ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြည်လုံးပြာ

 ရန်လင်းအောင် – ပြည်လုံးပြာ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄

လွှတ်ပြန်ပြီတဲ့ ဖမ်းပြန်ပြီ

ဖမ်းပြန်ပြီတဲ့ လွှတ်ပြန်ပြီ

ဖြူနှင်းထွေး လွတ်ပြီလား

ဖြူနှင်းထွေး

တကယ် လွတ်ပြီလား

သူ လွတ်ပြီလား

ငါလွတ်ပြီလား

ခင်ဗျားတကယ်လွတ်ပြီလား

ဖြူနှင်းထွေး ကော

တကယ်လွတ်ပြီလား ။

ဦးဝင်းတင်

သေသည်အထိ

အပြာဝတ် မချွတ်တမ်း

မလွတ်သောသရုပ်ကိုပြခဲ့ပြီ ။

ဘုရားစူးစေ့ ဒီမိုကရေစီ

မိုးကြိုးပစ် ဒီမိုကရေစီ

ပလီလွန်း မြည်လွန်းနေသမျှ

ဥပဒေခမျာ

သဘောရှိ ကရောဟိ

လွှတ်ချင်လွှတ်

ချုပ်ချင်ချုပ်

ထူးမခြားနား အကျယ်ချုပ်မှာ

ငါတို့ အားလုံး   ပြည်လုံးပြာ  ။    ။

(သရုပ်ဖော် – ပန်းချီ သန်းဌေးမောင်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts