Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – သူငယ်ချင်းသုံးယောက် စင်မြင့်ဖျော်ဖြေပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ရန်နောင်(ဗိုလ်တထောင်) – သူငယ်ချင်းသုံးယောက် စင်မြင့်ဖျော်ဖြေပွဲ

(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၄

 

             ငယ်စဉ်ဆယ်ကျော်သက်ရွယ်  ကတည်းက ယခုအချိန် ဒီအသက်အရွယ်ရောက်သည် အထိ တွဲလာခဲ့၊  အောင်မြင်ခဲ့တဲ့အဆိုတော် ကိုင်ဇာ၊ မေဆွိ၊ မေခလာ သူငယ်ချင်းသုံးယောက်သည်  သူတို့၏ ငယ်မူငယ်သွေးပြန်မှုကို ပရိသတ်နှင့် မျှဝေရင်း  အပျော်တွေ ကူးစက်ခဲ့သော  ပွဲလေးတစ်ပွဲကို ၂၀၁၄ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ ည(၇) နာရီ က ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင်  ကျင်းပပြုလုပ်ခဲ့သည်။

 

                တေးဂီတ ဖျော်ဖြေမှု အစီအစဉ်ကို နှစ်ပိုင်းခွဲ ၍ ဖျော်ဖြေခဲ့ရာ အစီအစဉ် ပထမပိုင်းတွင် မေဆွိက Non –stop အစီအစဉ်ဖြင့် စတင်ခဲ့သည်။ မကြာခင်မှာကြင်နာမယ်၊ လူတွေသိလေ ပိုကောင်းလေ၊ ကိုကို စိတ်ကူးယဉ်၊ ဂစ်တာ တီးပေါ့ ကိုကိုရယ်၊ ချစ်-ချစ်- ချစ်(စုဘူး)၊ အိပ်ဆေးမရှိ သီချင်းများကို တပိုဒ်စီ သီဆိုခဲ့သည်။ အချစ်ကို ဦးစားပေးခဲ့သူ၊ ရွှေရောင်အိပ်မက်များ ၊ကိုရေခေါ်သွားအဝေး၊ လူ့သဘာဝ၊ပုဇွန်ဆိတ်ကလေး၊ နော်ကိုကိုနော်၊ ဒဿလိုမိန်းမ၊ ရေစီးထဲက ပန်းပွင့်ကလေးများတို့ကို သီဆိုပြီး မေခလာ က ဆက်လက်သီဆိုခဲ့သည်။

မေခလာ ကလည်း သူ၏ နာမည်ကျော် သီချင်းများဖြစ်သော ချာတိတ်လို့မခေါ်နဲ့ (၁၆ နှစ်မ)၊ကိုကိုလူလည်၊ ကိုကို့ကို၊ အချစ်အားကိုးနဲ့မိုက်တော့မယ်၊ အချစ်နဲ့ မမိုက်ချင်ဘူး၊ ဒါပဲနော်၊ ဟုတ်လဲဟုတ်ပဲနဲ့၊ပြောစမ်းဟေ့၊ အကျင့်ဆိုး၊ သူတို့ကရော ကောင်းကြလို့လား၊ စိမ်ခေါ်သံ၊ မပြောချင်လို့ ကြည့်နေတာကြာပြီ တို့ကို ဆိုကာ Gunnum Style ကိုရီးယားသီချင်းဖြင့်ဖျော်ဖြေပြီး ကိုင်ဇာ ဆက်၍ ထွက်လာခဲ့သည်။

ကိုင်ဇာက တက္ကသိုလ်မြေ နေဝင်မှာစိုးတယ် နှင့် စခဲပြီး ပုံပြင်လေးဖြစ်သွားပြီ၊ တူနှစ်ကိုယ်တိုင်းပြည်၊လက်ခုပ်တီးမယ်၊ သီချင်းများဖြင့် ဖျော်ဖြေပြီး Non –stop သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။

        ထို့နောက် ဦးမြတ်ခိုင် နှင့် ဦးအရိုင်းတို့ မှ ကံစမ်းမဲများနှိုက်ကာ ပရိသတ်အား ထပ်မံပျော်ရွှင်စေခဲ့သည်။ ပရိတ်သတ်သည် အသက် အားဖြင့်  လူလတ်ပိုင်းရောက် အသက်အရွယ်အများစုဖြစ်ပြီး အမျိုးသမီးပရိသတ် များပြားသည်ကိုလည်း   တွေ့ခဲ့ရသည်။

       ဒုတိယပိုင်းဖျော်ဖြေမှုကို မေခလာ ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့ရာ အဆိုးလေး၊ တီဗွီကြည့်မှကြည့်ရဲ့လား၊သူငယ်ချင်းထက် ချစ်ရသည်၊ ပြေးလိုက်စမ်း၊ မောင့်မျက်ရည်ဝိုင်း၊ သွားနိုင်တယ်၊ စပါကလင် နဲ့ နှုတ်ခမ်းနီ၊ အချစ်စက်ရုပ်ရဲ့ မာယာ သီချင်းများကို သီဆိုပေးခဲ့သည်။

