စာအုပ်စင်

မိုးချိုသင်းရဲ့ မိုးချိုသင်းမှတ်တမ်း

မိုးချိုသင်းရဲ့ မိုးချိုသင်းမှတ်တမ်း
မိုးမခစာအုပ်စင်၊ စက်တင်ဘာ ၆၊ ၂၀၁၄

စီစဉ်ထုတ်ဝေ – ဆန်းစသော်တာ စာအုပ်တိုက်

မျက်နှာဖုံး – မြင့်မောင်ကျော်

ပထမအကြိမ်၊ ဇွန် ၂၀၁၄၊ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၂၀၀၀။

ထုတ်ဝေသူ – ဦးဝင်းကျော်ထွန်း၊ မုံရွေးစာအုပ်တိုက်၊ ၈၀(ခ) သံလွင်လမ်း၊ ရန်ကုန်။

ကဗျာဆရာကြီး (ဦး) တင်မိုးရဲ့ သမီး၊ ယခင်သင့်ဘ၀အောင်မြင်ရေးမဂ္ဂဇင်း အယ်ဒီတာ၊ စာရေးဆရာမ၊ ဘလော့ဂ်ဂါ၊ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ နေထိုင်သူတဦးကနေ သူရဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း အင်တာနက်ဘလော့ဂ် စာမျက်နှာပေါ်ကနေ ရေးသားထားသမျှထဲက ဆောင်းပါး ၄၂ ပုဒ် ရွေးချယ်ကောက်နှုတ် စုစည်း တင်ဆက်ထားတဲ့ ရန်ကုန်မြို့မှာ ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။

ကဗျာဆရာ တင်မိုးနဲ့အတူတကွ အဝေးရောက်ပြည်ပမှာ နေထိုင်သူ မိသားစုဝင်ဖြစ်တာမို့ ဆရာဦးတင်မိုးနဲ့ စာပေလူမှုဝန်းကျင်အကြောင်း တစိတ်တပိုင်းတွေကို ဖတ်ရမှာဖြစ်သလို၊ ပြည်ပမှာနေထိုင်သူ အနုပညာရှင်တဦးရဲ့ ခံစားချက် အတွေးအမြင်တို့ကိုလည်း ခံစားရမှာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ လောကဓံကို ခါးစီးခံကြရတဲ့ လွတ်လပ်မှုကို ချစ်ခင်သူ စာပေအနုပညာရှင်တွေနဲ့ သူတို့မိသားစုဘ၀တွေမှာ ဘ၀အမော ဆိုတာထက် ဘ၀အလှနဲ့ အသက်ရှင် ဖြတ်သန်းကြပုံ စာအလှ အနုပညာဖြစ်ပါတယ်။

အတ္တ၊ မာန၊ အာဃာတတွေ ဖုံးလွှမ်းနေတဲ့ သာမန်ရိုးကျ လောကီလူသားတွေခင်မျာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကူးခတ်နေရတာနဲ့ ထူသား ပေသားကျနေတာမို့ ဘ၀အလှ၊ စာအလှတွေ၊ ဂရုဏာ၊ မုဒိတာနဲ့ ချစ်ခင်ကြည်နူးစွာ ရယ်မောပျော်ရွှင်ခြင်းဆိုတာ မိုးချိုသင်းမှတ်တမ်းမှာ ပြန်ရှာဖွေတွေ့ရှိနိုင်ကြပါလိမ့်မယ်လို့ ညွှန်းလိုက်ပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts