ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အယူအဆနဲ့  စံ သတ်မှတ်ချက်

ကျော်ဟုန်း – အယူအဆနဲ့  စံ သတ်မှတ်ချက်

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၄

အယူအဆ

သူ့ ခေတ်နဲ့ သူ

လူတွင်ကျယ်ပေါ့။

ခေတ်ဟောင်းအယူ

ခေတ်ပြောင်းလဲ ထူ

အယူ အဟောင်း

အယူ မပြောင်း

ခေတ်နဲ့ အံချော်

မသရော်နဲ့ ။

ဒါ …

သူ့ ဘ၀နဲ့ 

သူ့ အလှမို့ 

ရှင်သန်ခွင့်ပေး

ဒီမိုအယူ

ဒီလိုရှိတယ်။

ဒါပေမဲ့ …

ဟိုလို ဒီလို

အူကြောင်စပ်ကြား

ရောင်စဉ်စပ်ကြား

သတိထားဟေ့။

သူတို့ က …

ချိန်ခွင်လျှာစောင်း

အလှည့်အပြောင်း

လက်ခမောင်းခတ်

ကျွမ်းဝင်တတ်သူ

တကယ့်ရန်သူ။

အမြဲတမ်း …

ပြောင်းလဲမှုသာ

မပြောင်းလဲမှု၊

ဗုဒ္ဓ ရှာခဲ့။

အမြဲတမ်း …

မတည်ခြင်းသာ

တည်မြဲမှုပေါ့၊

သဘာဝမြဲ။

သေချာတယ် …

အများကြိုက်ရင် စူပါ၊

ဘုရားကြိုက်ရင် မဟာ။

ကျော်ဟုန်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts