သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – Facebook လောက

ငြိမ်းချမ်းအေး – Facebook လောက
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၄

အွန်လိုင်း ပိုက်ဆံ အကုန်ခံလာ ရှဲတော့ သတင်းအတု။

မူရင်းသတင်းဌာနများက သတင်းတောင် သစ်ထူးလွင်ဆီကပဲ ဖတ်မယ်၊ ရှဲမယ်။

ဗမာပြည်က ဖုန်းဆိုင်များမှာ နာမည်ကြီး သတင်းထပ်ဖြန့်တဲ့ စာမျက်နှာတွေ အဆင်သင့် ဖတ်နို်င်အာင် တခါတည်း ထည့်ပေးတယ်ဆိုလား၊ ဘာကိုဆိုလိုသလဲတော့ နားမလည် မသိ။

ဒီလို တိုင်းပြည် နဲ့ ဒီလို လူတွေ ဒီလို ဖြစ်စဉ်တွေ လိုက်လည်း လိုက်ပါ့။

ကလစ်ကလေးနှိပ် ခွေးလို ရှုးတိုက်ပေးနိုင်တယ်၊ ဖော်လံဖား အလိုတော်ရိ လော်ဘီနိုင်တယ်။

ဇော်ဇော်၊ တေဇတို့လို ဓါးပြအကြီးစားများရဲ့ လော်ဘီအလှူမျိုးဆို၊ ကလေးအသင်းနဲ့ ကလေးအဖေများကန်ပြီး နိုင်တဲ့ဘောပွဲသတင်းများ ဆို အားတက်သရောရှိမယ်။

ဟိုဘုရား ဒီဘုရား တောင်ရွှေ့ မြောက်ရွှေ့၊ ရွှေချလုပ်ရင် အဟုတ်ကြီးထင် ခိုးသမျှ မေ့မယ်။

ဘယ်သူ ပြောလို့ ပြောမှန်းမသိတဲ့ စာလိုလို ကဗျာ လိုလို ဆုံးမ သြဝါဒ လိုလို၊ ဘုန်းကြီး တရားလိုလို တွေ ဘောင်ခတ် ရှဲမယ်။

ရိုးရာလေးတို့၊ နိုင်းနိုင်းစနေတို့၊ သက်တန့်ချိုတို့လောက်၊ နောက်တယောက် ပါးစပ်ကိုက် ပြန်ပေးဆရာ (ဘယ်သူလဲ၊ နာမည်မေ့သွားပြီ) တို့လောက် အကောင်းလုပ်ဖတ်မယ်။

ခင်ဗျားတို့ဆန္ဒရှိရင် အဲ့ဒါတွေထက် ပိုထိုက်တန်ပါတယ်။

အနည်းဆုံး သတင်းဖတ်ရင်၊ မျှရင် မူရင်း တရားဝင် မြန်မာသတင်းဌာနတွေလောက်တော့ လုပ်သင့်ပါတယ်။

နိုင်ငံရေး ဆိုရင် ရဲထွဋ်၊ လှဆွေ၊ မှူးဇော်၊ ပိုက်တင်၊ ရဲမိုးတို့လောက် သွားတမောမော့ ဝေလေလေ သွားလုပ်ကြမယ်။

ခင်ဗျားတို့ သွားအရေးစိုက်၊ ပြီးတော့ အတင်းချ၊ ဖြန့်လုပ်နေလို့ အာဏာရှင် လက်ကိုင်တုတ် နယ်ရုပ် အလှေးအမွှားတွေ လူတွင်ကျယ် ဖြစ်၊ လူပြိန်း လူထုကို ဝါဒဖြန့်နိုင်နေတာ။

ဒီလိုလူတွေက နဂါး ဆရာ၊ ခေါင်းလောင်း ဆရာများကျ ပြန် ပြက်ရယ် ပြုချင်နေကြသေးတယ်။

ကိုယ့်အသိ ဉာဏ်၊ ပိုင်းဖြတ်ဝေဖန်မှု နဲ့ အလုပ်ကိုကျ ပြန် မကြည့်ကြဘူး..။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၇၊ ၂၀၁၄

ဆက်စပ် ဆောင်းပါး ဖတ်ရန် –
တမော့မော့ ဝေလေလေ ဒို့တတွေ

Please Read @ http://moemaka.com/archives/39413
http://www.moemaka.blogspot.com.au/2014/08/blog-post_284.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ငြိမ်းချမ်းအေး – Facebook လောက
  1. The whole country is ‘ Sote Pet Pyat tat ‘ nay tar.
    we thought . it will be ok when we all find something new and fresh in late 2010 and early 2011 .

