ကဗျာ

လင်းထိန် – မြို့ရွာအိုးအိမ်​​တွေ

  လင်းထိန် – မြို့ရွာအိုးအိမ်​​တွေ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄

လမ်းမကြီး​တွေရဲ့​ဘေးဘယ်​ညာ

မျက်​နှာစာတန်းရှည်​ရဲ့​နောက်​ဘက်​​တွေမှာ

များ​မြောင်​ ရှုပ်​​ထွေး

လမ်း​မြှောင်​ လမ်းသွယ်​​လေး​တွေနဲ့

အိုးအိမ်​​လေး​တွေ အစုစု အပုံပုံရှိ​နေတာ

အပြွတ်​လိုက် ​အခိုင်​လိုက်​ပါ၊

သူတို့​တွေ ​ဘေးပြန့်​ကားတဲ့အခါ

ကွင်းပြင်​လယ်​ပြင်​​တွေ​ပေါ်

စိမ့်​ကွက်​လာတာ၊

ဒေါင်​လိုက်​ ပြန့်​တဲ့အခါ

ထိုး​ထောင် ​မိုးမတ်​လို့

မြင့်​တက်​တာ၊

အညွန့်​တလူလူနဲ့ သူတို့ဟာ

တောင်​​တွေ​ပေါ်လည်း တက်​ကြတာ​၊

ကမ်း​ခြေရိုးတန်း​တွေနားလည်း

သွယ်​တန်းသွားကြပြီး

မြေပြန့်​​တွေမှာ

စု​ဝေးကြလို့ပါ၊

လမ်းမကြီး​တွေ လမ်းက​လေး​တွေက

သူတို့ရဲ့

အကိုင်းအခက်​​တွေလိုပါ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts