ရန်လင်းအောင်

ရန်လင်းအောင် – မြည်သံစွဲ အင်္လကာ

မြည်သံစွဲ အလင်္ကာ
ရန်လင်းအောင်
အောက်တိုဘာ ၂၈၊ ၂၀၁၃


အာရုံညောင်းစရာတွေ
ညာသံပေးလို့ ….
မိုးဘေးရှောင်ရ၊ လေဘေးရှောင်ရ
ရေဘေးရှောင်ရ၊ မီးဘေးရှောင်ရ
ငလျင်ဘေးရှောင်ရ  ….
ငှက်တစ်သောင်းနဲ့ သစ်တစ်ပင်
ကျော်မကောင်းကြားမကောင်း
ယူကျုံးမရ ၊
ကမ္ဘာက လန်ထွက်နေတာပဲ ၊
အစားဘေးရှောင်ရ …
အသားဘေးရှောင်ရ …
အရိုးဘေးရှောင်ရ …
သူခိုးဘေးရှောင်ရ …
လူနဲ့ သဘာဝပတ်ဝန်းကျင်
ဇက်ကြောခဏခဏတက်တယ် …
သေပြေးရယ်  ရှင်ပြေးရယ်
ကြမ်းတပြေးနဲ့ရယ် 
ရမ္မက်ဘေး  ရှောင်ရ ….
ကြွက်ဘေး  ရှောင်ရ ….
အငတ်ဘေး ရှောင်ရ ….
အသတ်ဘေး ရှောင်ရ …
ရှောင်မရ  ရှားမရဖြစ်သော်ငြားအံ့
ကြောင်ကျလေးတော့  ကျချင်သေးရဲ.
ချောင် (ဂျောင်) အကျဆုံး ဆိတ်ငြိမ်မှုထဲ
နောက်နောင်ဘ၀များ
အချောင်ရခဲ့ရင်တောင်
ဒီဘ၀  ဒီမျှသာပါပဲ . . . . . . . . . . . . . ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts