အတွေးအမြင်

မင်းကောင်းချစ် – “ကတညူ နဲ့ ကတဝေဒီ”

Photo – Google Image Search

မင်းကောင်းချစ် – “ကတညူ နဲ့ ကတဝေဒီ”
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄

သီတင်းကျွတ်လပြည့်နေ့ မကြာခင်ရောက်တော့မယ် ။ ဗုဒ္ဒမြတ်စွာဘုရားရှင်ဟာ…သတ္တမမြောက်ဝါကို တာဝတိန်သာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး ၀ါတွင်း သုံးလပတ်လုံးမှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတ နတ်သားကို အမှုးထားလို့ စကြ၀ဠာတိုက် တစ်သောင်းက နတ်ဗြဟ္မာ အပေါင်းတို့ ကို အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူခဲ့တယ်။ သီတင်းကျွတ်လပြည့်နေ့  ရောက်တဲ့အခါ ဘုရားရှင်ဟာ နတ်ဗြဟ္မာအပေါင်းခြံရံလို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည် ဆင်းသက်   ကြွမြန်းတော်မူတယ်လို့ ဗုဒ္ဓစာပေ အဋ္ဌကထာတွေမှာဆိုထားပါတယ် ။

ဗုဒ္ဓမြတ်စွာရဲ့..မယ်တော်မာယာဒေ၀ီအပေါ် မိခင်ဖြစ်ခဲ့ဘူးတဲ့ ကျေးဇူးကို ပြန်လည်ပေးဆပ်ဖို့  အားထုတ် တော်မူခဲ့တဲ့ ပြယုတ်တခုလို့ လည်းပြောနိုင်ပါလိမ့်မယ် ။ ဒါကြောင့်လည်း သီတင်းကျွတ် လပြည့်နေ့ ကို အဘိဓမ္မာအခါတော်နေ့ ၊ ကျေးဇူးတော်အခါသမယနေ့ လို့  သတ်မှတ်ကြ တာပါ ။

ပြီးတော့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မင်္ဂလသုတ်ရဲ့

ဂါရဝေါ စ နိဝါတော စ၊

သန္တုဋ္ဌိ စ ကတညုတာ။

ကာလေန ဓမ္မဿဝနံ၊

ဧတံ မင်္ဂလ မုတ္တမံ။

ဆိုတဲ့ အပိုဒ်ထဲမှာပါတဲ့ “ကတညုတာ” ဆိုတာ သူတပါးက မိမိအပေါ် ပြုဖူးတဲ့ ကျေးဇူးကို သိတတ်ခြင်းသဘောလေးဟာ… မင်္ဂလါမည်တယ်လို့ သတ်မှတ်တာပါ ။

ဟုတ်ပါတယ်..ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်..မြန်မာလူမျိုးတွေတင်မက…အာရှတိုက်သားအားလုံးလိုလိုဟာ…ကျေးဇူးတရားကိုသိတတ်ဖို့  သူတပါးကျေးဇူးတုံ့ ပြန်တတ်ဖို့ ဆိုဆုံးမ သင်ကြားမှု့တွေ အောက်မှာ ကြီးပျင်းခဲ့ကြရတာပါ။ အာရှတန်ဘိုးတွေထဲက တန်ဘိုးတစ်ခုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီအဆုံးအမတွေဟာ…မွန်မြတ်တဲ့ ကျင့်သုံးအပ်တဲ့ လောကကိုလှပစေတဲ့ အလှဆင် တရားတွေပါဘဲ။ လူ့ အဖွဲ့ စည်းအတွက် အလွန်အရေးပါတဲ့ စာရိတ္တသီလလို့ ပြောရင်လည်းရပါတယ် ။

