ကဗျာ ဖိုးထက်

ဖိုးထက် – သွားနဲ့ကိုက်မယ့် ကဗျာ

ဖိုးထက် – သွားနဲ့ကိုက်မယ့် ကဗျာ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄

လက်နက်မဲ့ လူ
လူဆိုမှ လူကို
စနစ်ဆိုးအတွက်
ဘယ်အတွက်နဲ့မှ
ဘေးဘယာ ဝေးစေ၊ အေးပါစေ လား။

ဟေ့……
ဇ ရှိရင် ရှေ့ထွက်…
ခါးတောင်းဘဲ ကျိုက် ကျိုက်
လက်ပန်းဘဲ ပေါက် ပေါက်
ချဲလင့်ဘဲ ခေါ်ခေါ်
မင်းသတ်ရင် မင်းထွက်
ငါ သတ်ရင် ငါထွက်မယ်ကွယ်။

ဟေ့….
လက်နက်ကို အားကိုး
အာဏာ အားကိုး
မအေရိုးတို့
လက်ဗလာ အကျဉ်းသား
သတင်းသမားအား
ဘယ်လို ဆိုးယုတ်
စိတ် အစုတ်တွေနဲ့
သတ်ပစ်ကြသလဲ။

ဟေ့…
သတ္တိဆိုတာ ကပ်ခွာ တံဆိပ်မဟုတ်ဘူး
လက်ဖျံမှာ ရှိတဲ့ တက်တူး မဟုတ်ဘူး
ရင်ထဲက စိတ်အင်အား
မင်းမှာ ရှိရင် ရှေ့ထွက်
ပ၀ါလဲ မကူနဲ့
ရေလဲ မယူနဲ့
ချက်အောက်ပိုင်းဘဲ ထိုး ထိုး
သွားနဲ့ ဘဲ ကိုက်ကိုက်

ဟေ့…
ထွက်ဆိုရင် ထွက်
အခုထွက်ခဲ့။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts