မလဲ.. ဒါဟာ.. အမှန်တရားပဲ..

သီချင်းသစ်ဆို.. ညည်းနေ.. ဒါ.. အရိုင်းလေ..

နံရံများစွာလဲ.. မြေမှာ.. ပြိုလဲသွား..

အတားအဆီးမဲ့.. အနမ်းတွေ.. ဆုံဆည်းချိန်..

အနာဂတ် တေးသံများ.. ကမ္ဘာမြေ.. ဖြတ်သန်းရင်း..

အဝေးက.. ဆိုညည်းသံ.. ငါ.. ကြားနေ..

အရိုင်းလေ.. ကမ္ဘာမြေ.. သာယာ.. စိုပြေသွားမယ့်..

မင်းရဲ့.. တေးသံတွေ.. ဒီမှာ.. ယူဆောင်လာပါ..

အကောင်းဆုံး အိပ်မက်များ.. ငါလေ.. တမ်းတနေ..

ရွှေရောင်.. လမ်းမများ.. ဘယ်ကို.. ရောက်သွားမလဲ..

မျှော်လင့်ချက်.. စေခိုင်းရာ… ငါ.. သွားနေ..

ဘယ်သူတားနိုင်မလဲ.. ဒါဟာ.. အမှန်တရားပဲ..

သီချင်းသစ်ဆို.. ညည်းနေ.. ဒါ.. အရိုင်းလေ..

နာကျင်စွာ.. ပြိုလဲသွား.. အချိန်လွန်.. ပန်းပွင့်များ..

ဒီကမ္ဘာ မြေကို.. အသစ်ပြောင်းလဲ.. ဒဏ်ရာတွေကို.. ပြင်ဆင်ရင်း..

ဒါဟာ.. အနာဂတ်ရဲ့.. သီချင်း.. ငါ.. မျှော်လင့်သော.. အရိုင်းလေပြင်း

အရိုင်းလေ

စာသား – မြင့်မိုးအောင် @ Myint Moe Aung

တေးဆို – ရဲသွင် @ Ye Thwin

လေချွန်နတ် – ဇော်ဝင်းထွဋ် @ May Khine Ohn

တေးစု – လပြည့်ကဗျာ (ဇန္နဝါရီ-၁၉၉၄)

တေးဂီတ – Emperor (ဧကရာဇ်)

@ Zaw Myo Htut @ Leonard Mgmg Lwin

Harmony – မေ ညီအစ်မများ၊ လီရိုနာ့

Myanmar Version YouTube Music Video URL: http://youtu.be/NGO68eI749Y

နိုဝင်ဘာ (၉) ရက်၊ ၂၀၁၄ ဘာလင်တံတိုင်း ဖြိုချခဲ့သည့် (၂၅) နှစ်ပြည့် ငွေရတု နှစ်ပတ်လည်နေ့ အမှတ်တရ။

ငြိမ်းချမ်းအေး

 

နိုဝင်ဘာ ၉၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts