Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

ရန်နောင် (ဗိုလ်တထောင်) – ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
စက်တင်ဘာ ၉၊ ၂၀၁၄

ရသလင်္ကာချိုချို၊ အတွေးဆန်းဆန်း အရေးဆန်းဆန်းများဖြင့် ဖော်ကျူးရေးဖွဲ့ထားသေား ကဗျာများဖြင့် လူငယ်ထု၏ စိတ်နှလုံးသားကို ခေတ်ပေါ်အာရုံခံစားမှုများဖြင့် ခေတ်ပြိုင်ကဗျာအနှစ်သာရများကို တိုးဝင်ဖမ်းစားစေနိုင်ခဲ့သော ကဗျာဆရာတစ်ဦးမှာ ဆရာမောင်ချော နွယ်ပင်ဖြစ်သည်။ ဆရာ့ကို ၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး  ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သဖြင့် ၁၂ နှစ်ပြည့် ကွယ်လွန်ခြင်း အမှတ်တရပွဲကို  ဆရာ့ဇနီးဖြစ်သူ အန်တီဒေါ်မြင့်မြင့်မှ  ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီ ၌ ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။

ဆရာမောင်ချောနွယ် အမှတ်တရပွဲတွင် ဆရာသစ္စာနီနှင့် ဆရာကေဇော် (မန္တလေးသိန်းဇော်)  တို့မှ ဆရာ့အမှတ်တရ စကားပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကဗျာဆရာများက ကဗျာများရွတ်ဖတ်ခြင်းဖြင့် ဆရာ့ကို တမ်းတလွမ်းဆွတ်ခဲ့ကြပါတယ်။

ဆရာ့ဇနီး ဒေါ်မြင့်မြင့်ကလည်း အန်တီတို့ မနက်ပိုင်းမှာ ဘုန်းကြီး ဆွမ်းကပ်ပါတယ်။ ဒါက နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျ ကုသိုလ်ပါ။ ဒီနှစ်တော့ ကဗျာဆရာတွေ ၀ိုင်းဝန်းမှုနဲ့ ဒီပွဲလေးလုပ်ဖြစ်တာပါဟု .. ပွဲလုပ်ဖြစ်ရခြင်းကို ပြောပြခဲ့ပါတယ်။

ဆရာမောင်ချောနွယ် အမှတ်တရပွဲတွင် အခမ်းအနားမှူးအဖြစ် ဆရာမောင်ချောနွယ်က ဆောင်ရွက်ခဲ့ပြီး ဆရာ၏ မြေးဖြစ်သူမှလည်း ဆရာ့ကဗျာအား ရွတ်ဆိုပေးခဲ့သည်ကိုလည်းတွေ့ရှိခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts