သတင်းပဒေသာ

ဝါရင့်နိုင်ငံရေးသမားကြီး ၀ါးခယ်မသခင်သိန်းမောင် ကွယ်လွန်

Photo – MoeMaKa
ဝါရင့်နိုင်ငံရေးသမားကြီး ၀ါးခယ်မသခင်သိန်းမောင် ကွယ်လွန်
(ကိုတင်အေး)၊ စက်တင်ဘာ ၂၈၊ ၂၀၁၄
ဝါးခယ်မ သခင်သိန်းမောင်ဟာ ၂၇၂ဝ၁၄ နေ့မှ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားပြီးဖြစ်ပါသည်။
ဝါးခယ်မ သခင်သိန်းမောင်ကို ၁၉၁၉ ခုနှစ်မှာ ဝါးခယ်မမြို့မှာ မွေးဖွားခဲ့ပြီး၊ အထက်တန်းအထိ ပညာသင်ကြား ခဲ့ပါတယ်။
ထို့နောက် ၁၉၃၈၃၉ ခုနှစ်တွင် သခင်သန်းထွန်းနှင့် ဆရာကွန်းတို့ ကျောင်းဆရာလုပ်သော ရန်ကုန်မြို့ ကန်တော်ကလေးရှိ ဗမာမွတ်ဆလင်ကျောင်းတွင် အထက်တန်းပညာဆက်လက်သင်ကြားခဲ့ပြီး ၁၃ဝဝ ပြည့်အရေး တော်ပုံတွင် ပါဝင်ခဲ့တယ်။
ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးကာလအတွင်း အရေးတော်ပုံမြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ သခင်ဗိုလ် ၊  ဦးကျော်ငြိမ်းတို့နှင့်အတူ လျှို့ဝှက်စွာ ထုတ်ဝေဖြန့်ချိခဲ့တယ်။
၁၉၄၈ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားသင်းကြေညာပြီးသည့်နောက်တွင် သာယာဝတီထောင် တွင် ဖမ်းဆီးထိန်းသိမ်းကာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်။
ထို့နောက် မက်စ်စာပေလေ့လာရေးအဖွဲ့ကို လေထီးဗိုလ်အုန်းမောင်၊ ဦးကျော်ရင်တို့နှင့် စုဖွဲ့ခဲ့သည်။ ထို့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ဖွဲ့စည်းခဲ့သည့် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။
သခင်သိန်းမောင်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင်ပါဝင်ခဲ့သလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲ များတွင် နောက်ဆုံးကြိမ်ထိ စွမ်းစွမ်းတမံပါဝင်ခဲ့သလို မကွယ်လွန်မီအချိန်ထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်၏ နာယကအဖြစ်လည်း ကောင်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေးကော်မတီ၏ နာယကအဖြစ်လည်းကောင်း နောက်ဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဆက်သွယ်ရန်

 

ဦးဇော်သိန်း – ဖုန်းဝ၉၄ဝ၁၅၂၅၁၆ဝ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts