မာမာအေး ရသဆောင်းပါးစုံ

မာမာအေး- ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် – အမှတ် (၅၅၆)

မာမာအေး- ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် – အမှတ် (၅၅၆)
နိုဝင်ဘာ ၂၊ ၂၀၁၄

● ဗုဒ္ဓဝင်အစ
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် …။

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဝါကျွတ်ချိန်ကျော်လာလေတော့၊ ကထိန်တော်ခင်းကြတာ ကျောင်းတော်တိုင်းမှကျင်းပမြဲမို့၊ စနေ-တနင်္ဂနွေရယ်လို့ နား မနေကြပဲ၊ ကုသိုလ်ဆက်နွှဲနေကြတဲ့ ဖို့ဝိန်းမြို့ကလေးက ဒါနရှင်တွေဟာ၊ ကိုယ့်ပြည်နဲ့ပြိုင်တောင်၊ နိုင်ပုံပေါက်နေပါရော့လားလို့ ပီတိစား အားရှိတဲ့အထဲ မာအေးလည်း ပါသွားပါတယ်ရှင်။

ရွှင်လန်းတက်ကြွ၊ နှင်းမကျသေးခင်၊ ဟိုကျောင်းဝင်သည်ကျောင်းထွက် ကုသိုလ်ရေးဆက်နိုင်တုန်းဆက်ဖြစ်တာဟာလဲ မာအေးကျန်းမာနေ လို့ဘဲပေါ့၊ သက်ဆိုင်ရာဒီကပေးတဲ့ဆေးတွေလဲပါ၊ ဗုဒ္ဓကြွေးတဲ့ဆေးလည်း ပါလို့နေမှာပါ။ ဗုဒ္ဓရဲ့ဆွမ်းတော်ကျ နေ့တဓူဝစားလား၊ ဗုဒ္ဓတရားတော်အတိုင်းနားကြားလိုက်နာ၊ ဒါတွေဟာ ဆေးဖြစ်လာတယ်လို့ ယုံကြည်တော့ဂါ။ ‘ဗုဒ္မ္ဓဆိုတဲ့စာ- မြင်တာကြားတာ သိတာနဲ့ စပ်စုခဲ့ တာများပြီးကိုး။ အေးချမ်းတယ်လို့ ခံစားရလို့ပါရှင်။

ခုဒီတချီမှတော့ ထင်သာထင် ဘဝင်မကျ အိပ်ရေးကိုပျက်လှပေါ့။ ဘယ့်နှယ် ဗုဒ္ဓမှန်းမသိပါဘူး။ ရူးတောင် ရူးချင်တယ်။ မာအေးတို့ ဗုဒ္ဓဘာသာနွယ်တွေ ငယ်စဉ်ထဲကသိလာရတဲ့ ဘုရားဗုဒ္ဓဝင်နဲ့ ယှဉ်ညှိကြည့်ကြမှ တော်ကာကျလိမ့်မယ်ထင်တယ်။ သောတရှင်တို့ရယ်၊ မာအေးက ည ညတွေမှာ စာဖတ်တယ်၊ စာရေးတယ်။ ဒါတွေမလုပ်ဖြစ်ရင်- အင်တာနက်တက်၊ ရုပ်ရှင်လေးဘာလေးကြည့်၊ face book ကြည့်ပါတယ်၊ ပြီးခဲ့တဲ့တပတ်ကတော့ အင်တာနက်မှာ ဗုဒ္ဓပုံတော်နဲ့ရုပ်ရှင်ဆိုတာတွေ့မိတာကြောင့် ဖွင့်ကြည့်မိတာပေါ့ရှင်။ နိုင်ငံခြား ကားဖြစ်ပေမယ့် မြန်မာစာတမ်းထိုးပါတာမို့ မသိစရာမရှိ။ ကောင်းပေ၏ လုပ်မယ်ကြံတုန်း ဖလ်သားမှာ ဖတ်ရတဲ့စာ- ပေါ်လာတဲ့စာလုံးက စာသုံးကြောင်းမဆုံးခင် မပြုံးချင်ဖြစ်လာပါတယ်။ ဘာတွေလဲဆိုတော့…. “သစ္စာသုံးပါးရှိတဲ့ခေတ်မှာ ဘုရားလောင်းရာမကို ဖွားတော်မူခဲ့ တယ်။ လူတွေကိုလမ်းပြပေးဖို့အတွက် သစ္စာနှစ်ပါးရှိတဲ့ခေတ်မှ ဘုရားလောင်းကဿဖ ဖွားတော်မြင်းတော်မူခဲ့တယ်။ တရားဓမ္မတွေ သင်ကြားပေးခဲ့တယ်” တဲ့ အဲဒီကစ ပြုံးလို့မရဖြစ်သွားခဲ့ပါတယ်။ သစ္စာသုံးပါးခေတ်တို့၊ သစ္စာနှစ်ပါးရှိတဲ့ခေတ်ဆိုတာတို့ကို တွေ့လိုက်တော့ အူကြောင်ကြောင်ဖြစ်သွားလို့ပေါ့။