ဒီတရားကို မှန်မှန်ကန်ကန်မရှု့မြင်နိုင်ဘဲ ကျင့်သုံးခဲ့ရင်… လောကကိုအရုပ်ဆိုး အကျဉ်းတန် သွားစေနိုင်ပါတယ် ။ ဒါကြောင့် ကတညူ ဆိုတဲ့ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူး တရားကိုသိတတ်တဲ့သူ နဲ့  ကတဝေဒီ ဆိုတဲ့ မိမိက သူတပါးအပေါ်ကျေဇူးတုံ့ ပြန်တတ်သူဖြစ်အောင် ဓမ္မဒိဌာန်ကျကျ ဆင်ခြင်နားလည်ပြီးမှကျင့်သုံးနိုင်အောင် ဒီဆောင်းပါးမှာမျှဝေခံစား ဆွေးနွေးလိုက်ပါတယ်။

 ကျေးဇူးပြုသူ (သို့ ) ကျေးဇူးရှင်လို့ ဘယ်လိုသတ်မှတ်မလဲ….

ယေဘူယျအားဖြင့်တော့ လူယောက်ဟာ… မိမိအပေါ် လောကီအကျိုး၊ လောကုတ္တရာအကျိုး တွေရယူပိုင်ဆိုင်နိုင်အောင် ဆောင်ကျဉ်းပေးတဲ့သူကို ကိုယ့်ရဲ့ ကျေးဇူးရှင်လို့ သတ်မှတ်လေ့ရှိပါတယ်။

ဒါပေမဲ့ လောကီအကျိုးဆိုတဲ့နေရာမှာ မိမိအတွက်တော့ လတ်တလော အကျိုးရှိပါရဲ့ တခြားလူတွေ မျက်ရေကြီးငယ်ကျ ဒုက္ခပင်လယ်ဝေရရင်တော့ ရယူအပ်တဲ့ လောကီအကျိုးလို့ ခေါ်ထိုက်ပါသလါး ။

လူသတ် ဓါးမြတိုက်ပြီး တိုက်ရာပါပစ္စည်းတွေကို…သူ့ အပေါ်သစ္စာရှိအောင်ခွဲဝေပေးတဲ့သူကိုကျေးဇူးပြု တဲ့သူ ကျေးဇူးရှင်လို့ ခေါ်ထိုက်ပါသလါး ။

အဲ့ဒီလိုဘဲ နိုင်ငံတော်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေဓါးမြတိုက်သိမ်းပိုက်ယူထားပြီး သူ့ တို့ အပေါ်သစ္စာရှိအောင် မထိုက်တန်တဲ့သူတွေကို မခံစားအပ်တဲ့ တိုင်းပြည်ဘဏ္ဍာ နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဝေခြမ်းသုံးစွဲခွင့်ပြုနေသူတွေကို ကျေးဇူးရှင်လို့ ခေါ်ထိုက်ပါသလါး ။

တို့ တိုင်းပြည်မှာ…အထူးသဖြင့် တပ်မတော်နဲ့  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အသင်းကြီးထဲက တပ်မတော်သားတွေနဲ့ အသင်းဝင်အများစုဟာ ..အထက်မှာဖေါ်ပြခဲ့တဲ့သူတွေကို…ကျေးဇူးရှင် အဘတွေလို့ သတ်မှတ်သစ္စာခံနေကြတာမဟုတ်လါး ။

ဥပမာ တခုဆောင်ရရင်…စစ်ဗိုလ်တယောက်ကို သူ့ အထက်အရာရှိစစ်ဗိုလ်ချုပ်တယောက်က လာဘ်စားပြီး ၀င်ငွေကောင်းနိုင်တဲ့ အရပ်ဘက်ဌာနဆိုင်ရာတခုကို… ညွှန်ကြားရေးမှုးချုပ်ရာထူး ရအောင် သူကောင်းပြုပေးလိုက်ရင်…ကျေးဇူးရှင်ဖြစ်တော့တာဘဲ ။ အဘခြင်းမိုးမွှန်အောင်ခေါ်ပြီး မိဘထက်တောင် ကျေးဇူးများသယောင်…သစ္စာအကြီးအကျယ်ခံတော့တာမဟုတ်လါး ။

တကယ်တော့ အဲ့ဒီ အဘဗိုလ်ချုပ်ဆိုသူက သူ့ အိပ်ကပ်ထဲက သူ့ ချွေးနှဲစာကို ထုတ်ပေး တာ မဟုတ်ဘူး။ ပြည်သူ့ ဘဏ္ဍာဖေါက်ပေးတာ…လူထုပိုက်ဆံကို တဖက်လှည့်နဲ့ ခိုးစားခွင့်ပြုလိုက်တာ ။ ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်အထိုးခံရတာ ။ အလွန်ရှက်စရာ ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စကြီးပါ ။

ဒါကြောင့် နိုင်ငံသားပိုင်ဥစ္စာပစ္စည်းတွေကို အလွှဲသုံးစားလုပ်ပြီးကျေးဇူးပြုသူတွေကို.. ကျေးဇူးရှင်လို့  သတ်မှတ်သစ္စာခံနေကြတာဟာ..ကတင်ညူ မဖြစ်နိုင်သလို ကတဝေဒီလည်း မဖြစ်ပါဘူး။ အဲ့ဒါအပြင် လက်ရှိပစ္စုပ္ပန်ဘ၀မှာတင်..ပြည်သူရဲ့ဒါဏ်ခတ်မှု့ စတဲ့ အကျိုးဆက်တွေတင်မက ကြောက်မက်ဖွယ် သံသရာကြွေးတွေ ပါသွားမဲ့ကိစ္စဖြစ်တယ်လို့ သတိပေးပါရစေ ။

မိဘ ဆရာသမားနဲ့ တကယ့်ကျေးဇူးရှင်တွေဆိုတာ…တခြာသူတွေကိုမထိပါးစေဘဲ အပြစ်ကင်းစွာနဲ့  မိမိရဲ့ကောင်းကျိုးချမ်းသာကို ပစ္စုပ္ပန်ဘ၀တင်မက နှောင်သံသရာဘ၀တွေမှာပါ ခံစားနိုင်အောင် ကျေးဇူးပြုနိုင်သူတွေကိုသာ ခေါ်ဆိုအပ်တာပါ ။

    မိမိက သူတပါးကျေးဇူးကိုဘယ်လို မှန်မှန်ကန်ကန်တုံ့ ပြန်မလဲ…

လူဆိုတာ…ကိုယ့်အပေါ်ကောင်းရင်…ကိုယ့်အပေါ်ကျေးဇူးပြုခဲ့သူဆိုရင်…ကျေးဇူးတုံ့ ပြန်ချင်ကြတာ ၊ ကျေးဇူးဆပ်ခြင်ကြတာဓမ္မတာပါ ။ ဒါပေမဲ့ အထက်မှာဆွေးနွေးခဲ့သလို မတင်ထိုက်တဲ့ ကျေးဇူးရှင် တွေကိုသစ္စာခံနေတာ၊ ကျေးဇူးဆပ်နေတာဟာ…မြန်မာ့လူ့ အဖွဲ့ အစည်းကို ဆုတ်ယုတ် ပျက်ဆီး စေပါတယ် ။

မိမိရဲ့ မိဘ ဆရာသမား အကြီးအကဲ အရာရှိ တပည့်တပန်းတွေ မှားနေတာကို သိရင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ဝေဖန်သတိပေး ပြုပြင်ပေးရမယ် ။ ဒါမှ စစ်မှန်တဲ့တကယ့် ကျေးဇူးဆပ်ခြင်း ကတာဒေ၀ီ ဖြစ်နိုင်မှာပါ။ မှားမှန်းသိရက်နဲ့  မပြင်ဘဲ အမှားပေါ်အမှားဆင့်ခြင်းဟာ အမှန်ကိုမရောက်နိုင်ပါဘူး ။ မှားယွင်းတဲ့ ကျေးဇူးဆပ်ခြင်းဟာ မီးလောင်ရာလေပင့်သလို ကျေးဇူးပြုသူရော ကျေးဇူးဆပ်သူကိုပါ  ပိုမိုနက်ရှိုင်းတဲ့ ဆိုးကျိုးတရားနဲ့  မကောင်းသောလါးရာတွေကိုသာရှေ့ရှု့စေပါတယ်။

