စာအုပ်စင်

ရဲဘော်မောင်လေး (သို့မဟုတ်) ပြည်သူ့ဘက်ကတော်လှန်ရေးသမား

ရဲဘော်မောင်လေး (သို့မဟုတ်) ပြည်သူ့ဘက်ကတော်လှန်ရေးသမား

မိုးမခစာအုပ်စင်၊ စက်တင်ဘာ ၅၊ ၂၀၁၄

စာရေးသူများ – ရဲဘော်ကြင်မောင်၊ ဘကျော်၊ လရောင်လင်း၊ မောင်ထိန်ဝင်း(မန္တလေး)၊ လပြည့်၊ သန်းထွန်း၊ မော်တူး၊ မော်ဝမ်း၊ မဇင်ချစ်၊ မောင်မျိုး(မန္တလေး)၊ လေးသက်(၀ါးရုံကန်မြေ)၊ ခမ်းဝင်း၊ ထွန်းကြည်မိုး

ဖြန့်ချိသူ – နှင်းဆီနီစာပေ

ပထမအကြိမ်၊ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၁၀၀၀။

ထုတ်ဝေနှစ် – ၂၀၁၄၊ ဧပြီ

ထုတ်ဝေသူ – ဦးချစ်ညွန့်၊ ဇင်ရတနာစော စာပေ၊ အင်းစိန်

ဆက်သွယ်ရန် – ၀၉ – ၄၂၁၀-၁၈၈၅၄

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၄၈၂၈ လို့ အမည်တွင်ထင်ရှားတဲ့ မြေအောက်လှုပ်ရှားမှု အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးမောင်လေးရဲ့ ဖြတ်သန်းမှု ဘ၀နဲ့ နောက်ဆုံးကျဆုံးခဲ့ချိန်ကို မော်ကွန်းမှတ်တမ်းတင်ထားတဲ့ ရဲဘော်များ၊ မိသားစုဝင်များရဲ့ အမှတ်တရ မှတ်တမ်းစာအုပ် ဖြစ်ပါတယ်။ ထောက်လှမ်းရေးက စစ်ကြောရေးမှာ သတ်ဖြတ်လုပ်ကြံခဲ့လို့ ကျဆုံးခဲ့ရပေမယ့် နောက်ဆုံးထွက်သက်အထိ အညံ့မခံသူ ဒေါင်ဒေါင်မြည် မြေအောက်တော်လှန်ရေးသမားတဦးအကြောင်းကို သိရှိကြရမယ့် စာအုပ်ဖြစ်ပါတယ်။ ဖတ်ကြည့်စေချင်လွန်းလို့ အချို့စာမျက်နှာတွေကို စကင်ကူးပေးလိုက်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက်တွေမှာ လက်ဝဲကွန်မြူနစ်၊ လက်ယာဆိုရှယ်နဲ့ စစ်အုပ်စုတို့ရဲ့ အာဏာနိုင်ငံရေးတိုက်ပွဲတွေက ပြင်းထန်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို နှောင်းလူတို့ ပကတိအတိုင်း မြင်သိစေဖို့ ရှုဒေါင့်တခုကို သည်စာအုပ်ကနေ တွေ့ရမှာ ဖြစ်ပါတယ်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရဲဘော်မောင်လေး (သို့မဟုတ်) ပြည်သူ့ဘက်ကတော်လှန်ရေးသမား
  1. ဒီလို တိမ်မြုပ် ပျောက်ကွယ်ခဲ့ရတဲ့ လူတွေအကြောင်းက အာဏာရူးတွေရဲ့ အရူးချီးပန်းအကြောင်းတွေထက် စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပါ၊

Comments are closed.