(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄
ကယ်လီဖိုးနီးယားမှာ
ဆေးလိပ်လည်းတို
နေလည်းညိုခဲ့ပြီ ….။
အညာလမ်းက တမာတန်းမှာ
မိနီတယောက်တည်း
ကိုရင်ဂျမ်း အစမ်းစာကိုဖတ်လို့
အမေ့ကျောင်းက
က….ကလေးငယ်တွေအတွက်
ယုန်ကလေးက နားရွက်ထောင်
ကြောင်ကလေးက လက်သည်းဝှက်
ညအခါ လသာသာ
မမ ဝဝ ထထ က ဆိုတဲ့
ကလေးကဗျာတွေ အဖိုးဂျမ်း ချန်ထားခဲ့တယ်…..။ ။
ပန်းဈေးခင်းက
အဖိုးဂျမ်းရဲ့ ပန်းလက်ဆောင်နဲ့အတူ
ဖန်မီးအိမ်လေးတစ်လုံး
ထီးကလေးနဲ့ မနီတို့အဖိုး
ပုဂံကျောင်းက
ခေါင်းလောင်းသံတွေမတိတ်ခင်
နှင်းဆီပွင့်ပေါ်မှာ မအိပ်ဆက်ပဲ
ကံ့ကော်ရိပ်မှအိမ်မက်များနဲ့အတူ
လော့စ်အိန်ဂျလစ် နေအိမ်နီးက
လက်ဖက်ရည်ဆိုင်မှာ
မနီတို့အဖိုး ဂျမ်း
ထာဝရအိပ်ဆက်ခဲ့ပြီ….။ ။
နိုဝင်ဘာ (၁၉) ဆရာကြီးတင်မိုးအသက် (၈၁) နှစ် မွေးနေ့သို့ အမှတ်တရ ရေးဖွဲ့သည်။