အိပ်ချင်ယောင်ဆောင်သူတွေကိုလက်တို့ ပြီး နှိုးနေကြတယ်
ရူးပါ့၊
မာယာများတဲ့ မြစ်ကိုလက်ပစ်ကူးနေကြတယ်
ရူးပါ့၊
သော့ခတ်ထားတဲ့ တံခါးကိုအဆက်မပြတ် ခေါက်နေကြတယ်
ရူးပါ့၊
ဆီသည်မ လက်သုတ်ကိုခ၀ါသည်လုပ် ဖွတ်နေကြတယ်
ရူးပါ့၊
ရူးမနေကြနဲ့ ဟေ့ကျားဆိုးနဲ့ ကျားထိုးရင်
အရိုးတခြား အသားတခြားဖြစ်သွားမယ်။
(အောက်တိုဘာ၊ ၂၆၊ ၂၀၁၄)
Photo credit – http://galleryhip.com/dictatorship.html