    It is still status quo and even worse in many many aspect.

    if ‘ you ‘ can not do the ‘ whole job’ well enough – let others’ who have more potential to do better.
    Don’t u fucking think of ‘ taking office ‘ for second term. Don’t fucking think of to ‘ lead country for 10 years.

    you should look at your face and point the finger to your face and balded head and think . think. think.

    Who do the readers I am referring to ?

    Not Nyein Chan Aye.

    ..

  2. နောက်ဆက်တွဲ ဖြည့်စွက်ချက် —

    တကယ်တော့ “Facebook လောက” က မကျွမ်းကျင်ဘဲ ရေးလိုက်မိသလို ဖြစ်သွားခဲ့တယ်။ အရေးမပါတာတွေ အရာမလုပ်တတ်တော့ နောက်ဆုံးပေါ် တွေကို သတိမပြုမိခဲ့ဘူး။

    လင်းသိုက်ညွန့် လောက်နဲ့ သွား အချိန်မကုန်မိစေနဲ့။ ကိုယ့် အချိန်က အသုံးချတတ်ရင် အဲ့သလို ကောင်တွေထက် ပို တန်ဖိုး ရှိတယ်။

    ဂိုရှယ်လေး လောက် ရှဲပြီး လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး မထင်နဲ့။

    မော်ဒယ်လ် မင်းသမီး နဲ့ နောက်မီးလင်း ကြောင်း ထောက်ပြနိုင်မှ အာဏာရှင်များ သီလပျက်တာ မဟုတ်ဘူး။
    “စစ်အာဏာရှင် နဲ့ အပေါင်းအပါ တစု ရဲ့ ရပ်တည်မှု၊ ဖြစ်တည်မှု၊ ရှင်သန်မှုဟာ လူအများ လူထု ရဲ့ မျက်ရည်၊ သွေး၊ ချွေး၊ လွတ်လပ်ခြင်းနဲ့ အခွင့်အရေး ကို နင်းချခြင်း ကြောင့်” ဆိုတဲ့ အခြေခံ ကျင့်ဝတ်၊ စာရိတ္တ၊ သီလပျက်မှု က ဖြစ်နေပြီး ဆိုတဲ့ အချက် ဟာ တိုင်းပြည် သမိုင်း နဲ့ချီပြီး ထင်ရှား သက်သေထူခဲ့ပြီးပြီ။ ဒီလို ပုဂ္ဂလ စာရိတ္တ လျော့ပါး မှုတွေ မကျူးလွန်ဘဲ ဒီ လူတွေ ဘုရားတည်၊ ကျောင်းဆောက် နေရင်လည်း သာဓုခေါ်စရာ အကြောင်းမရှိဘူး။

    လူတစု ကောင်းစားရေး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ရာ အတွက် အညှီအဟောက် ခြင်ထောင် ဇာတ်လမ်း မလိုဘူး။ လူပုဂ္ဂိုလ် တိုက်ခိုက်မှု မလိုဘူး။

    ဒါတွေကို မြိန်ရေရှက်ရေ ရှိပြီး သမ္မတ က တခုခု အကောင်း လုပ်ပြလိုက်တိုင်း သမ္မတဂျီး ဖြစ်သွားရင် အလကားပဲ။ နောက်ကွယ် က အသိုက်အမြုံ စနစ် တည်ဆောက်မှု၊ အားရှိမှု၊ မပြောင်းလဲမှု၊ ခိုင်မာမှု၊ သက်ဆိုးရှည်မှုကို မမြင်နိုင်စွမ်းတော့ဘူး။

    ဆိုတော့ တဦးချင်းစီရဲ့ ကလစ်လေး တချက်ချင်းစီတွေက စကားတွေ အများကြီး ပြောတယ်။
    ရပ်တည်ချက်၊ ဖြစ်တည်မှု တွေ ရှေ့နောက် မဖောက်မပြန် တသမတ်တည်း မှန်ကန်နိုင်ကြပါစေ။

Comments are closed.