ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်​လှိုင်​ – ​မေးခွန်း​တွေက ​သေမသွားဘူး

   မင်းညွန့်​လှိုင်​ – ​မေးခွန်း​တွေက ​သေမသွားဘူး

သြဂုတ် ၃၁၊ ၂၀၁၄

ဘုကို သိလား ဘကို သိလား

အထီးမှန်းသိလား အမမှန်း သိလား

ချိုးငှက်​ကိုသိလား သူခိုးနဲ့သားမက်​ကို သိလား

ညီအကိုမှန်း သိလား

နဂါးမှန်း သိလား

နေကသိလား လက သိလား

တိုင်းကသိလား ပြည်​က သိလား

ဗာရာဏသီသိလား ဗြဟ္မဒတ်​ သိလား

လောကဓံသိလား လူ့ငရဲ သိလား

ဗမာစာ​ပေ ဘာလဲ သိလား

ဗမာစာ​ပေ ဘယ်​လဲ သိလား

င​မောက်​ပတ္တမြား ဘယ်​​ရောက်​သွားလဲ သိလား

ဓမ္မ​စေတီ​ခေါင်း​လောင်း ဘယ်​​ပျောက်​သွားလဲ သိလား

စကြာမင်း​လေး ဘယ်​ကြွသွားလဲ သိလာ

စာ​ရေးဆရာမင်း​ဆွေ ဘယ်​ထွက်​သွားလဲ သိလား

ဗိုလ်​ချုပ်​ကို ဘယ်​သူသတ်​လဲ သိလား

ကြောင်​ကို ဘယ်​သူခြူဆွဲမလဲ သိလာ

ကိုယ့်​ဘဝခဏ ဘယ်​သူယူပါ့မယ်​ သိလာ

အချစ်​ကို ဘယ်​လို​ပြောရမယ်​ သိလာ

နောက်​ကွယ်​က လက်​မည်းကြီး သိလာ

နောက်​ကွယ်​က ကြိုးကိုင်​သူကြီး သိလား

ဒေါသထွက်​​နေတဲ့လူအုပ်​ ဘယ်​လို​ပေါ်လာလဲ သိလား

ဓနုဖြူကိုသိလား ဒီပရင်​ဂကို သိလား

ဤခရီးနီးမလား သိလား

မ​ရွှေဖဲဘယ်​က လာသလဲ သိလား

မောင်​​ရေခဲ ဘယ်​သွားမှာလဲ သိလား

ငယ်​နာမည်​​လေး သိလား

သိတာကို သိလား

မသိတာကို သိလား ။            ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts