Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – DVB သတင်းဌာနက အစီအစဉ်သစ်များ တိုးချဲ့ ထုတ်လွှင်နေပြီ

ဟန်သစ်နိုင် – DVB သတင်းဌာနက အစီအစဉ်သစ်များ တိုးချဲ့ ထုတ်လွှင်နေပြီ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၄

DVB သတင်းဌာနက အစီအစဉ်သစ်များတိုးချဲ့ ထုတ်လွှင့်မှုနှင့်ပတ်သက်ပြီး ၂၀၁၄ခုနှစ် နိုဝင်ဘာ၃ရက်နေ့တွင် ရန်ကုန်မြို့ CENTRAL HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။

နော်ဝေးနိုင်ငံတွင် ၁၉၉၂ မှ ၂၀၁၃ အထိ အခြေစိုက်ခဲ့သည့် DVB သတင်းဌာနသည် ယခုအခါ မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်းကို DVB Multimedia Group (DVB) မှတ်ပုံတင်နာမည်နဲ့ တရားဝင်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ DVB ရုပ်မြင်သံကြားသည် ၂၄နာရီအဆက်မပြတ်ထုတ်လွှင့်နေပြီး သတင်းအသစ်များကို ညနေ ၅နာရီမှ ည၈နာရီအချိန်များတွင်သာထုတ်လွှင့်နိုင်ခဲ့ကြောင်း ပြောကြားသည်

သို့ရာတွင် ၂၀၁၄ခုနှစ်၊ သြဂုတ်လ ၁၈ရက်နေ့မှစပြီး နောက်ဆုံးရသတင်းများကို မနက်၈နာရီမှ ည ၈ နာရီတိုင်း ထုတ်လွှင့်နေပြီဖြစ်ကြာင်း၊ အရေကြီးသတင်းများကို ည၈နာရီမှ ည၉နာရီအထိ ထုတ်လွှင့်ပေးနေကြောင်း၊ အစီအစဉ်အသစ်များ ထုတ်လွှင့်သော်လည်း DVB၏ လက်ရှိမူဝါဒများမပြောင်းလဲကြောင်း၊ DVB သတင်းဌာနသည် စီးပွားရေးလုပ်ငန်းအတွက် အဓိကထားလုပ်ဆောင်ခြင်းမဟုတ်ပဲ အများပြည်သူများအတွက် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းတွေ လည်ပတ်နိုင်ရေး၊ ပြည်သူများအကျိုးအတွက် အသိပညာပေးခြင်း၊ သတင်းအချက်အလက်များ ထုတ်လွှင့်ပေးခြင်း၊ ပျော်ရွှင်မှုပေးခြင်းများဖြစ်ကြောင်း DVBသတင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts