ကဗျာ ခင်လွန်း

ခင်လွန်း – ဇာတ်ပျက်သူများ

ခင်လွန်း – ဇာတ်ပျက်သူများ
စက်တင်ဘာ ၆၊ ၂-၁၄

တခါသားမှာ
ဆရာမောင်သာရက
ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲ ..တဲ့
သည်မေးခွန်း
လူကြိုက်များခဲ့။အခု
ကြောင်က
ကြွက်ကိုမခုတ်တော့တဲ့အခါ
ဒါ
သူ့ဘ၀သူ
မေ့သွားတာ…

ကြောင်က
ကြွက်ကိုတောင် ကြောက်သွားပြီဆိုရင်တော့
ကြောင်ဟာ
သီချင်းရေးဆရာ
ကိုလေးလွင်ပြောသလို
ပကာသနဇာတ်ပျက်သမားဖြစ်ပေါ့။

ခင်လွန်း
စက်တင်ဘာ ၁၊ ၂၀၁၄
ည- ၉း ၃၀ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts