Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – Panasonic New Model 4K ကင်မရာမိတ်ဆက်ပွဲ ကျင်းပ

 ရန်နောင်(ဗိုလ်တထောင်) –  Panasonic New Model 4K ကင်မရာမိတ်ဆက်ပွဲ ကျင်းပ

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၄

Panasonic  ၏၂၀၁၄ ခုနှစ် New Model 4K ကင်မရာမိတ်ဆက်ပွဲ အခမ်းအနားကို  ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

             ရှေးဦးစွာ Panasonic Camera များအားဖြန့်ဖြူးးရောင်းချနေသော Advanced Vision Co.Ltd မှ ဦးကျော်မျိုးထွန်း မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ Panasonic Asia Pacific Pte .Ltd (Myanmar Branch Office) မှ Chef Representative- Mr. Hizakaku Maeda က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

              ထို့နောက်  Panasonic Singapore မှ တာဝန်ရှိသူ Mr. Lee Kim Fong မှ Panasonic ၏ World First 4K ဗီဒီယို ရိုက်ကူနိုင်သည့် မော်ဒယ်သစ်ကင်မရာများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြသပေးခဲ့ပါသည်။ Panasonic ၏ 4K models များဖြစ်သော DMC- GH4 , DMC -FZ1000 ,- LX100 တို့၏ စွမ်းဆောင်ရည်မြင့်မားပုံ၊ ကျစ်လစ်သေးသွယ်သဖြင့် သယ်ဆောင်ရာတွင် လွယ်ကူပေါ့ပါးပုံတို့ကိုလည်း နှိုင်းယှဉ်ပြသခဲ့ပြီး DMC- GM5 ၏ သေးသွယ်သော်လည်း Professional ကင်မရာများကဲ့သို့ စွမ်းဆောင်နိုင်ပုံများကိုလည်း ရှင်းလင်းပြသခဲ့ပါသည်။

                 မြန်မာနိုင်ငံရှိ သုံးစွဲသူများ အနေဖြင့်  ကမ္ဘာ နှင့် အညီ အခြားနိုင်ငံများကဲ့သို့ အချိန်နှင့်တပြေးညီ တပြိုင်တည်းအသုံးပြုနိုင်စေရန် တပြိုင်တည်းမိတ်ဆက်ခြင်းဖြစ်သည်။ အမြို့မြို့ အနယ်နယ်ရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် လည်းကောင်း၊ စူပါမားကတ်များနှင့် Advanced Vision Showroom များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts