ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဇင် မာအောင် – ၀ါ ရှင် တန် မှတ် တမ်း

ဇင် မာအောင် – ၀ါ ရှင် တန် မှတ် တမ်း

(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄ (သူ့ဖေ့စ်ဘွတ်က ခွင့်တောင်းပြီးယူပါတယ်)

ဒီ နေ့ DC ရောက် တာ တ ပတ် ပြည့် တယ်။ အရင် က ခရီး တွေ နဲ့ မတူ ပဲ ဒီ တခေါက် တော့ ကိုယ့် အခန်း နဲ့ ကို ယ် ၊ နေ့ စဉ့်  တင်္န လာ ကနေ သော ကြာနေ့ အထိ ပုံ မှန် ရုံး သွား ၊ ကိုယ့်  research project အတွက် အ လုပ် လုပ် ဖို့ လို သလို ၊ Forum တွေ ၊ Lecture တွေ ရှိ ရင် လည်း တက် ရ ပါ မယ် ။

အခု တပတ် အတွင်း မှာတော့ program orientation ၊ office orientation ၊ Travel orientation ၊ Visa Orientation အစရှိ သဖြင့် များ ပါ တယ်။

ကျ မ နေ တဲ့ နေ ရာ က — Rosslyn မှာ၊ ရုံး က မြို့ ထဲ မှာ ဆို ပါ တော့ ။

Metro စီး ပြီး ရုံး သွား ရ တဲ့ ပထမ ဆုံး အတွေ့  အကြုံ က စိတ် လှု ပ် ရှား စရာ ပါ ။ ဒီ မှာတော့ ရ ထား ကို Metro လို့  ပဲ ခေါ် ကြတယ် ။ Public Transportation က တော် တော် လေး အစဉ် ပြေ ပါ တယ်။

သူ့ System နဲ့ ပထ မ ဆုံး အသား ကျ အောင် လေ့ လာ ဖို့ပဲ လို တယ် ။

ပထ မ နေ့ က ကျမ တို့ Program ရဲ့  Research Assistant က ရထားလက် မှတ် လုပ် ပုံ ကို လိုက် ပြပေး ပါ တယ် ။ ၁၀ US $ အရင် သွင်း ထား လိုက် ပြီး Smart Card လုပ် ထား လိုက် တာ ပါ ။ ရထား လမ်း တွေ က မြေအောက် ရ ထား လမ်း ပိုင်း တွေ များ ပါ တယ် ၊ ဒါ ပေ မယ့် ဗာဂျီး နီး ယား က နေ ၀ါ ရှင် တန် ဘက် ကူး တဲ့ နေ ရာမှာ တော့ –( Patomac River ) မြစ် ကို ဖြတ် ရ တော့ — ရေ အောက် ရ ထား လို့ လည်း ပြော ရ မှာ ပါ ။ အဲ ဒီ့  အပိုင်း မှာ တော့ ရ ထား လမ်းက ရေ အောက် က နေ ဖြတ် ပါ တယ်။

Rosslyn က နေ Metro Centre ကို ၁၅ မိနစ် လောက် ပဲ စီး ရ ပြီး တော့ လမ်းလျှောက် တာ နဲ့ ပါ ဆို ရင် တော့ အိမ်က နေ ရုံး ရောက် ဖို့ မိနစ် ၃၀ လောက် ပဲ ကြာ ပါ တယ် ။

ရန် ကုန် မှာ နေ့ စဉ် နဲ့ အမျှ အလုပ် သွား အလုပ် ပြန် ပင် ပင် ပမ်း ပမ်း ကား တိုး စီး ၊ ရထား တိုး စီး ပြီး လုပ် ငန်း ခွင် မ၀င် ခင် ကတည်း က လူတွေ က ပင် ပမ်း နေ ရ တဲ့ အဖြစ်တွေ ကို သတိ မရ ပဲ မနေ နိုင်ပါ ဘူး ။

ဘယ် သွား သွား ဘာ လုပ် လုပ် မြန် မာပြည် အကြောင်း မတွေးပဲ မနေ နိုင် လောက် အောင် ပါ ပဲ ။

 

ကလေး နဲ့ ကစား ကွင်း

တနင်္ဂနွေ နေ့ ရုံး ပိတ် ရက် မှတော့ ရန်ကုန် မှာခင်ခဲ့  တဲ့  သံ တမန် မိတ် ဆွေတယောက် နဲ့ ကော် ဖီ သောက် ရင်း စကား ပြော ရင်း အပြင် ထွက် ဖြစ် တယ် ။ ကျ မ နဲ့ ပြန် တွေ့  ရ လို့ သူ လည်း တော် တော် စိတ် လှုပ် ရှား ၊ ပျော် ရွင် နေ ပုံ ရ တယ် – ကျမ လည်း ထို့ အတူ ပါ ပဲ ။ သူ နဲ့ အတူ ( ၃ ) နှစ် အရွယ် သူ့  သမီးလေး ကို လည်း ခေါ် လာ တယ် ။ သား နှစ် ယောက် ကတော့ သူ့  အမျိုး သား နဲ့ အိမ် မှာ ကျန် ခဲ့လေ ရဲ့ ၊ ရန် ကုန် မှာ ကတည်း မျက် မှန်း တမ်း မိနေ တဲ့ ကလေး လေး က မှတ် မိ တဲ့ အပြုံး နဲ့  ပြုံး ပြ နှုတ် ဆက် တယ်

ပြီး တော့ ကျ မ တို့ ကော် ဖီ ဆိုင် ထိုင် ရင်းစကား ပြော ကြ ချိန် မှာ တော့— ကလေး ကလည်း ချောကလက် စား ရင်း ၊ ကစား ရင်း ပေါ့ ။ ကျ မ ဒီ ကို ရောက် တိုင်း သတိ ထား မိ တာ က — သူ တို့တွေ ကလေး တွေ ကို ပြု စု ပျိုး ထောင် ပုံ ပါ ။ ကလေး တွေ ကို ဘယ်တော့ မှ — ဧည့် သည် ရှေ့  မှာ မို့လို့  — ဘယ် လို မနေ ရ ဘူး ဘယ် လို နေ ရ မယ် တင်း ကျပ် တာ — ငေါက် ငမ်း တာ မျိုး ကျ မ – မတွေ့  မိ ဘူး ။

( — Say Hello to Zin Mar )– ဆိုပြီး နှုတ် ဆက် ခိုင်း တယ်။ ဒါ လောက်ပဲ ။ ပြီး တော့ ကလေး စိတ် ကြိုက် ပဲ ။

ကျ မ တို့ကော် ဖီ ဆိုင် မှာ နာရီ ၀က် လောက် ထိုင် ပြီး တော့ ကလေး က ကော် ဖီ ဆိုင် ထဲ မှာ ပတ် ဆော့နေ ပြီ ။ ဒါ နဲ့ ကျ မ က ( I think we should go to the play ground ) ကလေး ကစား ကွင်း သွား ရင် ကောင်း မယ် ထင် တယ် ဆို ပြီး – ကစား ကွင်းသွား ကြတယ်။

၁၅ မိနစ် လောက် လမ်း လျှောက် ပြီး သွား ရ တယ် ။ လမ်း မှာ အမေ နဲ့ သမီး ရဲ့ ဆက် ဆံနေ ပုံ ကို ကြည့် ပြီး တော့ လည်း ကျ မ Parenting အကြောင်း ကို တွေးနေ မိပြန် တယ် ။

ဒီ မှာ က – ကလေး တယောက်ကို ဘယ် လို nurture လုပ် ရ မယ် ၊ ဆက် ဆံ ရ မယ် ဆို တာ ဟာ ဘာသာ ရပ် တခု ပဲ ။ Parenting ဆို တာ ကျ မ တို့ ဆီ မှာတော့ မိ ဘ စကား နား ထောင် ဆို တာ ထက် မပို တာ ကိုတွေ့  ရမယ် ။

ကလေး ကစားကွင်းကို သွား တ့ဲ့ လမ်း တလျှောက် မှာ လည်း — ဒီ ( ၃ ) နှစ် သမီး လေး ဟာ အငြိမ် မနေ ဘူး ။ ပလက် ဖောင်း ပေါ် မှာ ပြေး လွှား ဆော့ ကစား သွား ရင်း တနေ ရာ မှာ လမ်းခင်း ထား တဲ့ အုပ် ချပ် တချပ် က နည်း နည်း ကြွ နေ တာကိုတွေ့  တော့ — ကလေး သဘာဝ ဖနောင့် ကလေး နဲ့ ပေါ က် ပြီး မြေ ကြီး ထဲ ပြန် ၀င်အောင် လုပ် တယ် ။ မရ မချင်း ရှေ့  ဆက် မယ့်  ပုံ မရ ဘူး ။

ဒါ နဲ့ သူ့  အမေ က ရှင်းပြ တယ် ။ ဘာ့ ကြောင့် ဒီ အုပ် ချပ် ကြွ နေ ရ လည်း ဆို တာ ။— တကယ် တော့ပ လက် ဖောင်း ပေါ် မှာ စိုက် ထား တဲ့ သစ် ပင် အမြစ် က ထိုး လိုက် လာ လို့ ဒီ လို ဖြစ် လာ တာ ၊ သမီး ဒီ အတိုင်း လေး ပဲ ထား လိုက် ပေါ့  ၊— မြေ ကြီး ရဲ့  အောက် မှာ သစ်ပင် အမြစ် အလုပ် လုပ်နေ ပုံ ကို အမေ ဖြစ် တဲ့ သူ က စိတ် ရှည် ရှည် နဲ့ ရှင်းပြ တယ် — ဒီ ( ၃ ) နှစ် သမီး လေး ကို ။

ဒါ နဲ့ ကလေး က ကျေ နပ် သွား တယ် ။ လမ်း ဖြတ် ကူး ခါ နီး ရင် သူ့အမေ က လှမ်း အော် တယ် – (Stop Honey ! Wait Mom ) သူ-့ကို စောင့် ဖို့  ၊ ပြီး တော့ – ကား လမ်းဖြတ် ကူး ခါ နီး ကျ ရင် ဘယ် လို လုပ် ရမ လဲ ဆို တာ — အမေ လုပ် တဲ့ သူက မေး တယ် — ၊ ဘယ် ကြည့်  –ညာ ကြည့် – ဘယ် ညာ ကြည့် ဆို တာ (၃ ) နှစ် သမီး ကတည်းက အကျင့်ဖြစ် နေ ပြီ ပဲ ။ လား လား လား — ၊

ကျ မ မြန် မာပြည် ကို သတိ ရမိ ပြန် ပါ တယ် ။ ဒီ လို နဲ့ —

ကလေး ကစား ကွင်း ရောက် တယ် ။ အများ ပြည် သူ ကစား ကွင်း က ရပ်ကွက် ထဲ က လမ်း မ တွေ ဘေး မှာ ပါ ။ ၀င် ကြေး မလိုပါ ဘူး ။ တနင်္ဂနွေ ဆို တော့  လူ များ တယ် ။ အဲ ဒီ မှာ လည်း – ကျ မ ကလေး တွေ ရဲ့  လူ မှု ဆက် ဆံေ ရး ကို သတိ ထား မိ တယ် ။ တကယ် တော့ သူ တို့ အချင်း ချင်း လည်း အရင် က မသိ ကြ ပါ ဘူး ။ သူစိမ်း တွေ ဆို ပါ တော့ – ၊ မိ ဘ တွေ က ဘေး ကနေ ( ဗမာ လို ဆို ရင် တော့ ) ဒါန်း လို လုပ် ထား တဲ့ ရာ ဘာ ကွင်း လို ဟာ တွေ ကို လွှဲ ပေး နေ မယ် ၊ ကလေး တွေ က တယောက် နဲ့ တယောက် သွက် တဲ့ သူ က သွက် သလို နှုတ် ဆက် စကားပြော ၊ ကစား ကြ ၊ နောက် ပြီး — ကျ မ တို့ ဆီ မှာ စစ် တပ် တို့  ၊ ရဲ တို့ လေ့ ကျ င့် တဲ့ နေ ရာ တွေမှာ တွေ့  ရ တတ် တတ် တဲ့ ကျစ် ကြိုး တွေ နဲ့ ဆင် ထား တဲ့ လှေ ကား လို – တံ တား လို – လျှော စီး တဲ့ စင် – စသည် ဖြင့် စုံ လို့ ပဲ — ။ ကျ မ က ( ၃) နှစ် သမီး လေး အဲ ဒီ စင် ပေါ် ကို သူ့  ခွန် အား နဲ့ သူ တက် ပြီး လျှောက် ဆော့ နေ တာကို ကြည့် ပြီး ရင် တမ မ ၊ အောက် များ ပြုတ် ကျ လိုက် ရင် များ ပေါ့  လေ ။ ကလေး ကတော့ စင် တခု ကနေ တခုကို ပိုက်ကွန် လို ဆင် ထား တဲ့ ကြိုး တံ တား တွေ ပေါ် မှာ လေး ဘက် ထောက် ပြီး ဟို ရောက် လိုက် ဒီ ရောက် လိုက် ကုတ် ကပ် တွယ် တက် ဆော့ ကစား လို့ ။ သူ အမေ က ဘာ မှ မပြော ဘူး ပြုံး ပြီး ကြည့် နေ တယ် ။ ပြီး တော့ ကျ မကို ပြော တယ် ။

“ ကြီး လာ ရင် ဘာ ဖြစ် မလဲ တော့ မသိ ဘူး — ခု ထိ တော့ သူ့  ၀ါ သနာ ဘာ လဲ မှန်း လို့ မရ သေး ဘူး ”တဲ့ — ကျ မ ကတော့ စကား ပြော လိုက် — ကလေး ကို ကြည့်  ပြီး ပြု တ် များ ကျ ရင် ဆို တဲ့ အတွေး နဲ့ လှမ်း ကြည့်  လိုက် နဲ့ ပေါ့ ။ ကလေးကသူ့  အမေ ကို မကြာ ခဏ လမ်း အော် တယ် ( Mom – look at me , I can ) ၊ ဒါ နဲ့ အောက် က တောင် ဂ မူ လို ဖြစ် နေ တဲ့ မြေကို ခြေ ထောက် နဲ့ သွား နင်း ကြည့်  တော့ မှ — ။ အော် — ရာ ဘာ နဲ့ မြေ ကြီး လို လုပ် ထား တာ ကိုး ။

ကလေး နဲ့ စာကြည့် တိုက်

ကစားကွင်းပြီး တော့ ကျ မ ကို စာ ကြည့်  တိုက် လိုက် ပို့ တယ် ။ Virginia County ရဲ့ အများပြည် သူ စာ ကြည့် တိုက် ပါ ။ လူ ကြီး တွေ အတွက် စာ ကြည့်  တိုက် တောင် မှ — မှန် ဘီ လူး နဲ့ ရှာ ရ မလို ဖြစ် နေ တဲ့ နေ ရာ က လာ တဲ့ ကျ မ — ၊ စာ ကြည့် တိုက် ရဲ့  ကား ရပ် တဲ့ ကား ပါ ကင် နေ ရာ ကို ကြည့်  ပြီး တော့ တင် သဘော ပေါက် သွား ပါ တယ်။ ကျ မ တို့ ဆီ က နောက်ဆုံး ပေါ် စူ ပါ မားကပ် တွေ ရဲ့ ကား ပါ ကင် ကို တော့ ပျင်း တောင် ပျင်း သေး တယ် လို့ ဆို ရမယ် ၊ စာ ကြည့် တိုက် နဲ့ ကားပါ ကင် ကို ကြည့်  ရုံ နဲ့ လူ တွေ ရဲ့ စာ ဖတ် အားကို သိနိင်ပါ တယ် ။

ဒီ နေ ရာ မှာ လည်း ကလေး တွေ ကို သတိ ထား မိ ပါ တယ်။ ကျ မ သူငယ် ချင်းက သူ့ စာ အုပ် တွေ Check out လုပ် ဖို့  သွား ပြီး ကျ မ အတွက် Library Card လုပ် လို့ ရ မ ရ စုံ စမ်း နေ ချိန် မှာ – ကျ မ စာ ကြည့်  တိုက် ရဲ့  ကလေး တွေ အတွက် စာ အုပ် စင် နေ ရာ မှာ — ( ၃ ) နှစ် သမီးလေး ဘာ လုပ် မလဲ ဆို တာ ကို စိတ် ၀င် စား နေ မိ ပါ တယ် ။ ကေ လး က — စာ ကြည့်  တိုက် ရောက် တာ နဲ့ – ခွေးခြေ လို ခုံ လေး ပြေး ဆွဲ ပြီး သူ ဖတ် မယ့်  စာ အုပ် တွေ ကို ကြည့် – တအုပ် ချင်း ယူ နေ တော့ တာ ပါ ပဲ ။ ပြီး တော့ ကျ မ ကို အနားက စား ပွဲ လေး ပေါ် တင် ပေးပါ လား တဲ့ ။ Ok Kid ! ( ၃ ) နှစ် အရွယ် ဆိုတော့  ပုံ စာ တွေ နဲ့ပေါ့  ။ ကုန်း ၊ ရေ ၊လေ သတ္တ ၀ါ တွေ -အကြောင်း – ကမ္ဘာ မြေ ကြီး အကြောင်း – ကမ္ဘာ ပေါ် က တိုက် ကြီး အသီးသီး မှာ နေ ထိုင် ကြ တဲ့ လူ တွေ ရှိ တဲ့ အကြောင်း ၊ တီ ထွင် ဆန်းသစ်မှုတွေ အကြောင်း စသဖြင့် ကလေး ဖတ် စရာ စာ တွေ ကို စုံ လို့ ၊ Kid Corner က တင် ပေ ( ၁၀၀ ) ပတ် လည် လောက် ကျယ် ပြီး – စာ အုပ်နဲ့ အခွေ ပေါင်း သောင်း ဂ ဏန်း လောက် ရှိ မယ် ။ ကွန် ပျူ တာ corner လည်း ရှိ တယ် ။

ကလေး တွေ နဲ့ အတူ မိ ဘ တွေ က လည်း ကလေး တွေ ကို စာ ကြည့် တိုက် နဲ့ မိတ် ဆက် ပေး တယ်။ အတူ စာ လိုက် ဖတ် တယ် ။အထူးသဖြင့်  တနင်္ဂ နွေ လို ရုံး အား ရက် တွေ ဆို တော့ စာ ကြည့်တိုက် က လူ ပိုစည် တယ် ။ ဒီတော့ ဒီ ( ၃ ) နှစ် သမီး လေး က စ လို့ – Library သွား မယ် လို့ ပြော တတ်နေ ပြီ ၊ စာ ကြည့် တိုက် သွား ရတာ ကိုပျော် နေ ပြီ ။ ။

ကဲ – ကျ မ မြန် မာ ပြည် ကို သတိ ရ မိ ပြန် ပါ ပြီ ။ ။

ကျ မ စိတ်ထဲ မှာ — ဘယ် လို ဖြစ် ပြီး — ဘာ တွေ ဆက် တွေး နေ မိ မယ် ထင် ပါ သလဲ ။ ။

ရန်ကုန် လမ်း မတွေ ပေါ် မှာ ကော် ရှု ၊ ဈေး ရောင်း နေ ရ တဲ့ ကလေး တွေ က စလို့  – ဟိုး တိုင်း ရင်းသား ဒေ သ က စစ်ပြေး နေ ရ တဲ့ ကလေး တွေ အဆုံး —

ကျောင်း တက် နေ ရ သည့် တိုင် – စုတ် ပြတ် နေ တဲ့ ပညာ ရေး စနစ် နဲ့ — ကစားကွင်း ပျောက် နေ တဲ့ ကလေး တွေ ၊ Parenting style ပျောက် နေ တဲ့ မိ ဘ တွေ — စသဖြင့် — စသဖြင့် ။

အင်း– အာ ဏာ ရှင် နဲ့ — အာ ဏာ ရှင် စနစ် တွေ အကြောင်း က အလို အလျောက်ရောက် လာ ပြန် တော့ တယ် ။

ဇင် မာအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts