ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – ပွဲေ တာ်

 မင်းညွန့်လှိုင် – ပွဲေ တာ်
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

မိုးလည်းကြည်လင်ပြီ

မြေပြင်လည်းရှင်းသန့်ပြီ

မုန့်သိုင်းခြုံနံ့သင်းပျံ့ပြီ ။

ပူပူနွေးနွေး မုန့်ပဲသွားရည်စာ

ပူပူနွေးနွေး စည်းသွက်ဂီတ

ပူပူနွေးနွေး အနံ့ပြင်းပြင်း

ပူပူနွေးနွေး အလင်းတောက်တောက်

ပူပူနွေးနွေး အရောင်အသွေးစုံ

ပူပူနွေးနွေး သွေးလည်ပတ်မှုနဲ့

အေးခဲထည်ကြီးတစ်ခု

အပေါ်ယံပဲဖြစ်ဖြစ်

အရည်ဖျော်ပစ်ကြဖို့ ။          ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts