သတင်းပဒေသာ ကျော်ဟုန်း

ကျော်ဟုန်း – ကုသိုလ်နှစ်ထပ်နဲ့  မဟာချိုင်က မြန်မာမိသားစု ကထိန်ပွဲ

ကျော်ဟုန်း – ကုသိုလ်နှစ်ထပ်နဲ့  မဟာချိုင်က မြန်မာမိသားစု ကထိန်ပွဲ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၄

၂၆၊ အောက်တိုဘာ၊၂၀၁၄ နေ့ တွင် ၀တ်ဘန့် လိုက်၊ အန်နမိုင်လမ်းကြား၊ မဟာချိုင်မြို့ ၊ စမုစာခွန်ခရိုင်၊ ထိုင်းနိုင်ငံမှာ မြန်မာမိသားစု
များက စုပေါင်းဘုံကထိန်ပွဲ ကျင်းပခဲ့ကြောင်းသိရပါတယ်။

ဒီဘုံကထိန်ပွဲဖြစ်မြောက်ဖို့ ကိုတော့ (မိဘမေတ္တာ)သာသနာ့အကျိုးဆောင်လူငယ်အသင်းနဲ့ မဟာချိုင်ရောက် ရွှေ့ ပြောင်းလုပ်သား
မြန်မာမိသားစုတို့ က  ကြီးမှူးစီစဉ်ခဲ့တာပါ။  သူတို့ နဲ့ အတူ  လောကမိခင်ကျောင်းသူကျောင်းသားများ၊  ဓမ္မစကြာဝတ်ရွတ်အသင်း သားများကလည်း ပံ့ပိုးကူညီကြတယ်လို့ သိရပါတယ်။

 

ဒီဘုံကထိန်ပွဲမှာ ဘာသန္တရဆေက ဓမ္မာစရိယဘွဲ့ ရ အရှင်ထေရာဝံသ(ဖောင်းပြင်)ဆရာတော်က ကြီးမှူးပြီး ကထိန်သင်္ကန်းကပ်လှူ
ကြတဲ့ ဒကာ၊ဒါယိကာမ၊ဧည့်ပရိသတ်များအား ပါရမီ(၁၀)ပါးတရားတော်ကို ဟောပြောမိန့် ကြားပေးပါတယ်။ ဆရာတော်ထေရာဝံသ
ဟာ  ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့ တော်က  မဟာကျုလာတက္ကသိုလ်မှာ BA ဘွဲ့ ရထားတဲ့ ရဟန်းတပါးလဲ ဖြစ်ပါတယ်။  မဟာချိုင်က
မြန်မာမိသားစုများဟာ ဆရာတော်ထေရာဝံသအပြင် လောကမိခင်ပညာဒါနကျောင်းရဲ့ ပဲ့ကိုင်ရှင်များဖြစ်ကြတဲ့ အရှင် အာစိဏ္ဏသီရိ၊
အရှင်ဝိနယ၊ အရှင်သြသဓ၊ အရှင်ပညာဇောတ ဆရာတော်(၅)ပါးအား ကထိန်သင်္ကန်းနဲ့  လှူဖွယ်ပစ္စည်းများကို စေတနာသဒ္ဓါထက်
သန်စွာနဲ့  ကပ်လှူခဲ့ကြတာဖြစ်ပါတယ်။

ဆရာတော်များကို နေ့ ဆွမ်းနဲ့ သစ်သီးဆွမ်းများကပ်လှူကြတဲ့အပြင် ပဒေသာပင်မှာ ထီး၊ဖိနပ်၊ ၀တ္ထုငွေသားများလည်း လောင်းလှူ
ပူဇော်ခဲ့ကြပါတယ်။ အလှူငွေပေါင်း ထိုင်းဘတ်ငွေ ၅၄၀၀၀ ရရှိပူဇော်နိုင်ကြောင်းသိရပါတယ်။ ဒီလှူဒါန်းငွေအစုစုတို့ ကိုလည်း  ရွှေ့ 
ပြောင်းလုပ်သားများ ဘ၀မြှင့်တင်ရေးအတွက် ပညာဒါန၊ လူမှုအထောက်အပံ့များပေးနေတဲ့  လောကမိခင်ပညာဒါနကျောင်းအတွက်
အသုံးပြုသွားမှာလို့ သိရပါတယ်။ ဘတ်ငွေ( ၅ သောင်း ၄ ထောင်)ဟာ ပညာသင် ၅ လစာဖူလှုံစေကြောင်း၊ အရှင်အာစိဏ္ဏသီရိမှမိန့် 
ကြားပြီး အလှူရှင်များကောင်းမှုအတွက် ပြန်လည်ကျေးဇူးတင်စကား မိန့် ကြားခဲ့ပါတယ်။ ဒါကြောင့် မဟာချိုင်က မြန်မာမိသားစုတို့ 
ရဲ့ အလှူဟာ ကထိန်အကျိုးကျေးဇူးအပြင် ပညာဒါနထောက်ကူနိုင်လို့ ပညာဒါနပါထပ်ဆင့်ရမယ့် ကုသိုလ် (၂) ထပ်အလှူလို့ ဆိုချင်
ပါတယ်။

ဒီကထိန်ပွဲကို ပရိသတ်များ ဘေးကင်ရန်ကွာ လာရောက် တရားနာ ကုသိုလ်ပြုနိုင်ဖို့ ကိုလည်း  စီစဉ်သူများက  ကားအကြိုအပို့ ပါ
လုပ်ဆောင်ပေးကြောင်းသိရပါတယ်။ ဒီကထိန်သင်္ကန်းကပ်ပွဲကို နံနက်(၈) နာရီမှာ စတင်ပြီး၊ နေ့ လည် (၁) နာရီမှာ အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ကြောင်း၊ ပရိသတ် ၅၀၀ ကျော်ခန့်  လာရောက်ကုသိုလ်ပြုခဲ့ကြကြောင်းသိရပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts