Han Thit Naing ဓာတ်ပုံသတင်း
ဟန်သစ်နိုင် – လုပ်ကြံသတ်ဖြတ်ခံရသည့် ကိုပါကြီး၏ရုပ်အလောင်းကို မိသားစုနှင့် မိတ်ဆွေများက သဂြို င်္လ်ပြီးစီး
ဟန်သစ်နိုင် – လုပ်ကြံသတ်ဖြတ်ခံရသည့် ကိုပါကြီး၏ရုပ်အလောင်းကို မိသားစုနှင့်
မိတ်ဆွေများက  သဂြို င်္လ်ပြီးစီး
(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၁၄
ယမန်နေ့က ရန်ကုန်မြို့ ရေဝေးသုဿန်၊ ညနေတွင် သုံးရောင်ခြယ်အဖွဲ့ဝင်နှင့် အလွတ်သတင်းထောက်တဦးဖြစ်သူ ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် အသက် (၄၉)၏ ရုပ်အလောင်းကို မိသားစုများ၊ မိတ်ဆွေ သင်္ဂဟများ၊ မြန်မာ့အရေး လှုပ်ရှားသူများဖြင့် ဈာပနအခမ်းအနားပြုလုပ်ပြီး ဂူသွင်းမြုပ်နှံခဲ့သည်။ ကိုပါကြီးသည် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြန်မာတပ်မတော်၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းအမှုအခင်းကို တပ်မတော်နှင့် အစိုးရအာဏာပိုင်များက အောက်တိုဘာ လလည်ပိုင်းတွင် ထုတ်ဖော်ဝန်ခံခဲ့သည်။ မိသားစုဝင်များက ကိုပါကြီးရုပ်အလောင်းကို
သွားရောက်ဖော်ထုတ် စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းနှင့်အတူ ရန်ကုန်မြို့သို့ သယ်ယူ သဂြိုလ်ရန်စီစဉ်ခဲ့ကြသည်။
လက်နက်မဲ့ နိုင်ငံသားတဦးဖြစ်သူ ကိုပါကြီးကို ဒေသခံမြန်မာတပ်မတော် အာဏာပိုင်များက သူပုန်လက်နက်ကိုင်တဦးအဖြစ် စွပ်စွဲပြီး သေနတ်ဖြင့်
ပစ်သတ်ခဲ့ပြီးနောက် ရုပ်အလောင်းကို ဖျောက်ဖျက်ခြင်း၊ လုပ်ကြံသတင်းများ လွှင့်ပြီး ဖုံးကွယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းနောက် အစိုးရမှ အမှုမှန်ကို ဖော်ထုတ် အရေးယူပေးမည်ဟု ပြန်ကြားခဲ့ပြီးသော်လည်း ရုပ်အလောင်း ဖော်ထုတ်သယ်ယူရာတွင်လည်း ဒေသခံ အာဏာပိုင်များ၏ အနှောက်အယှက်ပေးမှုများနှင့် ကျန်ရစ်သူမိသားစုနှင့် မိတ်ဆွေများ ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။
ကိုပါကြီးအလောင်း သွားဖော်သောအချိန် မြို့ထဲတွင် အမည်မသိသူများက ကိုပါကြီးအလောင်းသည် ပုပ်ပွနေပြီး မြို့နာတယ်ဟူသော စာများဝေလျက်ရှိနေကြောင်း၊ ရုပ်အလောင်း၏ ကျောဖက်တွင် သေနတ်ဒဏ်ရာတခု အပါအ၀င် သေနတ်ဒဏ်ရာ ၆ခု တွေ့ရကြောင်း စသည့် အတည်မပြုနိုင်သည့်
သတင်းများကို ဖြန့်နေကြသည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဥာဏ်လင်းမှပြောပြသည်။ 
အလောင်းကို ရန်ကုန်သို့ မသယ်ဆောင်ရန် ရက်ကွက်လူကြီးများနှင့် ဘုန်းကြီးများက တားမြစ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်နေ့ ညအချိန် ၉နာရီ ၄၅ တွင် စည်ပင်မှ စာတစ်စောင်လာရောက်ပေးပြီး နိုဝင်ဘာ ၅ ရက်နေ့ ခွဲစိတ်ပြီး၂၄ နာရီအတွင်း ပုဒ်မ၂၈ (က) အရ မီးသဂြိဟ်ရန် အမိန့်ထုတ်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် ကျိုက်မရောမြို့မှအလောင်းကို  နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီ ၁၅ မှစတင် သယ်ဆောင်လာပြီး ရန်ကုန် ရေဝေးသုဿန်သို့ နေ့လည်
၂နာရီဝန်းကျင်တွင် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ကျိုက်မရောမြို့တွင် ရုပ်အလောင်းမသယ်ဆောင်နိုင်ရန် တားမြစ်ခဲ့ကြသော ဘုန်းကြီးများကို ရွှေညဝါဆရာတော်က  “ ဘုန်းကြီးအစစ်လား အတုလား … မကွဲဘူး” ဟု ဝေဖန်လိုက်သည်။
အမှုမှန်ပေါက်ရေး၊ အမှန်တရား ပေါ်ပေါက်ရေးနှင့် နိုင်ငံသားတစ်ဦးကို အခွင့်အရေးအရ ကာကွယ်ပေးနိုင်ရေးအတွက် ဝိုင်းရံပေးလိုသည့်ဆန္ဒဖြင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက အလောင်းဖော်ဆောင်ရေးတွင် လိုက်ပါခဲ့သည်ဟု ပြောကြားသည်။
 မမီးမီးက ပြောကြားရာတွင် …
ကိုပါကြီးကို ဒုတပ်ကြပ်ရဲအရာရှိမှ စတင်ဖမ်းဆီးပြီး စစ်တပ်သို့လွှဲပြောင်းပေးအပ်ခြင်းသည် ပုံစံမကျကြောင်း၊   နိုင်ငံသားတစ်ဦးကို မြို့လယ်ခေါင်တွင် ဖမ်းဆီးပြီး မမြင်ကွယ်ရာမှာ လက်လွတ်စပယ် မလုပ်သင့်ကြောင်း၊   အလောင်းကို တွင်းနက်နက်တွင်မဟုတ်ပဲ တစ်ထွာကျော်ကျော်တွင်တွေ့ရပြီး ဝတ်ပေးထားသောအဝတ်အစားများမှာ သပ်ရပ်ခြင်းမရှိ အလွယ်မြုတ်ထားရှိကြောင်း၊ တပ်မတော်မှ ကောင်းမွန်ပြီးစီးစွာ သဂြိုဟ်ပြီးကြောင်း
ပြောပြသည်မှာ မဟုတ်ကြောင်းပြောသည်။
ဆက်လက်၍“ ဖျာလိပ်နဲ့လည်းပတ်ထားခြင်းမရှိဘူး၊ ပလပ်စတစ်အိတ်နဲ့လည်း ထည့်ထားခြင်းမရှိဘူး၊ အခေါင်းထဲ ထည့်ထားခြင်းမရှိဘူး မြေကြီးပေါ်မှာ ဒီအတိုင်းပစ်ထားပြီးတော့ အပေါ်ကနေ မြေကြီးလေးတစ်ထွာကျော်ကျော်လေးဖုံးရုံလေးဖုံးထားတဲ့ နိုင်ငံသားတစ်ယောက်ကို ကောင်းမွန်စွာ ပြီးစီးကြောင်းဆိုတာမဟုတ်” ဟု ထောက်ပြလိုက်သည်။
ကိုပါကြီးဈာပနတွင် ပြည်သူများ၊ မီဒီယာများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှ ၁ မိနစ်ငြိမ်သက် အလေးပြုခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီး ဦးတင်ဦး၊ ဦးနိုင်းနိုင်း၊ နှစ်ကျွန်းပြန် ရဲဘော်ခင်အောင် ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုဂျင်မီ၊ ဒေါ်နော်အုန်းလှတို့မှ မတရားမှုများကို ပြည်သူအားလုံးနှင့် လက်တွဲတွန်းလှန်သွားမည်ဟု  ကိုပါကြီးအသုဘစင်ဘေးတွင် ရဲရဲတောက်ပြောသွားခဲ့ကြသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
Similar Posts
One thought on “ဟန်သစ်နိုင် – လုပ်ကြံသတ်ဖြတ်ခံရသည့် ကိုပါကြီး၏ရုပ်အလောင်းကို မိသားစုနှင့် မိတ်ဆွေများက သဂြို င်္လ်ပြီးစီး
  1. မ မီး မီး
    Please go and see good doctor. To remove. Your. Mole. @ right nasolabial fold. I can see it on your photo.
    ကျ ​နော်​ က လုံး ၀ အယူ မသည်း ဘူး.
    But. Remove it.I did have seen about 9 women lile this. Remove it.
    It is easy with local anaesthetic.
    ထုံ ​ဆေး ထိုး. သန့်​ သန့်​ ရှင်း ရှင်း လုပ်
    Minor procedure.
    တင်​ မျိုး ၀င်း ကို လုပ်​ ​ပေး နိုင်​ ရင်​ လုပ်​ ခိုင်း လိုက်​ ပါ.
    သို့ မဟုတ်​ လူ ငယ်​ ဆရာ ၀န်​ နဲ့ လုပ်​ လည်း ရ တယ်​.
    ၁၅ မိနစ်​ မကြာ ဘူး.
    အန်​ လည်း ၃ ရက်​ ဆို ကျက်ုပီ
    This must be removed. No joke. NO PREJUDICE. NO SUPERSTITION.
Comments are closed.