မာအေးတို့ အခုကိုးကွယ်နေတဲ့ ဘုရားရှင်က သစ္စာလေးပါးအကြောင်းသာ ဟောတော်မူတာမို့၊ ဂင်္ဂါ ဝါလု သဲစုမက ပွင့်ရှာကြတဲ့ ဗုဒ္ဓအဆူ ဆူဟာလည်း တမူထဲလို့သိထားရတာ အပ်ကြောင်းထပ်နေပါပြီ။ ဒီဟာကျမှ ဘာဖြစ်လို့ မပြည့်ရတာလဲ။ ဘဝင်မကျစရာဘဲပေါ့လေ။ ကဿဖဘုရားရှင်ဟာလည်း မာအေးတို့နေနေတဲ့ ဘဒ္ဒကမ္ဘာဆိုတာမှာ ဂေါတမဘုရားရှင်ရှေ့မှာတင် ပွင့်တော်မူခဲ့တာမဟုတ်လားရှင်။ နောက်ထပ် ဘာပိုသိရမလဲဆိုတဲ့စိတ်နဲ့ အဲဒီရုပ်ရှင်ကားလို့ရေးသားတင်ပြထားတဲ့ ဘုရားဗုဒ္ဓအကြောင်း ဇာတ်လမ်း ကို၊ လေးည လေးရက် အိပ်ရေးပျက်ခံကြည့်မိပြန်တော့၊ မပြောမဖြစ်မယ့် ကွဲပြားမှုတွေတွေ့ရတယ်။ ကိုယ့်ဘုရားရဲ့ မူလဗုဒ္ဓဝင်ကို မကျေညက်သူများ -ဒွိဟဝိုးဝါးတလွဲတခြားနားယောင်သွားနိုင်တာကို တွေးမိလာတယ်။ ကိုယ့်တို့ဗုဒ္ဓဝင်မှာက ဂေါတမဗုဒဘုရားဖြစ်လာဘို့ရာ ဘုရားဆုပန်တဲ့ကာလက စတါပါရှင်။ ‘သုမေဓါ’ လို့ခေါ်တဲ့သူဌေးသားလေးဟာ မိဘတွေထားရစ်တဲ့ များစွားသောဥစာပစည်းတွေကိုကြည့်ပြီး ရှာသာရှာပေမယ့် ယူမ သွားနိုင်ပါဘဲကလားလို့ စဉ်းစားအသိတရားရတာကြောင့် တောထွက်၊ ရသေ့ရဟန်းပြုသွားပါတယ်။ ဈာန် အဘိညာဉ်ရလာတဲ့ ရသေ့အရှင် သုမေဓာဟာ ကောင်းကင်ခရီးကကြွသွားစဉ်မှာ ဒီပင်္ကရာမြတ်စွားဘုရားကြွတော်မူမှာမို့ ‘ရမာဝတီ၊’ ပြည်သူမြို့သားတွေ လမ်းပြင်နေတာ ကိုမြင်ရတာကြောင့် ဆင်းသက်လာပြီး၊ လမ်းနေရာတကွက်တောင်းယူပြုဆင်နေတုန်း လူတကိုယ်စာလောက်မပြီးမြောက်တဲ့အချိန်မှာ ဒီပင်္ကရာဘုရားရှင်က ကြွလာတော်မူတော့ တပည့်တော်ရဲ့ ကိုယ်ပေါ်က လျှောက်လှမ်းကြွချီတော်မူပါလို့ ရွှံ့ညွှန်ထဲမှာတံတားသဖွယ်လှဲ လျှောင်း အသက်လှူ ဘုရားဆုယူခဲ့ပါတယ်။ ဒီအကြောင်းကို ဂီတစာဆိုကြီး ရွှေတိုင်ညွှန့်က တေးရေးမှတ်တမ်းပြုထားတာ အထင်အရှားနား ဆင်နိုင်ပါတယ်ရှင်။

(သုမေဓါရှင်ရသေ့မှ) သဲဖြူနဲ့ရာဇမတ်၊ ကြာယက်နဲ့ငှက်ပျောပင်၊ မနောစင်   ဇောကကောင်း၊ ဂေါတမအလောင်းတော်နုစဉ်အခါ၊ ဆုစေတနာ ပလင်တွေ့စရာ၊ လူ့ပြည်မှာ မရွှင်အလေ့ခွာ၊ သုမေဓာရှင်ရသေ့ပါ၊ ယနေ့ဖြင့်အသက်ကိုစွန့်မယ်ဟဲ့လို့၊ ဗွက်ရွှံ့ညွှန်ရေအိုင်ခြား အားကုန်ကြံ ဆောင်တာ (အလျားမှောက်ကာ တံတားလျှောက်ပါ) ၂… အားမြောက်စရာ ဘုရားလျှောက်နေရှာ…..

အဲဒီလိုသုမေဓါရှင်ရသေ့က ဘုရားဆုပန်တာကို ဒီပင်္ကရာဘုရားရှင်က နောင်လေးသင်္ချေကမ္ဘာတသိန်းမှာ ဂေါတမမြတ်စွာဖြစ်မယ့်အကြောင်း ဗျာဒိတ်တော်ချွေခဲ့ပါတယ်။ (သုမေဓါရှင်ရသေ့မှ) ဒီပင်္ကရာစောမြတ်စွာ၊ ထေရ်သင်္ဃာဇောမှတ်စရာ၊ ကြည်လင်စွာသဘောနဲ့ ဟောခဲ့လေ တာ၊ စတုသင်္ချေတသိန်းကမာ လွှတ်ခါ၊ ပုထုဇဉ်တွေငြိမ်းစွာချွတ်မှာ၊ စတုသင်္ချေတသိန်းကမ္ဘာလွှတ်ခါ၊ သုံးလူရှင်စောလောက်တခွင်မှာ ဂေါတမအရှင်ပါ၊ အမတာနိဗာန်တရားဖွေရှာ၊ ဗျာဒိတ်သံကြားလေတာ…. အခုလို နိယတဗျာဒိတ်သံကြားရတဲ့ ဘုရားဆုပန်ရသေ့ကြီး သု မေဓါဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းမှာ ငါးရာ့ငါးဆယ်ဘဝပေါင်းများစွာ ကျင်လည်ပါရမီတွေ ဖြည့်ဆီးပြီးတဲ့နောက်ဆုံးတဘဝကျတော့ တုသိတာနတ်ပြည်မှာ ‘သေတကေတု’ အမည်ရှိတဲ့နတ်မင်းဖြစ်ခဲ့ပါတယ်၊ ဘုရားဖြစ်ချိန်တန်ကါမှ စကြာဝဠာတိုက်တသောင်းက နတ်ဗြဟ္ဓ္မ အပေါင်းလာရောက်တောင်းပန်တဲ့အတွက်၊ ကပိလဝတ်ပြည့်ရှင်၊ ဘုရင်သုဒေါဒနမင်းကြီးရဲ့ မိဖုရား-မာယာဒေဝီထံမှာ သန္ဓေယူခဲ့ပါတယ်ရှင်။

(ပါရမီရှင်လေးသုမိတာမှ) အသင်္ချေယျ ဘဒ္ဒကမ္ဘာ၊ ပါရမီဘုန်းကံ ဆုကြီးပန်ထား အရှင်ဂေါတမဗုဒ္ဓလောင်းလျာ၊ ဖြစ်တော်ပေါင်းငါးရာ ဘဝ ပေါင်းက များလှပေတာ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မာမာအေး- ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် – အမှတ် (၅၅၆)
  1. ကျနော့် အမြင်တော့ ကျနော်တို့ ဗုဒ္ဓဝင်နဲ့ သူတို့ဇတ်လမ်းက ကွာမှာ အမှန်ပါပဲ ခင်ဗျာ။ ဘာလို့လည်းဆိုတော့ သူတို့က ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်တာ။ ရာမတို့ ဘာတို့ ဆိုတာက ဟိန္ဒူဘာသာထဲက ဇတ်လမ်းတွေကို ဗုဒ္ဓဝင်ထဲကို ထည့်တာလို့ ယူဆမိပါတယ်။ အဲဒီလိုနည်းနဲ့ အိန္ဒိယမှာ ဂေါတမ မြတ်စွာဘုရားရှင်လည်း တရားအလုံးစုံကို မိမိကိုယ်တော်တိုင် ထိုးထွင်းပြီး သိတော်မူတဲ့ ဗုဒ္ဓ အဖြစ်ကနေ ဗိဿနိုးနတ်ကြီးရဲ့ ကိုယ်ပွား ဖြစ်သွားရပြီး သာသနာ ကွယ်သွားတာပါပဲ ခင်ဗျာ။ ကျနော် အိန္ဒိယသားတွေနဲ့ စကားပြောကြည့်တုန်းက သူတို့ ကိုယ်တိုင် ဒါကို ဝန်ခံတာ တွေ့ဖူးပါတယ်။
    နောက်ပြီး တကယ့် သမိုင်းကို ရုပ်ရှင်တို့ ဘာတို့ ပြန်ရိုက်တော့ အကူးအပြောင်း အဆင်ပြေအောင် ဆိုပြီး တချို့အခန်းတွေကို ဖြတ်တာတို့ ပြင်တာတို့ လုပ်ရင် ပိုဆိုးပါတယ်။
    နောက်ပြီး ကျနော် သီချင်းတပုဒ်ကို မေ့နေပါတယ် ကြီးကြီးခင်ဗျာ။ သီချင်းစာသားက “ချစ်လှတဲ့ သားပေမို့ အမေရင်ထုကာ မရှုရက်နိုင်ပါပြီ….. မောင့်ဖခင် အာခံတွင်းမှာ သွင်းကာ သိပ်ရသည်…..မင်းအနာ မသတီလောက်စရာက ပြည်ပေါက်တာတောင် မျိုကာချရှာသည်” ဆိုတဲ့ သီချင်းပါ။ အဲဒီ သီချင်းကို မူရင်းအဆိုတော်ရယ် သီချင်းခေါင်းစဉ်ရယ် သီချင်းစာသားတွေရယ် မေ့နေပါတယ် ခင်ဗျာ။

    1. မူရင်းအဆိုတော်ကဒေါ်ကြည်အောင်ပါ။ သီချင်းအမည်က”မိဘမေတ္တာ”လို့ထင်ပါတယ်။ “သားတို့ရုပ်ရည်၊ သီတာရယ်မည်၊ ရေကြည်ချမ်းမြ၊ တပေါက်ကလေးကျရုံမျှနဲ့၊ မိဘတို့ဝမ်း၊ြိငိမ်းစတမ်းတဲ့” ကအစချီပြီး လူပြက်က “တောင်းဆိုးပလို့ပလို့ထိ”ဆိုပြီး ဝင်နောက်တာတွေမှတ်မိပေမဲ့သီချင်းစာသားအားလုံးတော့မမှတ်မိတော့ပါ။

Comments are closed.