ကျွန်တော်တို့ ဟာ..အာရှတန်ဘိုး (Asia Values) တွေထဲက.. ကျေးဇူးတရားကိုမမေ့အပ်ဘူး ကျေးဇူးသိတတ်ရမယ်ဆိုတဲ့ အချက်ကို …အဓိပ္ပါယ်အကောက်လွဲပြီး ကိုယ့်ကျိုးစီးပွားအတွက် အသုံးချနေကြတာပါ ။

နိဂုံးချုပ်ရရင်တော့ …

လူတိုင်းလူတိုင်းဟာ..မိမိအပေါ်ကျေးဇူးပြုဘူးသူကို ကျေးဇူးတုံ့ ပြန်ခြင်းဟာ..ကောင်းမြတ်တဲ့တရားဖြစ်တယ် ။ ဒါပေမဲ့ အပြစ်ကင်းတဲ့ ကျေးဇူးတရားတကယ်ဟုတ်၊မဟုတ်  တခြားသူတွေမျက်ရေကြီးငယ်ကျမှ ကိုယ်စံစားရစေတဲ့ ကျေးဇူးလါးဆိုတာ တွေးတောဆင်ခြင်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကျေးဇူးဆပ်ဖို့ လိုပါတယ် ။

မြန်မာနိုင်ငံသားတစ်ဦးခြင်းက… မှားယွင်းတဲ့ကျေးဇူးဆပ်ခြင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မတရားမှု့အနိဌာရုံတွေကို…မျက်ကွယ်ပြုပြီး…လမ်းမှားပေါ်လျှောက်နေတဲ့ မိမိအကြီးအကဲ အထက် အရာရှိတွေကို ဆက်သစ္စာခံ အမိန့် နာခံ နေရင်တော့ တိုင်းပြည်ဟာနစ်သထက်နစ်သွားမှာပါ။

ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ နိုင်ငံဖြစ်ဖို့ ၊ မွန်မြတ်သန့် စင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့  ထိထိရောက်ရောက်ပြင်ဆင်ရမဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို… မိမိအကျိုးစီးပွား ဆုံးရှုံး မှာစိုးရွံ့ တဲ့ ဘယာဂတိတွေနဲ့ မပြင်ခြင်တဲ့ ပုဂ္ဂိုလ်ကြီးများကို ထောက်ခံကျေးဇူးဆပ်နေသူများကို ကျရောက်တော့မဲ့ သီတင်းကျွတ်လပြည့်နေ့ မှာ အထူးမေတ္တာရပ်ခံသတိပေးလိုပါတယ် ။

ထူးခြားတဲ့အဓိပ္ပါယ်ကိုဆောင်ယူလါတဲ့…အဘိဓမ္မာအခါတော်နေ့ ၊ ကျေးဇူးတော်အခါသမယနေ့  ဟာမကြာခင်ရောက်လါတော့မှာပါ ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်သော်မှ…အဲ့ဒီနေ့ မှာ မယ်တော့်ကျေးဇူးကို အသိမှန်အမြင်မှန်ရအောင် တရားဟောပြောပြပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့  ကျေးဇူးအထူးဆပ်ခဲ့တာပါ ။ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း လည်း သီတင်းကျွတ်လပြည့်နေ့  ကစလို့  မိမိရဲ့ မိဘ ဆရာသမား အကြီးအကဲ အရာရှိတွေရဲ့အမှားကို ဝေဖန်ထောက်ပြခြင်း၊ ပြုပြင်ဖို့ တိုက်တွန်းခြင်းနဲ့  သင့်တင့်လျှောက်ပတ်စွာ ကျေးဇူးဆပ်နိုင်ကြပါစေ၊ မှန်ကန်သော ကတညူ ကတဝေဒီ ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်…။     ။

လေးစားစွာဖြင့်

မင်းကောင်းချစ်

သီတင်းကျွတ်လဆန်း (၁၃) ရက် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်းကောင်းချစ် – “ကတညူ နဲ့ ကတဝေဒီ”
  1. တာဝတိံသာနတ်ပြည်ပါဗျာ၊ တာဝတိန်သာနတ်ပြည်ဆိုတဲ့စာလုံးပေါင်းသတ်ပုံမှားနေပါတယ်။

Comments are closed.