မေဆွိ၏ ဒုတိယပိုင်းအလှည့် တွင်တော့ ချိုသောသီချင်းများ၊ နေသာတုန်း အဝတ်လှမ်းပါ၊ အပျိုစင်၊ကမ်းစပ်နဲ့ ရေလှိုင်း၊ နတ်မြင်းပျံ၊ အနန္တသစ္စာ၊ ဇွတ်ချစ်မယ်၊ ကိုကိုမကောင်းဘူးတို့ကို Non-stop အစီအစဉ်ဖြင့် တပိုဒ်စီ သီဆိုပေးခဲ့သည်။ ထို့နောက် ညှို့နိုင်လွန်းတဲ့ကျမချစ်သူ  သီချင်းကို သီဆိုသောအခါ  ကိုင်ဇာရေးခဲ့သော စာသား အစစ်အမှန်ဖြင့် ပရိတ်သတ်အား သီဆိုပြခဲ့သည်။ ချစ်မိနေပြီ၊ မောင်၊ အတ္တ၊ အင်းလေးမှာ ရွာတဲ့မိုး၊ သမီးရဲ့ဦး သီချင်းများကို သီဆိုသောအခါ  ကိုင်ဇာက လိဒ် ဂစ်တာကိုတီးခတ်ပေးခဲ့သည်။သ မီးရဲ့ ဦး သီချင်းလေး ရေးဖြစ်ခဲ့ပုံကို မေဆွိ က အမှတ်တရ ပြောပြခဲ့သေးသည်။ မေဆွိ က ဟာသနှော၍ ပြောပြသောအခါ ကိုင်ဇာကလည်း သူကိုယ်တိုင်ရေးကာ မေဆွိ နှင့် တွဲသီဆိုခဲ့သည့်  သူငယ်ချင်းတဖြစ်လဲ၊ အနမ်းပန်း၊ ပထမဆုံးနေ့၊ ကြွေအတူ ဝေအတူ သီချင်းများကို စုံတွဲဆိုခဲ့သည်။

            ထို့နောက် မေခလာ နှင့် ကိုင်ဇာ တွဲဖက်ကာ အချစ်ရဲ့ ကိုယ်ရံတော် သီချင်းအား သီဆိုခဲ့ပြီး ကိုယ်ရံတော်တပ်မှူးလေး၊ အလွမ်း၊ စာ၊ ရည်းစားဖြစ်ခါစ၊ ရန်ကင်းကိုလွမ်းတဲ့ည ၊နေနိုင်သူလေး ၊တသက်လုံးသတိရနေမှာပါ သီချင်းများကို သီဆိုဖျော်ဖြေခဲ့သည်။

 

 

            ထိုနေ့ည တွင် ကိုင်ဇာ၏ Success Band နှင့် တီးခတ်ဖျော်ဖြေခဲ့ပြီး ဒရမ် တွတ်ကီ၊ ကီးဘုတ် လီယိုနာဒ်မောင်မောင်လွင်၊ အောင်မြတ်ထွဋ်၊ လိဒ် ပက်ထရစ်၊ ဘေ့စ် ရန်နိုင် တို့ က တီးခတ်ပေးခဲ့ကြသည်။

May Than Nu

ပရိသတ်အသက်အရွယ်မှာ ငါးထိပ်စီး ၊ လေးထိပ်စီးများ အများစု ဖြစ်ပြီး လက်မှတ်များ ပွဲမစတင်ခင် သုံးလေးရက်အလိုထဲက ကုန်သွား သည်မှာလည်း ဝမ်းသာစရာဖြစ်ခဲ့ရသည်။ ပရိသတ် ကို ငယ်မူငယ်သွေးကြွစေသော သူငယ်ချင်းသုံးယောက်၏ ပွဲ သည် ရုံလုံးပြည့် အောင်မြင်မှု ရခဲ့သော ပွဲဖြစ်ခဲ့သည်။

 

ပွဲအပြီး  ကိုကိုင်ဇာ နှင့် တွေ့ ၍ ပွဲအပေါ် သုံးသပ်ချက်အား မေးမြန်းဖြစ်ခဲ့သည်။ ဒီည ဖျော်ဖြေရတာ အရမ်းပျော်ပါတယ် ။ ကျေလည်း ကျေနပ်ပါတယ်။ ကျနော်တို့  ဟိုးအရင်အဆောင်တွေကို တစ်ည ၊တစ်ည လိုက်ဆိုတာ အပုဒ် တစ်ရာ နီးပါးရှိတာပေါ့၊ ဒီလိုမျိုး ကျနော်တို့ ပရိသတ်ကို ဆိုပြချင်ပါသေးတယ်။တစ်ကိုယ်တော်သီးသန့်ဖရီးရှိုးလုပ်မှာပါဟု ဝမ်းသာအားရဖြင့် မောပမ်းနေသည့်ကြားမှ ဖြေကြားခဲ့သည်။

Mother Myint Myint Khin, May Sweet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ရန်နောင်(ဗိုလ်တထောင်) – သူငယ်ချင်းသုံးယောက် စင်မြင့်ဖျော်ဖြေပွဲ

Comments are closed.